AD
AD
AD

ဒီလထဲမှာ Samsung ရဲ့ နာမည်ကြီး flagship စီးရီးဖြစ်တဲ့ Galaxy S9 နဲ့ S9+ တို့ ကို မိတ်ဆက်သွားမှာပါ။ စပိန်နိုင်ငံ ဘာစီလိုနာမြို့ မှာ ကျင်းပသွားမယ့် MWC ပွဲမတိုင်ခင် အွန်လိုင်းမှာတော့ ဒီဖုန်းတွေအကြောင်း အတော်လေးကို ပျံ့နှံ့ နေပါပြီ။

တစ်နေ့ ကပဲ နာမည်ကြီး စမတ်ဖုန်းသတင်းလိုက်သူ အီဗန်ဘလတ်စ် က သူ့ ရဲ့ Twitter မှာ Lilac Purple ကာလာနဲ့ Galaxy S9/S9+ တို့ ကို တင်ခဲ့ပါတယ်။ အခုချိန်မှာတော့ Coral Blue ကာလာနဲ့ Galaxy S9+ ကိုပါ လိုင်းပေါ်မှာ မြင်ရပြန်ပြီ ဖြစ်ပါတယ်။ အီဗန်ဘလတ်စ်ကတော့ Galaxy S9 နဲ့ S9+ တို့ ဟာ Lilac Purple ၊ Midnight Black ၊ Titanium Gray နဲ့ Coral Blue ကာလာ ၄ မျိုးနဲ့ ထွက်လာမယ်လို့ ဆိုထားပါတယ်။ အွန်လုင်းမှာတော့ Coral Blue ကို သုံးထားတာက Galaxy S9+ပုံဖြစ်နေတာကြောင့် ဒီကာလာကို အမြင့်စားဗားရှင်းမှာပဲ သုံးသွားမလား မသိရသေးပါဘူး။

play

 

ဖေဖော်ဝါရီ ၂၅ ရက်နေ့ မိတ်ဆက်သွားမယ်ဆိုတဲ့ Galaxy S9 စီးရီးဟာ Samsung ရဲ့ Galaxy S စီးရီးများထဲမှာ ပထမဆုံး ကျောဘက် ကင်မရာနှစ်လုံးတွဲ စနစ်သုံးသွားမယ့် ဖုန်းတွေ ဖြစ်မယ်လို့ ဆိုပါတယ်။ တစ်ခုရှိတာက ရိုးရိုး Galaxy S9 ကတော့ ပုံမှန်အတိုင်း ကျောဘက်မှာ Single ကင်မရာစနစ် သုံးသွားဖို့ ရှိပြီး Galaxy S9+ ကိုသာ dual camera setup သုံးမယ်လို့ လည်း ယူဆရပါတယ်။ ကင်မရာစနစ် မြှင့်ထားတယ်ဆိုပြီး ဖိတ်စာမှာ တရားဝင် ကြေငြာထားတဲ့ ဖုန်းတွေ ဖြစ်လို့ ဒီဖုန်းတွေရဲ့ key feature ကလည်း ကင်မရာပဲ ဖြစ်မှာပါ။ အရင် Galaxy S8 မှာ သုံးစွဲသူများ စောဒကတက်ခဲ့တဲ့ fingerprint ဒီဇိုင်းလည်း ဒီဖုန်းတွေမှာ နေရာပြောင်းသွားပါပြီ။

Galaxy S9 စီးရီးသစ်မှာ နောက်ထပ် အဆင့်မြှင့်တင်သွားမှာက iris scanner ပါ။ မျက်လုံးကို ဖုန်းလော့ခတ်ရာမှာ စိတ်ချရတဲ့ နည်းပညာအဖြစ် အဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ Apple ရဲ့ iPhone X လို မျက်နှာပြင်ဖတ်နည်းပညာကိုတော့ Galaxy S9 တွေမှာ သုံးဖြစ်မယ် မထင်ရပါဘူး။ ဈေးကတော့ အရင်နှစ် Galaxy S8 တွေထက် ဒေါ်လာ ၁၀၀ ကျော် ပိုများဖို့ ရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD