အောက်တိုဘာ ၁၁ ရက်နေ့မိတ်ဆက်မယ်လို့သတင်းထွက်နေပါတယ်။

Samsung ကတော့ multiple lens ပါတဲ့ ဖုန်းတွေကို ဆက်တိုက်ထုတ်သွားဖို့ရှိနေပါတယ်။ တကယ်လည်း ကျောဘက် ကင်မရာ ၃ လုံးပါတဲ့ ဖုန်းကို မိတ်ဆက်ထားတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။



r9CyEx6GfoGvyhDYrcPFgS-650-80.jpg

Photo: GSMArena

 

လာမယ့် အောက်တိုဘာ ၁၁ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Galaxy A9 Star Pro ကတော့ ဖုန်းတွေထဲမှာ ပထမဆုံး ကျောဘက် ကင်မရာ ၄ လုံးသုံးတဲ့ ဖုန်းဖြစ်မှာပါ။ ဒီဖုန်းရဲ့ အထင်ရှားဆုံး အပြောင်းအလဲ နှစ်ခုက screen အကြီးစားနဲ့zooming lens နှစ်ခုပါဝင်တဲ့ ထောင်လိုက် quad-cameras စနစ် ဖြစ်ပါတယ်။

မျက်နှာပြင်ကြီးတယ်လို့ဆိုရာမှာ Galaxy A-series အနေနဲ့အကြီးဆုံးလို့ဆိုနိုင်တဲ့ မျက်နှာပြင် ၆.၂၈ လက်မ Super AMOLED display ကို သုံးသွားမယ်လို့သတင်းထွက်နေတာပါ။ Galaxy S8 စတိုင် Infinity display ဒီဇိုင်းနဲ့ပဲ လာပြီး ကျောဘက်မှာ fingerprint scanner ကို ဆက်သုံးထားတာ တွေ့ရပါတယ်။ ဒီ render ဒီဇိုင်းကို AllAboutSamsung ဘလော့မှာ တင်ထားတာ ဖြစ်ပါတယ်။

ဒီဇိုင်းအရ ကျောဘက်မှာ 24MP ပင်မကင်မရာ ၊ ၁၂၀ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP wide-angle ကင်မရာ ၊ 10MP တယ်လီနဲ့နောက်ထပ် 5MP တယ်လီမှန်ဘီလူး ၂ ခု ပါရှိမှာပါ။ Samsung ကလည်း Galaxy A9 Star Pro ကြေငြာမှာပဲ 4x fun လို့ကြေငြာထားလို့4x optical zoom စနစ်ကို ကမ္ဘာပေါ်မှာ ပထမဆုံး သုံးသွားမယ်လို့ယူဆနေကြပါတယ်။ Huawei ဟာ P20 Pro နဲ့အတူ 3x zoom စနစ်ကို ကြေငြာနိုင်ခဲ့တာပါ။

Samsung ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ ကျောဘက် ကင်မရာ ၃ လုံးသုံးထားတဲ့ Galaxy A7 ကို မိတ်ဆက်ပြသခဲ့ပါတယ်။ ၂၀၁၈ မော်ဒယ် Galaxy A7 မှာလည်း  24MP ပင်မကင်မရာ ၊ ၁၂၀ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP wide-angle ကင်မရာ နဲ့5MP တယ်လီကင်မရာစနစ်များ ပါရှိထားပါတယ်။ လက်ရှိအချိန်ထိတော့ Galaxy A7 (2018) ရဲ့ ဈေးနှုန်း မသိရသေးပါဘူး။

Photo: Maxabout News

 

တစ်ခြားအချက်အလက်တွေအရတော့ Galaxy A9 Star Pro ဟာ သိပ်ဆွဲဆောင်မှု မပါပါဘူး။ mid-range chipset ဖြစ်တဲ့ Snapdragon 660 processor နဲ့fast charging မပါတဲ့ 3720 mAh ဘက်ထရီများကို သုံးသွားမယ်လို့သတင်းထွက်နေပါတယ်။ ဒီသတင်းမှန်မမှန်ကိုတော့ အောက်တိုဘာ ၁၁ ရက်နေ့ကို စောင့်မျှော်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က