mid-range ဈေးနဲ့ပဲ ထွက်လာဖို့ရှိပါတယ်

Samsung ဖုန်းတွေထဲမှာ ပထမဆုံး triple lens သုံးတဲ့ ဖုန်းကတော့ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။



Galaxy-A7_Blue_Single_1P.jpg

Photo: Slash Gear

 

၂၀၁၈ ဗားရှင်း Galaxy A7 ဟာ mid-range ဖုန်းတွေထဲမှာ ပထမဆုံး ကျောဘက် ကင်မရာ ၃ လုံး သုံးလာတဲ့ ဖုန်းလို့ဆိုရမှာပါ။ ဈေးကွက်ထဲကို လာမယ့် အောက်တိုဘာလထဲမှ ရောက်လာမယ့် ဒီဖုန်းဟာ notch မပါတဲ့ ၆ လက်မအရွယ် Super AMOLED display သုံးထားပါတယ်။

processor ရဲ့ နာမည်ကိုတော့ မသိရသေးပေမယ့် 2.2GHz octa-core CPU ဖြစ်ပြီး RAM/storage ဗားရှင်း ၃ မျိုး ပါရှိမှာပါ။ အနိမ့်ဆုံးဗားရှင်းမှာ RAMm 4GB/64GB ပါရှိပြီး ကျန်မော်ဒယ် ၂ ခုကတော့ 4GB/128GB နဲ့6GB/128GB တို့ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့အကောင်းဆုံး အပိုင်းက ကျောဘက် triple lens စနစ်ပါပဲ။ 24MP ပင်မကင်မရာဟာ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ဖမ်းယူနိုင်တဲ့ ultra-wide 8MP နဲ့5MP depth sensor တို့နဲ့တွဲဖက်ထားပါတယ်။ zoom စနစ်အကြောင်း မသိရသေးပေမယ့် သုံးလုံးတွဲ ကင်မရာစနစ်ကြောင့် bokeh effects တွေကို portrait mode အလန်းစားနဲ့ရိုက်နိုင်တော့မှာပါ။

ဒီဖုန်းဟာ Galaxy Note 9 အတိုင်း မြင်ကွင်းကို အလိုအလျောက် သိပြီး ကင်မရာ settings ကို ချိန်ညှိနိုင်တဲ့ Scene Optimizer နည်းပညာ ပါရှိမယ်လို့ဆိုပါတယ်။ ရှေ့ဘက်မှာ LED flash နဲ့အတူ bokeh-effects ပုံများ ၊ AR Emojis များ ဖန်တီးနိုင်မယ့် 24MP ဆယ်ဖီကင်မရာ သုံးထားပါတယ်။

fingerprint scanner ကတော့ Galaxy J4+ နဲ့J6+ တို့မှာ စတင် သုံးခဲ့သလို ကိုယ်ထည်ဘေးမှာ ခလုတ်နဲ့လာပြီး Dolby Atmos အသံစနစ်များ ၊ Bixby အသံအကူစနစ်များ နဲ့Samsung Pay စနစ်များ သုံးနိုင်မှာပါ။ ဥရောပနဲ့အာရှဈေးကွက်မှာ အနက် ၊ အပြာ ၊ ရွှေနဲ့ပန်းရောင် ကာလာ ၄ မျိုးနဲ့မိတ်ဆက်သွားမှာဖြစ်ပြီး ဈေးနှုန်းမသိရသေးပါဘူး။

Photo: GSMArena

 

Samsung ဟာ လာမယ့် အောက်တိုဘာ ၁၁ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်လို့ဒီပွဲမှာ Galaxy A7 (2018) မော်ဒယ်ရဲ့ ဈေးနှုန်းနဲ့အခြား စိတ်ဝင်စားစရာ အချက်များပါ ကြေငြာသွားဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က