AD
AD
AD

စမတ်ဖုန်းတစ်လုံးအတွက် မျက်လုံးဆိုတဲ့ အဓိပ္ပါယ်နဲ့ ရှေ့ ကင်မရာနှစ်လုံး သုံးထားတဲ့ HTC U11 EYEs စမတ်ဖုန်းသစ်ကို ရှေ့ တစ်ပတ်ထဲ မြင်ရဖို့ ရှိနေပါတယ်။ ၂၀၁၈ ခုနှစ်အတွက် ပထမဆုံး HTC ထုတ်ကုန်သစ်ဟာ တစ်နှစ်စာအတွက် HTC ရဲ့ ပထမဆုံး မျက်နှာလည်း ဖြစ်သွားမှာပါ။

 

သတင်းတွေအရ HTC U11 EYEs ဟာ မျက်နှာပြင် ၆ လက်မ LCD3 screen ကို သုံးထားပြီး ရုပ်ထွက်အနေနဲ့ 1080 x 2160 resolution ပါရှိမယ်လို့ ဆိုပါတယ်။ HTC U11 Plus ပရီမီယံဗားရှင်းကနေ ခွဲထွက်လာတဲ့ ဒီဖုန်းဟာ mid-range ဖုန်တစ်လုံးဆိုတာထက် ပိုတဲ့ ဖုန်းတစ်လုံး ဖြစ်ပြီး IP67 rating ရေစိုဖုန်တင်ခံနိုင်တဲ့ ဖုန်းတစ်လုံး ဖြစ်မှာပါ။ ကိုယ်ထည်အချိုးအစားအနေနဲ့ 18:9 aspect ratio သုံးထားပြီး processor ပိုင်းမှာ Qualcomm ထုတ် mid-range processor ဖြစ်တဲ့ Snapdragon 652 chipset နဲ့ RAM 4GB/storage 64GB သုံးသွားမယ်လို့ ဆိုပါတယ်။

နာမည်ကျော် စမတ်ဖုန်းသတင်းသုံးသပ်သူ အီဗန်ဘလတ်စ်ရဲ့ Tweet မှာတော့ HTC U11 EYEs ဟာ HTC ရဲ့ special feature ဖြစ်တဲ့ ဖုန်းဘေးကိုယ်ထည်တွေကို ညှစ်ပြီး app နဲ့ တစ်ခြား function များ သုံးနိုင်တဲ့ Edge Sense နည်းပညာ ပါရှိမယ်လို့ ဆိုပါတယ်။ ကင်မရာစနစ်နဲ့ ပတ်သတ်ပြီး ရှေ့ ဘက်မှာ 5MP ကင်မရာနှစ်လုံးနဲ့ အတူ ကျောဘက်မှာ 12MP ကင်မရာစနစ်ကို တွဲသုံးသွားဖို့ ရှိနေပါတယ်။ USB-C port ကနေ တစ်ဆင့် အားသွင်းနိုင်မယ့် ဘက်ထရီကတော့ 3930 mAh ဘက်ထရီ ဖြစ်ပြီး fast charging support ပါမပါတော့ မသိရသေးပါဘူး။ ဒီဖုန်းရဲ့ အားနည်းချက်တစ်ခုကတော့ နည်းနည်း ဒိတ်အောက်သွားပြီ ဖြစ်တဲ့ Android Nougat စနစ် သုံးသွားမယ်ဆိုတဲ့ အချက်ပါ။ တစ်ခုရှိတာက Oreo update ဗားရှင်းကို မကြာခင် အဆင့်မြှင့်တင်ပေးနိုင်ဖို့ လည်း ရှိနေပါတယ်။

play

 

HTC U11 EYEs ဟာ အနက် ၊ ငွေ နဲ့ အနီ ကာလာ ၃ မျိုးနဲ့ လာဖို့ ရှိပြီး တရုတ် ၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်ဈေးကွက်တွေမှာ စတင် ဖြန့် ချိသွားဖို့ ရှိနေပါတယ်။ လက်ရှိ ကြားနေတဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၅၁၀ (မြန်မာငွေ ၇ သိန်းနီးနီး) ဈေးလိို့ုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD