AD
AD
AD

ဒေါ်လာ ၂၀၀ တန် Honor 7X ဟာ ဇူလိုင် ၂၂ ရက်နေ့ ကမှ Amazon အွန်လိုင်းစတိုးကနေ အမေရိကန်ဈေးကွက်ထဲ ဖြန့် ချိခဲ့တဲ့ စမတ်ဖုန်းတစ်လုံးပါ။ အခုတော့ ဒီဖုန်းဟာ Amazon US ရဲ့ ရောင်းအားအကောင်းဆုံး စမတ်ဖုန်း brand တစ်ခု ဖြစ်နေပါပြီ။

play

 

CES 2018 ပွဲကာလအတွင်း အမေရိကန်မှာ စတင်ကြေငြာခဲ့တဲ့ ဒီဖုန်းဟာ FullView 18:9 display နဲ့ ထွက်လာပြီး မျက်နှာပြင်အရွယ်အစားအနေနဲ့ ၅.၉၃ လက်မ ပါရှိပါတယ်။ ရုပ်ထွက် resolution ပိုင်းမှာ 2160 x 1080p ပါရှိပြီး ကိုယ်ထည်က သတ္ထုကိုယ်ထည်ပါ။ processor ပိုင်းမှာ 1.7 GHz octa-core HiSilicon Kirin 659 processor ဖြစ်ပြီး RAM 4GB/storage 32GB ပါရှိပါတယ်။ storage ကတော့ 32GB , 64GB နဲ့ 128GB ဆိုပြီး သုံးမျိုးထွက်လာတာ ဖြစ်သလို microSD card ကနေလည်း နောက်ထပ် 256GB အထိ ထပ်တိုးနိုင်မှာပါ။ Honor 7X မှာ သုံးထားတဲ့ ဘက်ထရီဟာ 3340 mAh ဘက်ထရီ ဖြစ်ပြီး Huawei ရဲ့ အားသွင်းနည်းပညာဖြစ်တဲ့ SuperCharge ကို သုံးထားလို့ အားသွင်းရ မြန်ဆန်နေမှာ ဖြစ်ပါတယ်။

 

Honor 7X ရဲ့ ထူးခြားချက်တစ်ခုက ရေစိုတာ ၊ ဖုန်တင်တာကို IP67 rating အထိ ခံနိုင်ရည် ရှိလာတာပါ။ ဆော့ဖ်ဝဲလ်အနေနဲ့ လည်း Android 7.1 Nougat သုံးထားသလို မကြာခင်မှာ Oreo version ကို ပြောင်းပြီး upgrade မြှင့်နိုင်တော့မှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းအနေနဲ့ Honor 7X ဟာ ကျောဘက်မှာ 16MP နဲ့ 2MP ကင်မရာနှစ်လုံးတွဲ သုံးထားပြီး ရှေ့ ကင်မရာကိုတော့ 8MP ကင်မရာသုံးထားပါတယ်။ ကျောဘက်မှာတော့ Honor 6X လိုပဲ fingerprint scanner ပါရှိပါတယ်။ မကြာခင်မှာတော့ Honor 7X မှာ Face Unlock စနစ် သုံးနိုင်မယ်လို့ လည်း ကြေငြာထားပါတယ်။

play

 

Amazon ဆိုက်မှာတော့ ဖုန်းနဲ့ အတူ Quick Charger နဲ့ Engine earphone ပါ ဝယ်မယ်ဆိုရင် ၂၂၁.၉၇ ဒေါ်လာ ဖြစ်ပြီး တစ်စုံခြင်း ဈေးနဲ့ လည်း ဝယ်လို့ ရမှာ ဖြစ်ပါတယ်။ Amazon အပြင် Honor ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ hhihonor.com ကနေလည်း ဝယ်လို့ ရမယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD