Samsung Electronics ဟာ လာမယ့် ဧပြီလလယ်လောက်မှာ Samsung Galaxy S8 ကို ဖြန့် ချိသွားတော့မယ်လို့ The Investor ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ သတင်းအရ Galaxy S8 ဟာ လာမယ့် ဧပြီလ ၁၈ ရက် အင်္ဂါနေ့ မှာ ထွက်ရှိမယ်လို့ အတိအကျဆိုထားပါတယ်။ Samsung Electronics မှ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ချိုဆောင်ဟီးကတော့ Galaxy S8 ထွက်မယ့် ရက်စွဲနဲ့ ပတ်သတ်လို့ အတည်ပြုချက် မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။
အရင့်အရင် Galaxy S5 နဲ့ S6 တို့ လည်း ဒီအချိန်ပဲ ထွက်ခဲ့တာကြောင့် ဧပြီလမှာ ထွက်ရှိမယ်လို့ ခန့် မှန်းထားတာပါ။ Galaxy S7 ကတော့ ပုံမှန်ထွက်ရှိတဲ့ အချိန်ကာလထက် စောပြီး၂၀၁၆ မတ်လထဲမှာ ထွက်ခဲ့ပါတယ်။ Galaxy S8 မှာ အချိန်တစ်လလောက် ပိုရလာတာ ဖြစ်လို့ ဒီဖုန်းရဲ့ အရည်အသွေးလုံခြုံမှု စစ်ဆေးရာမှာ အထောက်အကူ ဖြစ်စေမှာ ဖြစ်သလို Galaxy Note 7 လို ပြဿနာရှိမလာအောင် အာရုံစိုက်ချိန်ရမှာ ဖြစ်ပါတယ်။
လက်တလော သတင်းများအရ Galaxy S8 ဟာလည်း iPhone 7 လိုမျိုး 3.5mm နားကြပ်ပေါက် ဖြုတ်သွားဖို့ ရှိတယ်လို့  သိရပါတယ်။
Source: The Investor