တက်ဘလက်ဒီဇိုင်းနဲ့လာတာပါ

Messenger ကနေ video call ခေါ်ဆိုနိုင်မယ့် Facebook ရဲ့ စမတ်စပီကာတွေကတော့ ဈေးကွက်ထဲ ရောက်လာပြီ ဖြစ်ပါတယ်။



105491149-1538770218345portal_light_a_lo.530x298.jpg

Photo: VoX

 

စမတ်စပီကာဈေးကွက်ထဲကို နောက်ဆုံးကနေ ပန်းဝင်လာတဲ့ နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Facebook ဟာ Amazon ၊ Google နဲ့Apple တို့ကို ယှဉ်ပြိုင်နိုင်မယ့် Portal နဲ့Portal+ တို့ကို ကြေငြာလိုက်တာပါ။ ဒါဟာ VR headset ဖြစ်တဲ့ Oculus ပြီးရင် Facebook ရဲ့ နောက်ထပ် ထုတ်ကုန်တစ်ခုဆိုလည်း မမှားပါဘူး။

ဗွီဒီယိုဖုန်းခေါ်မယ်ဆိုရင် Hey Portal ဆိုပြီး Messenger ပေါ်က ကိုယ်ခေါ်ချင်တဲ့ လူကို လှမ်းပြီး ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ထူးခြားတာက ဒီစမတ်စပီကာတွေဟာ AR features တွေ သုံးနိုင်အောင်ပါ ထည့်သွင်းထားတာပါ။ ဒီဇိုင်းပိုင်းမှာ Portal တွေဟာ စမတ်စပီကာတစ်ခုထက် စာရင် တက်ဘလက်တစ်ခုလိုမျိုး ဒီဇိုင်းနဲ့ထွက်လာတာ ဖြစ်ပါတယ်။

လေးထောင့်စပ်စပ် ရုပ်ထွက်မြင့် screen တစ်ခုကပါရှိပြီး အသံအကူနည်းပညာသုံးဖို့အတွက် microphone တစ်ခု ပါရှိပါတယ်။ Facebook ဟာ Amazon နဲ့ပြိုင်ဘက်ဆိုပေမယ့် voice assistant နည်းပညာပိုင်းမှာ Amazon ရဲ့ Alexa ကို သုံးထားတာပါ။ Portal ဟာ Facebook ရဲ့ အကောင့်နဲ့ချိတ်ဆက်ထားတာဖြစ်ပြီး Facebook Messenger ပေါ်က သူငယ်ချင်းတွေနဲ့video call ခေါ်နိုင်မှာ ဖြစ်ပါတယ်။

ဗွီဒီယိုကောလ်ခေါ်နေစဉ်မှာ ရုပ်ထွက်ကြည်လင်ပြတ်သားနေစေဖို့အခန်းအနေအထားကို လိုက်ပြီး AI နည်းပညာနဲ့ရုပ်ထွက်အမြင့်စား ရစေမယ့် Smart Camera စနစ် ပါရှိပါတယ်။ ဒီကင်မရာရဲ့ ထူးခြားချက်က လူရဲ့ လှုပ်ရှားမှုပေါ် လိုက်ပြီး သူ့ရဲ့ focus ကို အလိုက်သင့် အတိုး/အလျှော့လုပ်ပြီး ချိန်ညှိနိုင်တာပါ။

ဒီစပီကာတွေမှာ display ပါပေမယ့် Netflix ၊ HBO Now တို့YouTube တို့ကြည့်မရတာတော့ ဆိုးပါတယ်။ Facebook WAtch ပေါ်က ဗွီဒီယိုတွေကိုတော့ ကြည့်နိုင်မှာပါ။ သီချင်းဝန်ဆောင်မှုတွေအနေနဲ့Spotify ၊ Pandora နဲ့Amazon Music တို့သုံးနိုင်မယ်လို့ဆိုပါတယ်။

Photo: ABC

 

Facebook ကတော့ မျက်နှာပြင် ၁၀ လက်မ Portal နဲ့ ၁၅.၆ လက်မ Portal+တို့ကို ၁၉၉ ဒေါ်လာနဲ့၃၄၉ ဒေါ်လာဈေးတွေနဲ့လာမယ့် နိုဝင်ဘာလထဲမှာ ဖြန့်ချိသွားမယ်လို့ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က