Twitterမှာ တင်ထားတာပါ

Razer ကနေ စတင်ခဲ့တဲ့ Gaming စမတ်ဖုန်းနယ်ပယ်ထဲကို Nokia ကလည်း ဝင်ရောက်လာဖို့ရှိပါတယ်။



[No available link text] 

Nokia ရဲ့ Twitter ပေါ် ရောက်လာတဲ့ ၁၀ စက္ကန့်စာ ဂိမ်းပြကွက်တစ်ခုနဲ့အတူ စမတ်ဖုန်းတစ်လုံးရဲ့ပုံရိပ်ပါ ကြော်ငြာတိုတစ်ခုကို တွေ့ခဲ့တာကြောင့် Nokia ဟာ ဂိမ်းဖုန်းထုတ်တော့မယ်လို့ခန့်မှန်းမှုတွေ ပေါ်လာတာပါ။ ကြော်ငြာအတိုမှာ phone you can #GameOn လို့သုံးထားတာကလွဲရင် အခြား အချက်အလက်တော့ မသိရသေးပါဘူး။

မကြာခင်မှာ Noia ဟာ Nokia 5.1 Plus ကို အိန္ဒိယဈေးကွက်မှာ Nokia 5.1 Plus ကို မိတ်ဆက်သွားမှာပါ။ ဒီဖုန်းဟာ gaming phone တစ်လုံးလို့ပြောနိုင်တဲ့ features တွေ ပါရှိပြီး AI နဲ့ဓါတ်ပုံဖန်တီးမှု စနစ်များ ပါရှိထားပါတယ်။ MediaTek Helio P60 သုံးထားတဲ့ Nokia 5.1 Plusဟာ ဂိမ်းမျိုးစုံကို သာသာယာယာကစားနိုင်မယ့် ဖုန်းဖြစ်တယ်လို့ကြေငြာထားလို့ဒီဖုန်းဟာ အိန္ဒိယဈေးကွက်ထဲမှာ Gaming phone ဆိုပြီး ဝင်လာမလား စိတ်ဝင်စားစရာပါ။

နောက်ပိုင်းထွက် ဖုန်းတွေထဲမှာ ဆော့ဖ်ဝဲလ် update ကနေ ဖုန်းကို Gaming ဖုန်းအသွင် ပြောင်းနိုင်တဲ့ နည်းပညာတွေ ပါရှိလာပါတယ်။ ဥပမာ- Huawei ရဲ့ ကိုယ်ပိုင် ဂရပ်ဖစ်နည်းပညာ GPU Turbo update ကို Huawei ဖုန်းတွေ အတော်များများမှာ update အဖြစ် ဖြန့်ချိသွားမှာပါ။ ဒီနည်းပညာကြောင့် Huawei ဖုန်းတွေဟာ ဂိမ်းဖုန်းတစ်လုံးလို အကြီးစား ဂိမ်းတွေ ထည့်ဆော့နိုင်တော့မှာ ဖြစ်ပါတယ်။

တကယ်တမ်း ဂိမ်းဖုန်းလို့ နာမည်တပ်ပြီး ထုတ်ခဲ့တဲ့ ဖုန်းတွေကတော့ Razer Phone က စတင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Asus ၊ Xiaomi ၊ Huawei နဲ့ZTE တို့ကလည်း မိုဘိုင်းလ်ဂိမ်မာတွေအတွက် သီးသန့်Gaming Smartphone တွေ ထုတ်လာခဲ့ပါတယ်။

Photo: Android Authority

 

Android ဖုန်းစစ်စစ်အဖြစ် Nokia ဟာ ၂၀၁၇ မှာ ပြန်ထုတ်လာတာ ဖြစ်ပြီး ဒီနေ့အချိန်မှာတော့ တန်ဖိုးသင့်မော်ဒယ်နဲ့တန်ဖိုးကြီး စမတ်ဖုန်းများပါ ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က