VOOC charging နဲ့လာတာပါ

OPPO ရဲ့ notch ဒီဇိုင်းသစ်ဖြစ်တဲ့ Waterdrop screen သစ်သုံးထားတဲ့ မှန်ပြင်ပြည့်စမတ်ဖုန်း OPPO F9 ကို ဗီယက်နမ်ဈေးကွက်မှာ စတင်ဖြန့်ချိနေပြီ ဖြစ်ပါတယ်။

oppo-f9-front-1000x563 (1).jpg

Photo: Android Authority

 

မျက်နှာပြင် ၆.၃ လက်မအရွယ် ဒီဖုန်းဟာ ရေစက်သဏ္ဍာန် notch အသေးကြောင့် မှန်ပြင်နဲ့ကိုယ်ထည်အချိုးအစားဟာ ၉၀.၈% ထိ ရှိလာပါတယ်။ ဒီဖုန်းရဲ့ ထူးခြားချက်က ကမ္ဘာပေါ်မှာ အကြမ်းခံဆုံး မှန်ပြင်ဖြစ်တဲ့ Corning Gorilla Glass 6 ကို ပထမဆုံး သုံးတဲ့ ဖုန်းဖြစ်တာပါပဲ။

ဒီမှန်ကို ထုတ်ခဲ့တဲ့ Corning ရဲ့ စမ်းသပ်ချက်များအရ ဒီမှန်ဟာ Gorilla Glass 5 ထက် နှစ်ဆကျော် အကြမ်းပိုခံပြီး ၃ ပေကျော်အမြင့်ကနေ မာကျောတဲ့ မျက်နှာပြင်ပေါ် ပျမ်းမှ ၁၅ ကြိမ် လွတ်ကျတဲ့ဒဏ် ခံနိုင်မယ်လို့ဆိုပါတယ်။ နိုင်ငံပေါင်း ၈ နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုများအရ စမတ်ဖုန်းသုံးစွဲသူတစ်ဦဟာ တစ်နှစ်ကို ပျမ်းမှ ဖုန်း ၇ ကြိမ်အထိ လွတ်ကျလေ့ရှိတာကြောင့် Gorilla Glass 6 ဟာ ၂ နှစ်အထိ ဖုန်းကို ကာကွယ်ပေးနိုင်ဖို့ရှိပါတယ်။

OPPO F9 လို အလတ်တန်းစား ဖုန်းတစ်လုံးအတွက် နောက်ထပ် စိတ်ဝင်စားစရာ feature တစ်ခုက VOOC Fast charging စနစ်ပါတဲ့ 3500 mAh ဘက်ထရီပါပဲ။ OPPO ကတော့ ဒီအားသွင်းစနစ်ကြောင့် ၅ မိနစ်အားသွင်းထားတာနဲ့၂ နာရီကြာအောင် ဖုန်းပြောလို့ရမယ်လို့အတည်ပြုထားပါတယ်။

OPPO F9 ဟာ RAM ပိုင်းမှာ 4GB နဲ့6GB အထိ ပါလာတာက app အကြီးစားတွေ ထည့်ထားလိုသူတွေအတွက် အတော်လေး အဆင်ပြေမှာပါ။ ကျောဘက်မှာ fingerprint တစ်ခုနဲ့အလျားလိုက် dual rear cameras တွေ ပါလာပါတယ်။ 16MP + 2MP ကင်မရာနှစ်လုံးဟာ bokeh effects တွေအတွက် သုံးနိုင်ပေမယ့် ရှေ့ 25MP ကင်မရာက ပိုပြီး စိတ်ဝင်စားစရာပါ။

AI Beatuification 2.1 ပါလာတဲ့ ဒီကင်မရာဟာ Helio P60 processorက ပံ့ပိုးပေးထားတဲ့ AI tasks တွေကို လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်စနစ်ပိုင်းမှာ နောက်ဆုံးပေါ် Android 8.1 Oreo နဲ့အတူ OPPO ရဲ့ Color OS 5.2 နဲ့ထွက်ထားတာပါ။

Photo: Tech Nave

 

OPPO F9 ကို Sunrise Red ၊ Twilight Blue နဲ့Starry Purple ကာလာ ၃ မျိုးနဲ့လာပြီး RAM 4GB ဗားရှင်းကို ဗီယက်နမ်ဒေါင် ၇၆၉၀၀၀၀ (မြန်မာငွေ ၅ သိန်းခန့်) ဈေးနဲ့ရောင်းချနေပါတယ်။

 

Share

Loading Next Article...
က္က