နှစ်လယ်ပိုင်းလောက် ထွက်လာမှာပါ

ကုမ္ပဏီရဲ့ အကြီးအကဲ ကိုယ်တိုင်က Huawei ဟာ 5G သုံးနိုင်ပြီး ပိုက်ဆံတစ်အိတ်လို ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်းကို ၂၀၁၉ မှာ မိတ်ဆက်မယ်လို့ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။



Photo: digitaltrends

 

အစောပိုင်းမှာ Huawei အနေနဲ့ခေါက်နိုင် သိမ်းနိုင်တဲ့ ဖုန်းတွေ ထုတ်သွားဖို့ရှိတယ်လို့လည်း ခန့်မှန်းခဲ့ကြရာကနေ Huawei ရဲ့ ထုတ်ကုန်ဌာန CEO ရစ်ချက်ယုမှ ဒီဖုန်းတွေကို နောက်နှစ် ဇွန်လထဲ ဖြန့်သွားနိုင်အောင် လုပ်ဆောင်နေတယ်လို့အတည်ပြုခဲ့တာပါ။ မျိုးဆက်သစ် ကွန်ရက်နည်းပညာ 5G သုံး စမတ်ဖုန်းတွေ ဈေးကွက်ထဲ ရောက်ဖို့စောသေးပေမယ့် Huawei ကတော့ 5G ဖုန်းကို နောက်နှစ်ထဲ ထုတ်နိုင်ဖို့ယုံကြည်နေပါတယ်။

အောက်တိုဘာ ၁၆ ရက်က Huawei Mate 20 ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ ကုမ္ပဏီရဲ့ CEO ရစ်ချတ်ယုက "ကျွန်တော်တို့ခေါက်သိမ်းနိုင်တဲ့ ဖုန်းတွေ ထုတ်လုပ်နေပါတယ်။ 5G ရတဲ့ ခေါက်သိမ်းနိုင်တဲ့ ဖုန်းတွေပါ" လို့ကြေငြာခဲ့ပါတယ်။ မှတ်သားစရာ တစ်ခုက Huawei ရဲ့ နောက်ဆုံးထွက် Mate 20 Pro မော်ဒယ်ဟာ download speed ကို 1.4 Gbps နှုန်းအထိ ပံ့ပိုးပေးနိုင်တဲ့ 4.5G LTE Cat.21 Standard သုံး ကမ္ဘာ့ပထမဆုံး ဖုန်းဖြစ်တာပါပဲ။

ဒီအချက်တွေအပြင် Huawei Mate 20 Pro ဟာ 2GB size ရှိတဲ့ ဖိုင်တစ်ခုကို ဒေါင်းလုပ်ဆွဲဖို့၂ စက္ကန့်သာ ကြာမြင့်တဲ့ ကမ္ဘာ့အမြန်ဆုံး Wi-Fi ချိတ်ဆက်မှု မြန်နှုန်းကိုလည်း ထောက်ပံ့ပေးနိုင်မယ်လို့ဆိုပါတယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် Huawei ဟာ နောက်နှစ်ထဲမှာ 5G ဖုန်းထုတ်ဖို့ဆိုတာ အတော်လေး နီးစပ်တဲ့ အနေအထားမှာ ရှိနေတယ်လို့ဆိုနိုင်ပါတယ်။

စိတ်ဝင်စားစရာတစ်ခုက 5G ဖုန်းဖြစ်တာအပြင် ခေါက်သိမ်းနိုင်တဲ့ display နည်းပညာကို အသုံးပြုမယ်လို့အာမခံတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တစ်ချို့ကတော့ Huawei အနေနဲ့တကယ်တမ်းဈေးကွက်မှာ ခေါက်သိမ်းနိုင်တဲ့ ဖုန်းကို 5G ဗားရှင်းနဲ့ 5G မသုံးနိုင်တဲ့ မော်ဒယ်အဖြစ် ဗားရှင်း ၂ မျိုးနဲ့မိတ်ဆက်သွားမယ်လို့ယူဆနေကြပါတယ်။

Photo: wccftech

 

Huawei ဟာ 5G နည်းပညာမှာ အကြီးအကျယ် ရင်းနှီးမြှပ်နှံထားတာ ဖြစ်ပြီး သုတေသနပိုင်း အသုံးစရိတ်ကို ဒေါ်လာဘီလျံ ၂၀ အထိ သုံးစွဲသွားမယ်လို့လည်း ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က