3D မျက်နှာပြင်ဖတ်စနစ်လည်း ပါလာဖို့ရှိပါတယ်။

Galaxy Note 7 ကစပြီး iris scanner သုံးလာတဲ့ Samsung ဟာ လာမယ့်နှစ် flagship စီးရီးတွေမှာ ဒီနည်းပညာကို ဆက်သုံးသွားဖို့မရှိတော့ပါဘူး။ မှန်ပြင်ပြည့် စမတ်ဖုန်းခေတ်ကို ဦးတည်လာနေချိန်မှာ Samsung ဟာ Galaxy S10 ကစပြီး မှန်ပြင်အောက် လက်ဗွေလုံခြုံရေးစနစ်ကို လက်ဆင့်ကမ်း သုံးသွားမယ်လို့သတင်းထွက်နေပါတယ်။

 

ကိုရီးယားသတင်းဌာန The Bell ရဲ့ အဆိုအရ Samsung Galaxy S10 ဟာ Vivo NEX စတိုင် under-display fingerprint scanner နဲ့ မျက်နှာပြင်ဖတ်နည်းပညာများ သုံးသွားမယ်လို့ဖော်ပြထားပါတယ်။ ဒီ feature တွေကို တရုတ်စမတ်ဖုန်း ကုမ္ပဏီတွေ ဖြစ်တဲ့ Vivo ၊ Huawei နဲ့ Xiaomi တို့ရဲ့ flagship မော်ဒယ်သစ်များမှာ သုံးခဲ့ပြီးနောက် ဆန်းသစ်တဲ့ နည်းပညာအဖြစ် ဈေးကွက်က လက်ခံထားကြတာပါ။ Samsung ဟာ biometric နည်းပညာအနေနဲ့ရိုးရိုး fingerprint scanner နဲ့iris scanner တို့ကို သုံးခဲ့ရာကနေ in-display fingerprint scanner နဲ့မျက်နှာပြင်ဖတ်နည်းပညာကို ပြောင်းသုံးမယ်ဆိုရင်တော့ အတော်လေးကို စိတ်ဝင်စားစရာ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Galaxy S10 မှာ ထူးခြားတာကတော့ 3D မျက်နှာပြင်ဖတ်စနစ်ပါတဲ့ ရှေ့ကင်မရာတွေကို သုံးသွားဖို့ရှိပြီး ဒီနည်းပညာအတွက် Samsung ဟာ အစ္စရေးအခြေစိုက် စမတ်လုံခြုံရေးနည်းပညာလုပ်ငန်းတစ်ခု ဖြစ်တဲ့ Mantis Vision နဲ့ပူးပေါင်း အကောင်အထည်ဖော်သွားမှာပါ။ Galaxy S10 မှာ ပါမယ့် 3D မျက်နှာပြင်ဖတ်စနစ်ဟာ Galaxy S9/S9 Plus  တို့မှာ သုံးသွားခဲ့တဲ့ Intelligent Scan နည်းပညာသစ်ကိုလည်း ပိုပြီး အဆင့်မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ Intelligent Scan ဟာ Samsung ရဲ့ လုံခြုံရေးမြင့်မားတဲ့ Iris scanner နဲ့လုံခြုံမှုပိုင်းမှာ ပြဿနာရှိထားပြီး သုံးရလွယ်ကူတဲ့ မျက်နှာပြင်ဖတ် unlock နည်းပညာနဲ့ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ Intelligent Scan မှာ မျက်နှာပြင်ကိုရော မျက်စိကိုပါ ပေါင်းပြီး စကင်ဖတ်သွားတာပါ။

concept design

 

နောက်ပိုင်းထွက် တရုတ်စမတ်ဖုန်းကုမ္ပဏီတော်တော်များများဟာ နည်းပညာနဲ့ဒီဇိုင်းပိုင်း ဆန်းသစ်မှု ရှိတဲ့ စမတ်ဖုန်းသစ်များကို ထုတ်လုပ်လာပြီ ဖြစ်လို့ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီး ဖြစ်တဲ့ Samsung အနေနဲ့ပိုပြီး ထူးခြားတဲ့ flagship တွေကို မိတ်ဆက်ဖို့လိုအပ်လာနေပါတယ်။ လာမယ့် ၂၀၁၉ နှစ်ဆန်းပိုင်း ထွက်လာမယ့် Galaxy S10 ဟာ ဘယ်လောက် ထူးခြားမယ့် ဖုန်းဖြစ်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Share

Loading Next Article...
က္က