AD
AD
AD

၂၀၁၇ ဘဏ္ဍာရေးနှစ် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ စမတ်ဖုန်းရောင်းအားဟာ အလုံးရေ သန်း ၁၅၅၀ ကျော် ရှိခဲ့ရာမှာ Essential Phone လို ဈေးကွက်ကို ပထမဆုံးဝင်လာခဲ့တဲ့ အန်းဒရိုက်ဖုန်းကတော့ အခြေအနေမကောင်းခဲ့ပါဘူး။

Father of Android လို့ တင်စားခံရတဲ့ Android စနစ်ကို ပထမဆုံးဖန်တီးခဲ့သူ ၃ ဦးထဲက တစ်ဦးဖြစ်တဲ့ အန်ဒီရူဘင်ဟာ Essential PH-1 နာမည်နဲ့ သူ့ ရဲ့ ပထမဆုံးစမတ်ဖုန်းကို ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ဈေးကွက်ထဲ စတင် တင်ပို့ ရောင်းချခဲ့ပါတယ်။  ဒီဖုန်းကို ဈေးကွက်မှာ အများကြီးမျှော်လင့်ချက် ထားခဲ့ပေမယ့် တကယ်တမ်းဈေးကွက်အရောက်မှာတော့ ဒီဖုန်းရဲ့ ဝယ်လိုအားဟာ အတော်လေးကို စိတ်ဓါတ်ကျစရာ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံတကာ အချက်အလက်ကော်ပိုရေးရှင်း IDC ရဲ့ သုတေသနအရ Essentail စမတ်ဖုန်းဟာ ခြောက်လအတွင်းမှ အလုံးရေ ၈၈၀၀၀ လောက်ပဲ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

IDC သုတေသနညွှန်ကြားရေးမှူး ဖရန်စစ္စကို ဂျာရိုနီမိုရဲ့ Twitter မှာ သူ့ အနေနဲ့ Essential PH-1 ရဲ့ ရောင်းအားကို အလုံးရေ ၈၈၀၀၀ ထက် ပိုမပြောနိုင်ဘူးလို့ ဖော်ပြထားပါတယ်။ ဒါဟာ Essential Phone အနေနဲ့ ဈေးကွက်မှာ အောင်မြင်တဲ့ စမတ်ဖုန်းကုမ္ပဏီအဖြစ် သွားဖို့ လမ်းကြောင်း ဝေးနေတုန်းပဲ ဆိုတာ မြင်သာတဲ့ အချက်အလက်တစ်ခုလည်း ဖြစ်ပါတယ်။ Essential Phone ဟာ လက်ရှိ စမတ်ဖုန်းဈေးကွက်မှာ အဆန်းပြားဆုံး ဒီဇိုင်းနဲ့ ထွက်လာတာ ဖြစ်ပြီး နည်းပညာပိုင်းမှာလည်း ထိပ်တန်းက ဖော်ပြရမယ့် ဖုန်းသစ်တစ်မျိုးဖြစ်ပေမယ့်ျေဈးနှုန်းကြီးမြင့်ခြင်းကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

နောက်ပိုင်းမှာ ဓါတ်ပုံအရည်အသွေး သိပ်မကောင်းတာ ၊ ဆော့ဖ်ဝဲလ်နဲ့ ဖုန်းနဲ့ မကိုက်တာတွေ အပြင် ကြေငြာထားတဲ့အတိုင်း ဈေးကွက်ထဲ အချိန်မီ ရောက်မလာတာတွေကလည်း ဒီဖုန်းကို ဝယ်သူတွေ လက်တွန့် စေခဲ့တဲ့ အဓိက အကြောင်းရင်းဖြစ်လာခဲ့ပါတယ်။ ဒေါ်လာ ၇၀၀ တန် ဒီဖုန်းကို နောက်ပိုင်းမှာ ဒေါ်လာ ၂၀၀ ဈေးချရောင်းချခဲ့သလို software updates တွေလည်း ဆက်တိုက် တင်ပေးခဲ့ပါတယ်။ Essential ဟာ လက်ရှိမှာ camera updates များအပြင် နောက်ဆုံးထွက် Android 8.0 Oreo သစ် တင်ပေးဖို့ ပါ စီစဉ်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD