Play Store မှာ မဖြန့်ဘူးလို့ဆိုပါတယ်။

အန်းဒရိုက်ဖုန်းသမားတွေ Fortnite ကစားနိုင်ဖို့က ဒီနှစ်အတွက်တော့ ဖြစ်နိုင်ခြေနည်းသထက် နည်းလာပါတယ်။

Screenshot_2018-04-02-23-16-34.png

Photo: SPZ Mobile

 

Epic Games က ထုတ်တဲ့ Fotnite နဲ့ပတ်သတ်ပြီး ပထမဆုံး ကြားသိရတဲ့ သတင်းက ဒီဂိမ်းကို Google Play Store ပေါ်ကနေ ဖြန့်မှာ မဟုတ်ဘူးဆိုတဲ့ သတင်းပါပဲ။ ကုမ္ပဏီရဲ့ CEO တင်မ်ဆီနေးကတော့ Epic Games ဝက်ဘ်ဆိုက်ကနေပဲ ဖြန့်သွားမယ်လို့ပြောထားတာပါ။ ဒီတော့ အန်းဒရိုက်ဗားရှင်းနဲ့ဆော့ဖို့အခွင့်အရေးက အတော့်ကို ရှားသွားပါတယ်။

တကယ်လို့အန်းဒရိုုက်ဖုန်းတွေမှာ Fortnite ကို ကစားနိုင်မယ်ဆိုရင် အဲဒါဟာ Samsung Galaxy Note 9 ဖြစ်ဖို့များပါတယ်။ အစောပိုင်းက Galaxy Note 9 မှာ တစ်လ (ရက် ၃၀) ဖြန့်ပြီးမှ တစ်ခြား အန်းဒရိုက်ဗားရှင်းတွေဆီမှာ ဆော့လို့ရမယ် ဆိုပြီး သတင်းထွက်ခဲ့တာပါ။ အခုတော့ Galaxy Note 9 မှာ ၄ လ (ရက် ၁၂၀) အထိ ဆော့ပြီးမှ တစ်ခြား ဖုန်းတွေအတွက် ဆော့လို့ရမယ်လို့XDA Developers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ပထမ သတ်မှတ်ထားတဲ့ ရက် ၃၀ အပြင် နောက်ထပ် ရက် ၆၀ ကနေ ၉၀ အထိမှာလည်း Samsung ဖုန်းတွေပဲ Fortnite ဆော့လို့ရတော့မှာပါ။ ဒီအတွက် Samsung Galaxy Series တွေ အကုန် Fortnite ကို ကစားနိုင်ပြီဆိုမှ Google Pixel ၊ LG ၊ Huawei နဲ့Motorola စတဲ့ အန်းဒရိုက်ဗားရှင်း ဖုန်းအမျိုးအစားပေါင်း ၄၀ နီးပါးမှာ ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

Fortnite ကို အန်းဒရိုက်ဗားရှင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ဆော့နိုင်ဖို့အတွက် ၄ လလောက် အချိန်ယူရမှာ ဖြစ်လို့အနည်းဆုံး ဒီဇင်ဘာလကုန်ပိုင်းလောက် ရောက်မှ Samsung မဟုတ်တဲ့ Android ဖုန်းတွေအနေနဲ့မျှော်လင့်ချက် ထားလို့ရတော့မှာပါ။ Galaxy Note 9 မှာ Samsung Game Launcher ကနေ ဂိမ်းတွေ ယူနိုင်မယ်လို့ဆိုပါတယ်။

Photo: BGR India

 

သြဂုတ်လ ၉ ရက်နေ့ မှာ မိတ်ဆက်သွားမယ့် Galaxy Note 9 ကတော့ Fortnite ကို ဆော့ချင်လို့လက်ယားနေတဲ့ အန်းဒရိုက်ဂိမ်းသမားတွေအတွက် စိတ်ဝင်စားစရာ ဖြစ်မှာပါ။

Share

Loading Next Article...
က္က