AD
AD
AD

တန်ဖိုးနည်း ဘက်ဂျက်ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi Redmi 5A ဟာ အိန္ဒိယဈေးကွက်ထဲ ဝင်လို့ တစ်လမပြည့်ခင်မှာပဲ အလုံးရေ ၁ သန်းကျော်အထိ ရောင်းချနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

 

Xiaomi Redmi 5A ရဲ့ အရင်ဈေးကွက်ထဲ ရောက်လာခဲ့တဲ့ Redmi 4A ဆိုရင်လည်း အိန္ဒိယဈေးကွက်မှာ လူကြိုက်များခဲ့ပြီး ၈ လအတွင်း အလုံးရေ ၄ သန်းကျော် ရောင်းထွက်ခဲ့တယ်လို့ ဆိုပါတယ်။ Redmi 5A ကတော့ အိန္ဒိယဈေးကွက်ထဲကို ဒီဇင်ဘာလ ၇ ရက်နေ့ ကမှ စဝင်ခဲ့တာပါ။ Redmi 5A ဈေးကွက်ထဲ ရောက်လာပြီးနောက်ပိုင်း အိန္ဒိယစမတ်ဖုန်းဈေးကွက်မှာ Xiaomi နဲ့ Samsung ရဲ့ ရှယ်ယာဝေစုဟာ၂၃.၅% စီ တန်းတူလိုက်လာခဲ့ပါတယ်။ Redmi 5A ရဲ့ လူကြိုက်များမှုကြောင့် မကြာခင်မှာ Xiaomi ဟာ အိန္ဒိယဈေးကွက်မှာ Samsung ကို ကျော်နိုင်ဖို့ ရှိနေပါတယ်။

ဘက်ဂျက်ဖုန်းတစ်လုံးဖြစ်ပြီး Redmi 4A ကိုမှ အဆင့်မြှင့်ထားတဲ့ ဒီဖုန်းဟာ ဈေးချင်းယှဉ်မယ်ဆို အတူတူပဲ ဖြစ်ပြီး အရင် ပလတ်စတစ်ကိုယ်ထည်ကနေ သတ္ထုကိုယ်ထည်နဲ့ ထွက်လာပဲ ကွာပါတယ်။ စိတ်ဝင်စားစရာကောင်းတာက OS စနစ်ပိုင်းမှာ့ update ဖြစ်နေတဲ့ Android 7.1.1 Nougat နဲ့ UI ပိုင်းမှာ Xiaomi ရဲ့ နောက်ဆုံးထွက် MIUI 9 နဲ့ လာတာပဲ ဖြစ်ပါတယ်။ ကင်မရာကတော့ ကျောဘက်မှာ f/2.2 အပါချာ စနစ်ပါ 13MP နဲ့ ရှေ့ ဘက်မှာ 5MP ကင်မရာတွေ ဖြစ်ပြီး 1080p ရုပ်ထွက်မြင့် ဗွီဒီယိုတွေကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီဘက်က ကြည့်ရင်တော့ အရင်နှစ် Redmi 4A ထက် 100 mAh ပိုနည်းသွားတဲ့ 3000 mAh ဘက်ထရီ ဖြစ်ပြီး ကျန်တာအကုန်လုံး အတူတူပါပဲ။

dual SIM သုံး 4G ဖုန်းတစ်လုံးဖြစ်တဲ့ Redmi 5A ဟာ မျက်နှာပြင် ၅ လက်မ 720p display သုံးထားပြီး processor ကတော့ 1.4GHz မြန်နှုန်းရှိ Snapdragon 425 chipset ဖြစ်ပါတယ်။ RAM နဲ့ storage ကလည်း Redmi 4A လိုပဲ 2GB/16GB ပဲ ဖြစ်ပြီး storage ထပ်တိုးချင်တယ်ဆိုရင်တော့ microSD card အကူအညီနဲ့ 128GB အထိ ထပ်စိုက်နိုင်မှာ ဖြစ်လို့ မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။ အမြင့်စားဗားရှင်းမှာတော့ RAM 3GB/storage 32GB ပါရှိပါတယ်။

play

 

ရွှေရောင် ၊ မီးခိုးနဲ့ ပန်းနုရောင် ကာလာသုံးမျိုးနဲ့ လာတဲ့ ဒီဖုန်းကို အိန္ဒိယဈေးကွက်မှာ RAM 2GB ကို ၅၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၂ သောင်းခွဲ) နဲ့ RAM 3GB ဗားရှင်းကို ၆၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်းခွဲခန့် ) ဈေးနဲ့ ရောင်းချပေးနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD