AD
AD
AD

တရုတ်စမတ်ဖုန်းကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Huawei ဟာ ကုမ္ပဏီရဲ့ နာမည်ကြီး စမတ်ဖုန်း Honor 7X ကို အိန္ဒိယနိုင်ငံ တမီလ်နာဒူးမှ စက်ရုံတစ်ရုံမှာ ထုတ်လုပ်နေတယ်လို့ ကြေငြာလိုက်ပါတယ်။

Make in India လုပ်ငန်းစဉ်နဲ့ အတူ အိန္ဒိယဖြစ်ထုတ်ကုန်များကဏ္ဍထဲ ရောက်လာတဲ့ ဒီဖုန်းအတွက် Huawei ဟာ ချန်နိုင်းပြည်နယ်အခြေစိုက် Flex နဲ့ ပူးပေါင်းပြီး Honor 7X စမတ်ဖုန်းအစိတ်အပိုင်းများကို ထုတ်လုပ်နေတာလို့ လည်း ဆိုပါတယ်။ Huawei ဟာ အိန္ဒိယဈေးကွက်ထဲကို လွန်ခဲ့တဲ့ ၁၈ နှစ်လောက်ကတည်းက ဝင်ရောက်လာတဲ့ ကုမ္ပဏီတစ်ခ ဖြစ်ပြီး Flex India နဲ့ မိတ်ဘက်ပြု ပူးပေါင်းပြီး ၂၀၁၆ စက်တင်ဘာထဲမှာ Holly 3 ဆိုတဲ့ အိန္ဒိယဖြစ် ပထမဆုံး Huawei ဖုန်းတစ်မျိုးကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

play

 

လက်ရှိမှာ Honor 7X အတွက် ထုတ်လုပ်မှု စတင်နေပြီး နောက်ပိုင်းမှာ Honor 6X ကို ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။ ကျောဘက် dual camera စနစ်သုံး Honor 7X စမတ်ဖုန်းသစ်ကို အောက်တိုဘာလဆန်းပိုင်းမှာ မိတ်ဆက်ခဲ့ပြီး အိန္ဒိယဈေးကွက်မှာတော့ ဒီဇင်ဘာလရောက်မှ ဖြန့် ချိခဲ့တာပါ။ အိန္ဒိယဈေးကွက်မှာ Honor ဟာ လူကြိုက်များတဲ့ brand တစ်ခု ဖြစ်ပြီး ၂၀၁၆ စတုတ္တသုံးလပတ်ရောင်းအားနဲ့ စာရင် ၂၀၁၇ နောက်ဆုံးသုံးလပတ်မှာ Honor ရဲ့ ရောင်းအားဟာ ၃ ဆထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

mid-range ဖုန်းအမျိုးအစားတစ်ခုဖြစ်တဲ့ Honor 7X ရဲ့ RAMm 3GB/storage 32GB ကို အိန္ဒိယဈေးကွက်မှာ ၁၂၉၉၉ ရူပီး (မြန်မာငွေ၂ သိန်းခွဲကျော်) နဲ့ RAM 4GB/ storage 64GB ဗားရှင်းကို ရူပီး ၁၅၉၉၉ (မြန်မာငွေ ၃ သိန်းကျော်ခန့် ) ဈေးနဲ့ ရောင်းချပေးနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD