AD
AD
AD

Meizu ဟာ ဒီနှစ် ဇွန်လလောက်မှာ Meizu E3 ကို ကြေငြာသွားဖို့ ရှိပြီး လောလောဆယ် တရုတ်လူမှုကွန်ရက် Weibo ပေါ် တက်လာတဲ့ ပုံတွေအရ ဒီဖုန်းဟာ iPhone X ကျောဘက်ကင်မရာဒီဇိုင်းမျိုး သုံးထားတယ်လို့ တွေ့ နေရပါတယ်။

play

 

Meizu E2 ကို ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဒီဖုန်းကတော့ ရိုးရိုး single ကင်မရာစနစ်နဲ့ ပဲ ထွက်လာခဲ့တာပါ။ ရှေ့ မှာ home button သုံးခဲ့ပြီး fingerprint စနစ်ကိုလည်း home ခလုတ်ထဲမှာပဲ ထည့်သွင်းခဲ့တာပါ။ Meizu E3 မှာတော့ ခေတ်ပေါ် စမတ်ဖုန်းကိုယ်ထည်အချိုးဖြစ်တဲ့ 18:9 aspect ratio သုံးထားလို့ ခပ်ရှည်ရှည်ဒီဇိုင်းနဲ့ ထွက်လာဖို့ ရှိနေပါတယ်။ ဒီဖုန်းမှာတော့ home button မပါတော့သလို fingerprint ကိုလည်း Meizu M6s လိုမျိုး ဘေးမှာ ခလုတ်သက်သက်နဲ့  ထည့်သွင်းသွားဖို့ ရှိပါတယ်။

play

 

အားသွင်းပေါက်ကိုတော့ USB Type C သုံးထားပြီး 3.5mm နားကြပ်ပေါက် ပါလာတယ်လို့ ပုံတွေမှာ ဖော်ပြထားပါတယ်။ Meizu E3 ကတော့ ကျောဘက်မှာ dual camera setup သုံးထားတဲ့ ဖုန်းဖြစ်ဖို့ ရှိပြီး ကင်မရာဒီဇိုင်းကတော့ iPhone X အတိုင်းပါပဲ။ ဒီဖုန်းရဲ့ မျက်နှာပြင် အရွယ်အစား ၊ သုံးသွားမယ့် processor နဲ့ ကင်မရာစနစ်အကြောင်းတော့ မသိရသေးပါဘူး။

play

 

Meizu E3 ကို ဘယ်ဈေးနဲ့ ရောင်းသွားမလဲ ဘယ်နေ့ ရောင်းသွားမလဲ ဆိုတာကလည်း ကောလာဟလအနေနဲ့ ပဲ ရှိနေပါတယ်။ ဈေးနှုန်းကိုတော့ ခန့် မှန်းခြေ ယွမ် ၂၀၀၀ (မြန်မာငွေ ၄ သိန်းခန့် ) နဲ့ လာမယ့် ဇွန်လထဲ ရောင်းချသွားမယ်လို့ ယူဆရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD