်ကာလာ ၃ မျိုးနဲ့ထွက်လာတာပါ

hybrid smartwatch နာရီတွေထဲမှာ ဒီနာရီက ဈေးအနည်းဆုံးနဲ့ဆွဲဆောင်မှု အရှိဆုံး ဖြစ်မှာပါ။

Xiaomi-Mijia-smart-analog-watch.png

photo: GSMArena

 

Xiaomi Mijia Quartz Watch ဟာ ရိုးရှင်းတဲ့ နာရီအိုးဒီဇိုင်း ၊ အကန့်အသတ်ရှိတဲ့ စမတ်လုပ်ဆောင်ချက်တွေနဲ့ထွက်လာတာ ဖြစ်ပါတယ်။ Mijia Quartz Watch ဟာ တစ်ခြားစမတ်နာရီတွေလိုပဲ မီတာ ၃၀ အနက်ထိ ရေစိမ်ခံပါတယ်။ နာရီမှန်ဒီဇိုင်းကတော့ ခပ်ခုံးခုံးဖြစ်ပြီး အတွင်းဒီဇိုင်းကလည်း ရှင်းနေပါတယ်။

၄၀ မီလီမီတာ နာရီအိုးမှာတော့ နာရီလက်တံ ၂ ခုနဲ့သီးသန့်နာရီလက်တံအသေးတစ်ခု ထည့်သွင်းထားပါတယ်။ အောက်မှာ သီးသန့်ပါလာတဲ့ လက်တံအသေးက ခြေလှမ်းရဲ့ အရေအတွက်ကို တိုင်းတာပေးနေမှာပါ။ ဒီနာရီမှာ ကမ္ဘာ့အချိန်နာရီ ပြစနစ်လည်း ပါပြီ အလိုအလျောက် အချိန်ကိုညှိပေးနေမယ်လို့ဆိုပါတယ်။

ဒီနာရီမှာ ဖုန်းခေါ်တာ ၊ alarm တက်တာတွေ ပြသပေးနိုင်ပြီး hybrid ဖြစ်လို့smart feature တော့ စုံမှာ မဟုတ်ပါဘူး။ ဒီတော့ fitness data တွေကို ကြည့်ချင်တယ်ဆိုရင် ဖုန်းထဲမှာ ပါတဲ့ apps ကနေပဲ ကြည့်လို့ရမှာ ဖြစ်ပါတယ်။ သုံးထားတဲ့ ဘက်ထရီကလည်း CR2430 ဘက်ထရီ ဖြစ်လို့ခဏခဏ အားသွင်းစရာမလိုဘဲ အကြာကြီး အသုံးခံနေမှာပါ။

Mijia Quartz ဟာ အဖြူ ၊ အနက် နဲ့မီးခိုးရောင် ကာလာ ၃ မျိုးနဲ့ထွက်ထားပါတယ်။ အနက်ရောင်မော်ဒယ်ကတော့ တိုက်ရိုက်နေရောင် အောက်မှာ screen ကို ထင်ထင်ရှားရှားမြင်နိုင်အောင် CD pattern ထည့်သွင်းထားပါတယ်။

photo: GSMArena

 

တရုတ်ဈေးကွက်မှာ လာမယ့် ဇူလိုင် ၁၇ ရက်နေ့ကစပြီး ရောင်းချသွားမှာပါ။ ၃၄၉ ယွမ် (မြန်မာငွေ ၇ သောင်းခွဲ) ကလည်း စိတ်ဝင်စားစရာပါ။

Share

Loading Next Article...
က္က