AD
AD
AD

နှစ်တိုင်းနှစ်တိုင်း OnePlus ဟာ အရည်အသွေးမြင့်တဲ့ ဖုန်းတွေကို ဆက်တိုက်ထုတ်လာတာ တွေ့ ရပါတယ်။ ဒီနှစ်မှာ မိတ်ဆက်သွားမယ့် OnePlus 6 ဆိုရင်လည်း ၂၀၁၈ စမတ်ဖုန်းလောကရဲ့ စောင့်ကြည့်ရမယ့် စမတ်ဖုန်း ဖြစ်လာမှာပါ။

play

 

OnePlus CEO ပီတာလုနဲ့ CNET တို့ ရဲ့ တွေ့ ဆုံခန်းတစ်ခုမှာတော့ OnePlus 6 မှာ နောက်ဆုံးထွက် Qualcomm Snapdragon 845 chipset ကို သုံးသွားမှာ ဖြစ်ပြီး ဖြန့် ချိမယ့်အချိန်ကတော့ ဇွန်လကုန်ပိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ OnePlus ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်ထဲမှာ အပြောင်းအလဲသစ်များနဲ့ OnePlus 5/5T တို့ ကို ပွဲထုတ်ခဲ့တာပါ။ OnePlus 5 ကိုလည်း အရင်နှစ်ဇွန်လတတိယပတ်ထဲမှာ ကြေငြာခဲ့ပြီး performance ပိုင်းမှာ သူ့ အရင်ဈေးကွက်ဝင်ခဲ့တဲ့ နာမည်ကြီး Samsung Galaxy S8 နဲ့ HTC U11 တို့ ထက်တောင် ပိုမြန်ခဲ့တဲ့ စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ OnePlus 5 မှာလည်း ထိုစဉ်က Qualcomm ထုတ် နောက်ဆုံးပေါ် Snapdragon 835 chipset ကို သုံးထားတာပါ။

OnePlus စီးရီးတွေမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုက fast charging ဘက်ထရီစနစ်ဖြစ်ပြီး မိနစ် ၃၀ အားသွင်းရုံနဲ့ ဘက်ထရီလယ်ဗယ် သုညကနေ ၅၉% အထိ အားဝင်တာပါ။ speed test မှာလည်း heavy apps တွေနဲ့ ဂိမ်းတွေကို အမြန်ဆုံး သာသာယာယာဖွင့်နိုင်တာကြောင့်လည်း ဒီဖုန်းဟာ လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ OnePlus 5T မှာဆို မျက်နှာပြင်ဒီဇိုင်းနဲ့ Face Unlock လို features သစ်တွေနဲ့ ဆန်းသစ်တီထွင်မှုအပြည့်နဲ့ မိတ်ဆက်သွားခဲ့ပါတယ်။ ယခုနှစ် CES2018 ပွဲမှာဆို OnePlus နဲ့ တစ်ကုမ္ပဏီတည်းဖြစ်တဲ့ Vivo ဆိုရင် ကမ္ဘာ့ပထမဆုံး under-display fingerprint စနစ်သုံး စမတ်ဖုန်းကို ကြေငြာသွားပါတယ်။ ၂၀၁၈ OnePlus 6 စီးရီးသစ်မှာ ဘာတွေ ထပ်ပြီး အသစ်တွေနဲ့ မိတ်ဆက်သွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

 

လက်ရှိအချိန်မှာတော့ OnePlus ဟာ အမေရိကန်ဈေးကွက်ထဲကို စမတ်ဖုန်းတွေရောင်းချနိုင်ဖို့ US carriers တွေနဲ့ လည်း ပူးပေါင်းဖို့ လုပ်ဆောင်နေပါတယ်။ အမေရိကန်ဈေးကွက်ထဲကို ဖြန့် လာမယ့် နောက်ထွက် OnePlus စမတ်ဖုန်းသစ်တွေဟာ ဈေးကွက်အင်အားကြီး စမတ်ဖုန်း brand တွေ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD