ဆော့ဖ်ဝဲလ်နဲ့ခဏတာ အမြင့်ဆုံး စွမ်းဆောင်ရည် တင်ခဲ့တာပါ

ဖုန်းတစ်လုံးရဲ့ ရှိရင်းစွဲ စွမ်းဆောင်ရည်ထက် လိမ်ညာပြီး ပိုတင်ခဲ့တဲ့ Huawei P20 အပါအဝင် နာမည်ကြီး Huawei ဖုန်း ၄ မျိုးကို 3DMark Benchmark မှ ဖယ်ရှားလိုက်ပါတယ်။



gsmarena_002 (1).jpg

Photo: GSMArena

 

ဖုန်းလောကမှာ ဖုန်းတစ်လုံးရဲ့ စွမ်းရည်ကို တိုင်းတာတဲ့ benchmark test တွေ ရှိပါတယ်။ 3DMark ၊ PCMark ၊ Servermark နဲ့VRMark တို့လို ကမ္ဘာ့အကြီးဆုံး benchmark စစ်ဆေးတဲ့ UL ကုမ္ပဏီကတော့ Huawei ဖုန်းတစ်ချို့ဟာ score ကို ပုံမှန်ထက် တုပပြီး တင်ခဲ့တာ တွေ့ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

AnandTech မှာ Huawei ဟာ ဒီဖုန်းတွေမှာ ပါတဲ့ benchmark အတွက် 3DMark app ဖွင့်ထားတုန်းမှာ သိနိုင်တဲ့ ဆော့ဖ်ဝဲလ်သုံးခဲ့ပြီး testing လုပ်နေစဉ်အတွင်း processing စွမ်းရည်ကို အမြင့်ဆုံးဖြစ်အောင် လုပ်ခဲ့တာလို့ဖော်ပြခဲ့ပါတယ်။ ဒီလို လုပ်နေစဉ်အတွင်းမှာ အပူချိန် ဒီဇိုင်းပါဝါ TPD ထောက်ခံချက်တွေကို လျစ်လျူရှုထားတာပါ။ ဒီအတွက်ကြောင့် ရေရှည် တကယ်တမ်း ဖုန်းသုံးချိန်မှာ ဒီ benchmark score အတိုင်း အလုပ်မလုပ်နိုင်ဘူးလို့ဖော်ပြခဲ့ပါတယ်။

UL ရဲ့ ထုတ်ပြန်ချက်အရ Huawei P20 ၊ Huawei P20 Pro ၊ Nova 3 နဲ့Honor Play တို့ဟာ ကုမ္ပဏီရဲ့ စည်းမျဉ်းများကို ချိုးဖောက်ခဲ့တယ်လို့ဆိုပါတယ်။ UL ရဲ့ အဆိုအရ Huawei  P20 Pro ၊ Nova 3 နဲ့Honor Play တို့ကို Google Play မှာ Public version အနေနဲ့တင်ထားတဲ့ 3DMark နဲ့ရော manufacture အတွက်မဟုတ်တဲ့ private app နဲ့ပါ စမ်းသပ်ခဲ့ရာမှာ ပျမ်းမှအားဖြင့် private app တွေမှာထက် ၄၀% ပို တင်ထားတယ်လို့ဖော်ပြထားပါတယ်။

"ဒီဖုန်းတွေကို ကျွန်တော်တို့lab ထဲမှာ စမ်းကြည့်ပြီးနောက် သူတို့ဟာ ကျွန်တော်တို့ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တယ်လို့တွေ့ခဲ့ရပါတယ်။ ဒီတော့ အခုလိုမျိုး စည်းကမ်းနဲ့မညီတဲ့ ဖုန်းတွေကို ကျွန်တော်တို့ရဲ့ performance rankings ကနေ ဖယ်ဖို့ဆုံးဖြတ်လိုက်တာပါ" လို့UL က ထုတ်ပြန်ပါတယ်။

ဒီဖုန်း ၃ မျိုး စမ်းသပ်ပြီးနောက် Huawei P20 မှာလည်း အလားတူ တုပလိမ်ညာမှု ရှိတယ်ဆိုတာ တွေ့ရှိခဲ့တာပါ။ public အနေနဲ့ထုတ်ပေးထားတဲ့ 3DMark မှာတော့ သာမန်စွမ်းအင်သုံးစွဲမှုထက် ပိုတင်ခဲ့တဲ့ Performance Mode ကို Huawei ဟာ အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။ ဒီ mode ကြောင့် ပုံမှန်စွမ်းအင် သုံးစွဲမှုထက် ပိုကုန်စေမှာ ဖြစ်ပြီး 3DMark နဲ့စစ်ဆေးချိန်မှာ ဒီဝှက်ထားတဲ့ mode ကို သွားပြီး activate လုပ်ခဲ့တာပါ။

တစ်ဘက်မှာလည်း Huawei ဟာ AI ကနေ benchmark app သုံးနေတုန်းမှာ သူ့ဘာသာ အမြင့်ဆုံး performance ရောက်အောင် တင်လိုက်တာလို့ဆိုပါတယ်။ သို့သော်လည်း တစ်ခြား unlabled benchmark ဗားရှင်းနဲ့စမ်းကြည့်ရာမှာတော့ ဖုန်းတွေဟာ Performance mode ကို မသိတာကြောင့်  စွမ်းဆောင်ရည်ချပြီး ပြသခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဒီဖုန်းတွေဟာ 3DMark မှာ ပြသလောက် စွမ်းဆောင်ရည် မပြနိုင်တဲ့ သဘောပါ။

Huawei ကတော့ Performance mode ကို ကုမ္ပဏီရဲ့ နောက်ထပ် ထွက်လာမယ့် EMUI 9.0 မှာ ထည့်သွင်းပေးပြီး သုံးစွဲသူကို open access ပေးသွားမယ်လို့ဆိုပါတယ်။ ဒီ feature ကြောင့် ဖုန်းများကို အမြင့်ဆုံး စွမ်းဆောင်ရည်အထိ သုံးနိုင်မယ်လို့လည်း ကုမ္ပဏီက ကြေငြာထားပါတယ်။

Photo: Tech Crunch

 

Huawei နဲ့UL တို့ဟာ ယခု Benchmark ရလဒ်များအပေါ် ဆွေးနွေးညှိနှိုင်းမှု လုပ်ပြီးနောက် Huawei ဖုန်း ၄ မျိုးကို 3DMark စာရင်းကနေ ယာယီ ဖယ်ရှားလိုက်တာပါ။ Huawei အနေနဲ့Performance Mode ကို ထုတ်ပေးပြီးရင်တော့ ဒီဖုန်းတွေကို စာရင်းမှာပြန်တင်ဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က