512GB storage အတွက်ဆို နောက်ထပ် ဒေါ်လာ ၁၀၀၀ ပေးရမှာပါ

Galaxy Note 9 ဟာ Samsung ဖုန်းတွေထဲမှာ ဈေးအကြီးဆုံးဖုန်းဆိုပေမယ့် Caviar ကနေ ပြန်ထုတ်လိုက်တဲ့ Fine Gold edition ကတော့ သမိုင်းတစ်လျှောက်ဈေးအကြီးဆုံး ဖုန်းစာရင်းမှာ ထည့်သွင်းရတော့မှာပါ။

arkasinda-tam-1-kg-altin-tasiyan-samsung-galaxy-note-9-5.jpg

Photo: Log

 

ရုရှား luxury စမတ်ဖုန်းကုမ္ပဏီ Caviar ဟာ မကြာသေးခင်က မိတ်ဆက်သွားတဲ့ Samsung Galaxy Note 9 ကို ကျောဘက်မှာ ရွှေစင် ၁ ကီလိုဂရမ်ပါတဲ့ Fine Golde Edition အဖြစ် ဒီဇိုင်းပြန်ထုတ်လိုက်ပါတယ်။ Caviar ရဲ့ အစဉ်အလာအတိုင်း Fine Gold မော်ဒယ်ဟာ အတွင်းအစိတ်အပိုင်းတွေကိုတော့ မူရင်း Galaxy Note 9 နဲ့အတူတူပဲ ဖြစ်ပါတယ်။

ကျောဘက်မှာ အသားတင်အလေးချိန် ၁၀၀၀ ဂရမ်နဲ့Caviar ရဲ့ လိုဂို ထည့်သွင်းထားပါတယ်။ Samsung Galaxy Note ဖုန်းတွေထဲမှာ မျက်နှာပြင်နဲ့ဘက်ထရီအကြီးဆုံး ဖုန်းဖြစ်တဲ့ ဒီဖုန်းဟာ RAM နဲ့storage ကို အမြင့်ဆုံးပမာဏဖြစ်တဲ့ 8GB/512GB အထိ သုံးလာပါတယ်။ ရိုးရိုးမော်ဒယ်မှာတော့ RAM 6GB/128GB storage ပါရှိပါတယ်။

နောက်ထပ်ထူးခြားတာက S Pen ဖြစ်ပြီး ပေ ၃၀ ကျော် အကွာအဝေးကနေ ဖုန်းနဲ့ဆက်သွယ်နိုင်တဲ့ Bluetooth စနစ် ပါလာတာက ဒီဖုန်းရဲ့ ဆွဲဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။Bixby 2.0 အသံအကူနည်းပညာသစ်နဲ့အတူ 4000 mAh အကြီးစား ဘက်ထရီသုံးလာပြီး ကျောဘက် fingerprint ဒီဇိုင်းကို Galaxy S9/S9+ အတိုင်း ကင်မရာတွေရဲ့ အောက်ဘက်ကို ရွှေ့ထားပါတယ်။

Caviar ဟာ Fine Gold နဲ့ယှဉ်ရင် ဈေးသိပ်နည်းတဲ့ ပေါင် ၃၀၀၀ တန် (မြန်မာငွေ ၅၂ သိန်းခန့်) Galaxy Note 9 မော်ဒယ်လည်း ရောင်းချထားပါတယ်။ ဒီမော်ဒယ်မှာတော့ မိချောင်းသားရေ ကွပ်ထားပြီး ရွှေနဲ့လုပ်ထားတဲ့ ရုရှားလိုဂိုပါဝင်ပါတယ်။ Fine Gold မော်ဒယ် 128GB ဗားရှင်း Galaxy Note 9 ကတော့ ရုရှားရူဘယ်လ် ၃၈၇ သန်း ( မြန်မာငွေ ၉၁၆ သိန်းကျော်) ဈေးနဲ့ရောင်းချနေတာပါ။

Photo: GSMArena

 

တကယ်လို့512GB ဗားရှင်း Fine Gold မော်ဒယ်ကို ဝယ်မယ်ဆိုရင်တော့ နောက်ထပ် ဒေါ်လာ ၁၀၀၀ (မြန်မာငွေ ၁၅ သိန်းခန့်) ထပ်ပေးရမှာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က