နည်းပညာမြင့် တက်ဘလက်သစ်လည်း ပါဝင်ခဲ့ပါတယ်။

နယူးယော့ခ်မြို့မှာ ကျင်းပသွားခဲ့တဲ့ Google ရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲဟာ နည်းပညာအသိုင်းအဝိုင်းအတွက် စိတ်လှုပ်ရှားစရာ ထုတ်ကုန်သစ်တွေနဲ့မြိုင်ဆိုင်ခဲ့ပါတယ်။



 

ဒီနှစ် Google ပွဲဟာ အရင်နှစ်ကထက် ထူးခြားတာက ပွဲမှာ မိတ်ဆက်ခဲ့သမျှ ထုတ်ကုန်တွေကို ပွဲပြီးပြီးချင်း ချက်ချင်း pre-order လက်ခံခဲ့တာပါ။

 

(၁) Google Pixel 3

google-pixel-3_resize_md.jpg

Photo: interestingengineering

 

တရားဝင် မိတ်မဆက်ခင် ကြားခဲ့သမျှ သတင်းတွေအတိုင်း ထွက်လာတာကတော့ Google ရဲ့ အထူးဖုန်းတွေဖြစ်တဲ့ Pixel 3 နဲ့Pixel 3XL တို့ပဲ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားမှာ ၅.၅ လက်မနဲ့၆.၃ လက်မပါရှိပြီး ကျောဘက်မှာ အခုုထက်ထိ ကင်မရာ တစ်လုံးပဲ သုံးထားတာပါ။

အရှေ ့မှာ dual selfie ကင်မရာစနစ်ကို သုံးလာတာကလည်း ခပ်ဆန်းဆန်းပါ။ ထူးခြားသွားတာက ကင်မရာမှာ လုပ်ဆောင်ချက် features ကို အတော်များများ ထည့်သွင်းလာတာ ဖြစ်ပါတယ်။ ဥပမာ- ညမြင်ကွင်း ရိုက်ဖို့Night Sight ၊ ပြုံးမှပဲ လျှပ်တပြတ် snap ပုံ ရိုက်ပေးမယ့် Photobooth ၊ ရုပ်ထွက်မြင့် အနီးအဝေးဆွဲ စနစ် ၊ အကောင်းဆုံးပုံကိုပဲ ဆွဲထုတ်ပေးမယ့် Top Shot စတာတွေက စိတ်ဝင်စားစရာပါ။

Android 9 Pie ကို ပထမဆုံး သုံးလာတဲ့ ဒီဖုန်းတွေမှာ ကြိုးမဲ့အားသွင်းစနစ် ပါလာပြီး ၇၉၉ ဒေါ်လာနဲ့၈၉၉ ဒေါ်လာ ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။

 

(၂) Duplex AI voice call စနစ်

20181009-madebygoogle-01-8.jpg

Photo: CNET

 

မေလလယ်က Google ရဲ့ နှစ်စဉ်ကျင်းပနေကျ I/O Developer Conference ပွဲရဲ့ အကောင်းဆုံး feature တစ်ခုက AI အသံစနစ်ပါ။ ဒီပွဲမှာ Google ဟာ တကယ့်လူတစ်ယောက်အတိုင်း တုပထားတဲ့ Duplex AI Voice နည်းပညာ ပါရှိပါတယ်။

Duplex AI နည်းပညာဟာ ဧည့်ကြိုဝန်ထမ်းတွေရဲ့ နေရာမှာ အစားထိုးသွားမယ့် အဆင့်မြင့်နည်းပညာဖြစ်ပြီး တကယ့် ဧည့်ကြိုတစ်ယောက်အတိုင်း ပြုမူနိုင်မှာပါ။ Google ကတော့ ဒီနည်းပညာကို Pixel 3/3XL တို့မှာ ပထမဆုံး သုံးလာတာ ဖြစ်လို့Pixel 3 ဖုန်းကိုင်သူများဟာ ဒီနည်းပညာအကူအညီနဲ့အခန်းငှားတာ ၊ အလှပြင်ဖို့ရက်ချိန်းယူတာတွေ လုပ်ဆောင်နိုင်တော့မှာပါ။

