ပထမဆုံးနဲ့နောက်ဆုံး မော်ဒယ်ဖြစ်ဖို့ရှိပါတယ်။

အလကားထည့်ပေးထားတဲ့ 360 camera ၊ HD နားကြပ် ၊ ကင်မရာကာဗာ တွေကိုက ဒေါ်လာ ၁၀၀ ကျော် တန်ပါတယ်။

[No available link text] 

အန်းဒရိုက်ဖုန်းတွေထဲမှာ အထူးခြားဆုံးနဲ့အဆန်းသစ်ဆုံး ဒီဇိုင်းဆိုတာ ငြင်းမရခဲ့သလို ဈေးကွက်ထဲက iPhone လို ထိပ်တန်း brand အတွက် ပြိုင်ဘက်အဖြစ် မျှော်လင့်ချက်ကြီးခဲ့တဲ့ Essential Phone ဟာ ဆိုးဝါးတဲ့ ရောင်းအားကျဆင်းမှုနဲ့ကြုံတွေ့ခဲ့ပါတယ်။ အစောပိုင်းက ဒေါ်လာ ၇၀၀ ဈေနဲ့ထွက်လာတဲ့ ဒီဖုန်းကို ဆက်တိုက်ဈေးချ ရောင်းလာခဲ့ရာကနေ အခုဆို ၃၉၉ ဒေါ်လာနဲ့ရောင်းချနေတယ်လို့ကြေငြာထားပါတယ်။

ရက်အကန့်အသတ်နဲ့ရောင်းသွားမယ့် ဒီဈေးထဲမှာ ၄၉ ဒေါ်လာစီတန်တဲ့ Essential 360 ကင်မရာ နဲ့HD Earphone ၊ ၉ ဒေါ်လာတန် Essential 360 ကင်မရာကာဗာအိတ်နဲ့၁၂၉ ဒေါ်လာနဲ့အထက် Essential ဖုန်းရဲ့ အပိုဆားဗစ်ဝန်ဆောင်မှုများလည်း ပါဝင်နေပါတယ်။ Android စနစ်ကို စတင် ဖန်တီးခဲ့သူ အန်ဒီရူဘင်ရဲ့ ပထမဆုံး စမတ်ဖုန်းဟာ တိုက်တေနီယံနဲ့ကြွေစပ် ကိုယ်ထည်ဒီဇိုင်းသုံးထားပြီး ကိုယ်ပိုင်ဒီဇိုင်းနဲ့ထွက်လာတဲ့ ဖုန်းပါ။

19:10 screen အချိုး မျက်နှာပြင် ၅.၇၁ လက်မ ဘေးဘောင်မပါသလောက် ပါးတဲ့ QHD display ဟာ အကြမ်းခံနိုင်မှုမြင့်တဲ့ Gorilla Glass 5 အုပ်ထားတာ ဖြစ်ပါတယ်။ ၂၀၁၇ ရဲ့ အမြင့်ဆုံး processor ဖြစ်တဲ့ Snapdragon 835 chipset နဲ့အတူ အမြင့်စား ဂရပ်ဖစ်စနစ် ဖြစ်တဲ့ Adreno 540 GPU တို့ကို သုံးထားပြီး RAM 4GB/128GB storage ပါရှိပြီး ကျောဘက်မှာ ဘာ logo မှ မပါတော့ပါဘူး။

fingerprint scanner ကို ဖုန်းကျောဘက်မှာ ထည့်သွင်းထားပြီး LED flash နဲ့အတူ အလျားလိုက် dual camera စနစ်လည်း ဖုန်းကျောဘက်မှာပဲ ပါရှိပါတယ်။ Essential 360 ကင်မရာ ချိတ်ဖို့အတွက်လည်း ပင်ပေါက် နှစ်ခုကို ကျောဘက်မှာ ထားရှိထားပါတယ်။ ကျောဘက် 13 MP ကင်မရာနှစ်လုံးရဲ့ အရှေ့ မှာ 8MP ကင်မရာများ ပါရှိပြီး AI လုပ်ဆောင်ချက်တွေ မရပေမယ့် 4K အရည်အသွေးမြင့် ကင်မရာစနစ်တွေ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

Photo: Android Police

 

3.5mm headphone jack ဖြုတ်ထားပြီး Type C port ကနေ အမြန်အားသွင်းနိုင်မယ့် 3040 mAh ဘက်ထရီ သုံးထားတဲ့ ဒီဖုန်းဟာ ပြဿနာရှိထားပေမယ့် တစ်ချိန်ချိန်မှာ အရေးပါတဲ့ စမတ်ဖုန်းအဖြစ် မှတ်တမ်းဝင်ဖို့ရှိပါတယ်။

Share

Loading Next Article...
က္က