Samsung ကတော့ ကမ္ဘာ့ပထမဆုံး in-display ဆယ်လ်ဖီဖုန်းကို မိတ်ဆက်ဖို့ရှိပါတယ်

၂၀၁၈ စမတ်ဖုန်းလောကမှာ under-display လက်ဗွေစနစ်တွေဟာ ခေတ်ကောင်းခဲ့သလို နောက်နှစ်မှာဆို in-display ဆယ်လ်ဖီကင်မရာတွေ ရေပန်းစားလာဖို့ရှိပါတယ်။



Photo: xda-developers

 

Huawei ရဲ့ sub-brand တစ်ခု ဖြစ်တဲ့ Honor စီးရီးကနေ in-display ဆယ်လ်ဖီကင်မရာကို သုံးသွားဖို့ရှိပါတယ်။ Honor View 20 မှာ ပထမဆုံးသုံးသွားမယ့် ဒီကင်မရာစနစ်ကို လာမယ့် ဇန်နဝါရီလ ၂၂ ရက် ပဲရစ်မှာ မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။

in-display ဆယ်လ်ဖီကင်မရာနဲ့လာမယ့် ဖုန်းရဲ့ ကြော်ငြာက See the Unseen ဆိုတဲ့ စာသားဖြစ်ပြီး ဖုန်း screen ရဲ့ ဘယ်အပေါ်ထောင့်မှာ ဆယ်ဖီကင်မရာအတွက် cutout လုပ်ပြီး ထွင်းထားတာ တွေ့ရပါတယ်။ လက်ရှိ ဖုန်းလောကမှာ ဒီလို ကင်မရာ cutout ကို ဆယ်လ်ဖီကင်မရာပေါက်လို့ပြောနေကြတာ ဖြစ်ပါတယ်။

Honor View 20 နဲ့ပတ်သက်ပြီး အချက်အလက်များများ စားစား မသိရသေးပေမယ့် ဒီဖုန်းဟာ Mate 20/Mate 20 Pro တို့မှာလို Kirin 980 processor ကို သုံးသွားဖို့ရှိပါတယ်။ တစ်ခုရှိတာက in-display ဆယ်လ်ဖီကင်မရာကို ပထမဆုံး သုံးမယ့် ဖုန်းက Samsung Galaxy A8s ဖြစ်ဖို့ရှိပါတယ်။ Galaxy A8s ကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး သူ့နောက် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ Huawei Nova 4 ကို in-display ဆယ်လ်ဖီစနစ်နဲ့မြင်ရမှာပါ။

ဖုန်း display ကို နေရာယူနေတဲ့ bezel တွေကို လျှော့ဖို့အတွက် Infinity O ဒီဇိုင်းကို မိတ်ဆက်ပြသခဲ့ပါတယ်။ အလားတူ ဒီဇိုင်းမျိုးကို Huawei ဟာ Nova 4 သစ်မှာ သုံးပြသွားခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Samsung ရဲ့ နေရာကို ရောက်ဖို့ကြိုးစားနေတဲ့ Huawei နဲ့Samsung ဟာ ၂၀၁၉ ကစပြီး ပြင်းထန်တဲ့ နည်းပညာပြိုင်ဆိုင်မှုတွေ လုပ်ဆောင်သွားဖို့ရှိနေပါတယ်။

Photo: phonearena

 

notch အတွက် နေရာမချန်တော့တဲ့ ဒီဇိုင်းသစ်တွေကြောင့် ဖုန်းတွေဟာ all screen အဆင့်ကို ရောက်လာဖို့ရှိပါတယ်။ ၂၀၁၉ ကတော့ All Screen ဖုန်းခေတ်ကို တံခါးဖွင့်မယ့် နှစ် ဖြစ်ဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က