 

(၃) Pixel Slate

611549-google-pixel-slate.png

Photo: PC Mag

 

Google ရဲ့ နောက်ထပ် နည်းပညာမြင့် ဖြုတ်/တပ်နိုင် တက်ဘလက်တစ်ခုကလည်း Pixel ပွဲမှာ လူစိတ်ဝင်စားခံခဲ့ရတဲ့ ထုတ်ကုန်ဖြစ်ခဲ့ပါတယ်။ 8th Gen Core i7 Intel processor သုံးပြီး RAM 16GB နဲ့256GB storage ပါရှိပါတယ်။ Chrome OS နဲ့လာပြီး ရှေ့ခြမ်းမှာ စပီကာ ၂ လုံး ၊ Titan Secrurity Chip တစ်ခု ပါဝင်ပါတယ်။

ဒီတက်ဘလက်ဟာ headphone jack မပါပေမယ့် ပါဝါခလုတ်မှာ fingerprint sensor ကို ပထမဆုံး သုံးလာတဲ့ Chromebook ဖြစ်နေပါတယ်။ မျက်နှာပြင် ၁၂.၃ လက်မ အရွယ် ဒီတက်ဘလက်ဟာ ကီးဘုတ်သက်သက် ၊ stylus သက်သက် ပါလာပါတယ်။

Pixel Slate ကို ၅၉၉ ဒေါ်လာ ၊ stylus ကို ၉၉ ဒေါ်လာ ၊ ကီးဘုတ်ကို ၁၉၉ ဒေါ်လာဈေးနဲ့ရောင်းချသွားမှာ ဖြစ်ပေမယ့် ရက်မသတ်မှတ်ရသေးပါဘူး။

 

(၄) Google Home Hub

Google-Home-Hub.jpeg

Photo: TheNerdMag

 

စမတ် display သစ်နဲ့Google Assistant စနစ်သုံး စပီကာပါ။ ဒီတစ်ပတ်ထဲ ကြေငြာသွားတဲ့ Facebook Portal လိုပဲ YouTube ကြည့်နိုင်မှာ ဖြစ်သလို စမတ်အိမ်သုံး ပစ္စည်းတွေကို မိသားစုဝင်တွေတိုင်း ထိန်းချုပ်နိုင်ဖို့Voice Match စနစ် ထည့်သွင်းထားပါတယ်။

ဒီစပီကာဟာ မသုံးဘဲ ရှိနေချိန်မှာ ရာသီဥတု ၊ ပြက္ခဒိန်အချိန်ဇယား နဲ့ရထားထွက်ချိန် ဇယား စတဲ့ အချက်အလက်များကို ပြသပေးနေမှာ ဖြစ်ပါတယ်။ Google Hub ကို ၁၄၉ ဒေါ်လာဈေးနဲ့pre-order မှာနိုင်ပြီး အောက်တိုဘာ ၂၂ ရက်နေ့မှာ ရောင်းချသွားမှာပါ။

 

(၅) USB Type C နဲ့လာတဲ့ နားကြပ်

pixel_usbc_earbuds_1.jpg

Photo: 9to5 Google

 

Google ရဲ့ ပထမဆုံး USB C နဲ့ချိတ်ဆက်နိုင်တဲ့ earbuds ပါ။ ဒေါ်လာ ၃၀ နဲ့ရောင်းချသွားမယ့် ဒီနားကြပ်ဟာ ကြိုးမဲ့ Google earbud ဖြစ်တဲ့ Pixe Buds နဲ့တစ်ပုံစံတည်း ဖြစ်ပြီး နားတိုင်းနဲ့ကိုက်ညီအောင် ဖွဲ့စည်းထားတာပါ။

USB C earbuds မှာ Google Assistant ကို သုံးနိုင်မယ့် ခလုတ်တစ်ခု ပါရှိသလို တိုက်ရိုက်ဘာသာပြန်နိုင်စေဖို့Google Translate စနစ်လည်း ထည့်သွင်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က