အကုန်လုံးတော့ မဟုတ်ပါဘူး

Samsung ဖုန်းတွေအတွက် သီးသန့်ဂိမ်းအနေနဲ့အစောဆုံး မိတ်ဆက်ခဲ့တဲ့ Fortnite ရဲ့ အန်းဒရိုက်ဗားရှင်းကတော့ အခုဆို ဖုန်းတိုင်းဆီ ရောက်လာပြီ ဖြစ်ပါတယ်။



[No available link text] 

PUBG အတွက် ပြိုင်ဘက်ကောင်းဖြစ်လာတဲ့ Fortnite ဟာ ပြီးခဲ့တဲ့ တစ်ပတ်အထိ iPhone ၊ iPad ၊ Nintendo Switch ၊ Xbox တို့အတွက်ပဲ ဖြန့်ချိထားတဲ့ ဂိမ်းဖြစ်ပြီး Galaxy Note 9 နဲ့အတူ Samsung Galaxy series တွေမှာ ပထမဆုံး အန်းဒရိုက်ဗားရှင်းအဖြစ် ဆော့ခွင့် ရခဲ့တာပါ။ အခုချိန်မှာ Fortnite ဆော့လို့ရမယ့် အန်းဒရိုက်ဖုန်းစာရင်းထဲက ဖုန်းတွေအကုန် ဆော့လို့ရပြီဆိုပေမယ့် ချွင်းချက်ကတော့ ရှိနေပါတယ်။

Galaxy ဖုန်းတွေမှာ Fortnite ကို ဖြန့်ချိတုန်းကလည်း Galaxy Apps Store ကနေ ဖြန့်ခဲ့တာ ဖြစ်ပြီး Google Paly Store ပေါ်တော့ ရောက်မလာသေးပါဘူး။ တကယ်လို့အန်းဒရိုက်ဗားရှင်းအနေနဲ့တစ်ခြားဖုန်းတွေဟာ ဒီဂိမ်းကို install လုပ်ချင်တယ်ဆိုရင်တော့ Epic Games ဝက်ဘ်ဆိုက်ထဲကနေ တိုက်ရိုက်ဆွဲနိုင်မှာပါ။ ဒါကလည်း Epic Games မှာ တရားဝင် invite လုပ်ခံရမှ ဂိမ်းကို ကိုယ့်ဖုန်းမှာ ထည့်ဆော့နိုင်မှာပါ။

ဒါကလည်း beta ဗားရှင်းပဲ ရှိသေးလို့ပလေယာအရေအတွက်ကို ကန့်သတ်ရတာ ဖြစ်ပါတယ်။ Epic Games ဟာ Android beta ဆော့ခွင့်ရဖို့sign up လုပ်ထားရမှာ ဖြစ်ပြီး ဒီလူတွေဆီကို Fortnite ကို ဘယ်လို install သွင်းရမလဲဆိုတဲ့ ညွန်ကြားချက်တွေ ပါဝင်တဲ့ အီးမေးလ်တစ်စောင် ပို့ပေးသွားမှာပါ။ ဒီနောက်မှာ ဂိမ်းကို ဝင်ကစားလို့ရပြီဆိုရင် အကြောင်းကြားမယ့် မေးလ်သက်သက် ရောက်လာမှာ ဖြစ်ပါတယ်။

Fortnite ကို iPhone/ ipad စတဲ့ iOS ထုတ်ကုန်တွေမှာ ဧပြီလကစပြီး ဖြန့်ချိခဲ့တာပါ။ ဂိမ်းဈေးကွက်ထဲ ရောက်နေတာ ၁ နှစ်ကျော်ပဲ ကြာသေးတဲ့ ဒီဂိမ်းဟာ အခုဆို ပလက်ဖောင်းအသီးသီးမှာ ပလေယာပေါင်း ၁၂၅ သန်း ကျော် ရှိထားသလို နောက်နှစ်ထဲမှာ ဒေါ်လာ ၁၀၀ ဆုကြေးပေးမယ့် eSport World Cup ပြိုင်ပွဲကြီးပါ ကျင်းပပေးသွားမယ်လို့ဆိုပါတယ်။

Photo: Epic Games

 

Epic ဟာ Fortnite အန်းဒရိုက်ဗားရှင်းကို ဖုန်းအမျိုးအစား ၄၀ ခန့်မှ ဖြန့်ချိသွားမှာ ဖြစ်ပြီး ဒီထဲမှာ RAM/Processor အနိမ့်အမြင့် ဖုန်းအစုံ ပါဝင်နေပါတယ်။ မကြာခင်မှာတော့ Fortnite ရဲ့ ဘီတာဗားရှင်းကို တစ်ခြားဖုန်းတွေမှာပါ ကစားနိုင်အောင် တိုးချဲ့သွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က