၂၀၁၇ ထွက် flagship processor သုံးထားပါတယ်။

အပြင်မော်နီတာတစ်ခုနဲ့ချိတ်ဆက်နိုင်မယ့် DeX ပါလာတဲ့ Galaxy Tab S4 10.5 ဟာ တက်ဘလက်တွေထဲမှာ ရှားရှားပါးပါး high-end မော်ဒယ်သစ်လို့ဆိုရမှာပါ။



galaxytabs43-800x325 (1).jpg

Photo: macrumors

 

ကွန်ပျူတာတွေရဲ့ နေရာမှာ အစားထိုး သုံးနိုင်ဖို့ဒီဇိုင်းထုတ်ထားတဲ့ Galaxy Tab S4 1.5 ဟာ Samsung Dex ကို ပထမဆုံး သုံးလာတဲ့ တက်ဘလက်တစ်ခု ဖြစ်ပါတယ်။ PC ကွန်ပျူတာတစ်လုံးလို ပြင်ပ input devices တွေ ဖြစ်တဲ့ ကီးဘုတ် ၊ မောက်စ် နဲ့မော်နီတာတွေနဲ့ချိတ်ဆက်အလုပ်နိုင်တဲ့ DeX ဟာ Samsung ရဲ့ နောက်ဆုံးထွက် flagship ဖုန်းတွေမှာ စပြီး ပါဝင်ခဲ့တာပါ။

Galaxy Tab S4 မှာ ပါတဲ့ Dex ဟာ HDMI တစ်ချောင်းတည်းနဲ့ ဖြစ်စေ တစ်ခြား DeX dock options တွေကနေ  ဖြစ်စေ ချိတ်ဆက်ပြီး တစ်ချိန်တည်းနဲ့Windows အများကြီးကို ဖွင့်ပြီး အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ တခြား တက်ဘလက်တွေလိုပဲ Galaxy Tab S4 ဟာ S Pen stylus တစ်ချောင်း ပါရှိပါတယ်။

တက်ဘလက်ကို ဒစ်ဂျစ်တယ်ပုံဆွဲကင်းဗတ်စ်လို သုံးနေချိန်မှာ S Pen ကတော့ စုတ်တံတစ်ချောင်းလို လိုသလို ပုံဖော်နိုင်မှာပါ။ ဒီအတွက်လည်း S Pen ဟာ အရင်ကထက် ခပ်ကြီးကြီး ဒီဇိုင်းထုတ်ထားပါတယ်။ S Pen သစ်ရဲ့ ပြဿနာတစ်ခုက ဒီ Pen ကို ထည့်ထားဖို့slot ပေါက်မပါတာပါပဲ။

Galaxy Tab S4 ရဲ့ နောက်ထပ် ထူးခြားချက်က display နဲ့performance ကို high-end သုံးထားတာ ဖြစ်ပါတယ်။ မျက်နှာပြင် ၁၀.၅ လက်မ အရွယ် Super AMOLED display သုံးထားပြီး  အောက်ခြေမှာ home button ပါမလာတော့ပါဘူး။ အရင်မော်ဒယ်တွေထက် ဘေးဘောင်တွေ ပိုပါးလာတဲ့ဒီထုတ်ကုန်ဟာ ရုပ်ထွက် အနေနဲ့2560 x 1600px ရှိပြီး home button နဲ့အတူ fingerprint ကိုပါ ဖျောက်ထားပါတယ်။

 

fingerprint မပါတော့တဲ့ Galaxy Tab S4 ဟာ လုံခြုံရေးစနစ်အနေနဲ့မျက်စိစကင်ဖတ်တဲ့ စနစ်နဲ့မျက်နှာပြင်ဖတ်နည်းပညာတို့ကို ပြောင်းသုံးသွားမှာပါ။ စပီကာ ၄ လုံးပါရှိပြီး  အသံနည်းပညာပိုင်းမှာ Dolby Atmos နည်းပညာကို သုံးထားလို့အသံစနစ်နဲ့ပတ်သတ်ပြီး ထူးခြားတဲ့ အသံခံစားမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ Android ဗာရှင်းအနေနဲ့တော့ နောက်ဆုံးထွက် Android 8.1 Oreo ကို သုံးထားပါတယ်။

Galaxy Tab S4 ရဲ့ နောက်ထပ် စိတ်ဝင်စားစရာအပိုင်းက 15W fast charging အားသွင်းစနစ်ပါ 7300 mAh ဘက်ထရီပါ။ USB Type C ကနေအားသွင်းနိုင်မယ့် ဒီတက်ဘလက်ကို အားအပြည့်ဝင်ဖို့ကတော့ ၃ နာရီကျော် အားသွင်းရမယ်လို့ဆိုပါတယ်။ video playback ကြည့်မယ်ဆိုရင် ၁၆ နာရီအထိ ဆက်တိုက်ကြည့်နိုင်တာကြောင့် iPad Pro ရဲ့ ၁၀ နာရီ ဗွီဒီယိုကြည့်နိုင်တဲ့ စံချိန်ကို အသာလေး ယှဉ်နိုင်မှာပါ။

hardware ပိုင်းမှာ ၂၀၁၇ ရဲ့ high-end processor ဖြစ်တဲ့ Snapdragon 835 chipset  ၊ RAM 4GB/64GB storage အပြင် 256 GB storage ဗားရှင်းနဲ့လည်း ထွက်ထားပါတယ်။ microSD card ကနေ storage ကို 400GB အထိ ထပ်မြှင့်နိုင်မှာဖြစ်လို့storage မလောက်မှာ စိတ်ပူစရာ မရှိပါဘူး ။ကျောဘက်မှာ 13MP ကင်မရာနဲ့ရှေ့ဘက် 8MP ကင်မရာတွေ ပါလာပြီး ဈေးနှုန်းအနေနဲ့Apple ရဲ့ iPad Pro 10.5 နဲ့တစ်ဈေးတည်း ထွက်လာတာပါ။

Photo: Android Authority

 

Samsung ရဲ့ Galaxy Tab S4 သစ် အနိမ့် 64GB မော်ဒယ်ကို ဒေါ်လာ ၆၅၉ (မြန်မာငွေ ၉ သိန်းခွဲ) နဲ့အမြင့် 256GB ဗားရှင်းကို ဒေါ်လာ ၇၅၀ (မြန်မာငွေ ၁၁ သိန်းခန့်) စေနဲ့ရောင်းချသွားမှာ ဖြစ်ပြီး ဒေါ်လာ ၁၅၀ တန် Book Ccover ကီးဘုတ်ကတော့ သီးသန့်ဝယ်ယူရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က