ုမြန်မာငွေ ၇ သိန်းဝန်းကျင်ဈေးနဲ့ရောင်းချသွားမှာပါ

Huawei ရဲ့ Honor စီးရီးထဲမှာ RAM အမြင့်ဆုံး Honor 10 GT ကတော့ Lily White ဆိုတဲ့ ကာလာဆန်းနဲ့ထပ်ပြီးထွက်လာပါတယ်။

gsmarena_002.jpg

photo: GSMArena

 

GPU Turbo နည်းပညာ ၊ Night Mode feature တွေအပြင် ဆွဲဆောင်မှုအားကောင်းတဲ့ ဒီဇိုင်းတွေနဲ့Honor 10 ကို Edition သစ်အဖြစ် မိတ်ဆက်ထားတဲ့ Honor 10 GT ဟာ မျက်နှာပြင် ၅.၈၄ လက်မ 19:9 screen သုံးထားတာပါ။ notch အသေးတစ်ခုပါရှိပြီး အောက်ခြေမှာ home button အသေးပါတဲ့ ဒီဖုန်းမှာ အထူးခြားဆုံး feature ၃ ခု ပါရှိပါတယ်။

ပထမဆုံးတစ်ခုက Honor 10 GT ဟာ Huawei ဖုန်းတွေထဲမှာ ပထမဆုံး RAM 8GB သုံးထားတဲ့ မော်ဒယ်ပါ။ နောက်ထပ်ထူးခြားချက်က tripod မလိုဘဲ ညမြင်ကွင်းကို ကြည်လင်ပြတ်သားအောင် ရိုက်ကူးနိုင်မယ့် Super Night Scene Mode ပါလာတာ ဖြစ်ပါတယ်။ Night Mode ကင်မရာစနစ်ကြောင့် 16MP + 24MP ကင်မရာနှစ်လုံးစလုံးဟာ ဒီဖုန်းဟာ Huawei P20 Pro အတိုင်း ပရိုကင်မရာရိုက်ချက်တွေ ရိုက်ကူးနိုင်တော့မှာပါ။

Honor 10 GT ဟာ HDR Gaming Content စနစ် တွေ ပံ့ပိုးပေးနိုင်တဲ့ GPU Turbo နည်းပညာသစ် သုံးထားပါတယ်။ ဒီနည်းပညာဟာ စမတ်ဖုန်းတစ်လုံးရဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်ကို ၆၀% အဆင့်မြှင့်တင်ပေးပြီး ပါဝါသုံးစွဲမှုကို ၃၀% လျှော့ချနိုင်မှာ ဖြစ်လို့ဖုန်းရဲ့ performance နဲ့ဘက်ထရီစနစ်ပိုင်းမှာ စိတ်ကျေနပ်မှု အပြည့်ရရှိမှာ ဖြစ်ပါတယ်။ 

စမတ်ဖုန်းလုံခြုံရေးစနစ်အနေနဲ့ Honor 10 GT မှာ စိတ်ဝင်စားစရာ ကောင်းတာက မှန်ပြင်အောက် လက်ဗွေစနစ်ကို သုံးထားတာပါ။ ဒါ့အပြင် ရှေ့ 24MP ကင်မရာကနေ မျက်နှာနဲ့ဖုန်းလော့ခ်ဖွင့်နိုင်မယ့် Face Unlock စနစ်လည်း ပါလို့စမတ်ဖုန်း လုံခြုံရေးစနစ်ကို အကြိုက်ထားလို့ရမှာ ဖြစ်ပါတယ်။

3400 mAh ဘက်ထရီနဲ့လာတဲ့ Honor 10 GT ဟာ အားသွင်းစနစ်အနေနဲ့Super Charge အားသွင်းစနစ်ဖြစ်တဲ့ ၂၅ မိနစ်နဲ့ဘက်ထရီအား ၅၀% ဝင်မယ့် နည်းပညာသုံးထားပါတယ်။ ဒီဖုန်းကို စပြီး မိတ်ဆက်ချိန်ကနေ ၂ လအတွင်း ကမ္ဘာအဝှှမ်းမှာ အလုံးရေ ၃ သန်းနီးပါး ရောင်းချနိုင်ခဲ့ပါတယ်။

Photo: GSMArena

 

အရင်က Phantom Blue တစ်ရောင်တည်းနဲ့ထွက်ထားပြီး Lily White ဗားရှင်းကိုတော့ ၃၂၉၉ ယွမ် (မြန်မာငွေ ၇ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က