ဒီနှစ်ထဲ Enjoy series ၅ မျိုး မိတ်ဆက်ထားပါတယ်။

Huawei ရဲ့ တန်ဖိုးသင့်ဖုန်း brand တစ်ခု ဖြစ်တဲ့ Enjoy seris တွေကို ၂၀၁၅ ခုနှစ်က စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဒီနေ့အချိန်မှာ စုစုပေါင်း အလုံးရေ ၄၅ သန်းကျော် ရောင်းချနိုင်ခဲ့ပြီ ဖြစ်တယ်လို့ဆိုပါတယ်။



Photo: gizchina

 

Enjoy 5 နဲ့5S ကစပြီး ထုတ်လာခဲ့တဲ့ ဒီဖုန်းတွေဟာ ၂၀၁၇ မှာ Enjoy 7 ၊ Enjoy 7S နဲ့Enjoy 7 Plus ဆိုပြီး မော်ဒယ် ၃ မျိုး ထွက်လာခဲ့ပါတယ်။ ဒီနှစ်မှာတော့ Huawei ဟာ Enjoy series အဖြစ် ဖုန်းသစ် ၅ မျိုးအထိ ဖြန့်ချိခဲ့ပြီ ဖြစ်ပါတယ်။

အစောပိုင်းက Huawei Enjoy 8e ၊ 8e Youth Edition နဲ့Enjoy 8 Plus သုံးမျိုး မိတ်ဆက်ထားပြီး အောက်တိုဘာ ၁၀ ရက်နေ့မှာ Enjoy 9 Plus နဲ့Enjoy Max သစ်များကို ထပ်မံမိတ်ဆက်ခဲ့တာပါ။ specs နဲ့ဒီဇိုင်းမှာတော့ Enjoy 9 Plus ဟာ Honor 8X နဲ့အတော်လေး ဆင်နေပြီး Honor လိုမျိုး ဒီဇိုင်းလန်းပြီး တန်ဖိုးသင့်တဲ့ mid-range ဖုန်းအဖြစ် ပွဲထုတ်ထားတာလည်း ဖြစ်ပါတယ်။

တရုတ်ဈေးကွက်မှာ Enjoy 9 Plus အဖြစ် မိတ်ဆက်ထားတဲ့ ဒီဖုန်းဟာ တစ်ခြားပြင်ပဈေးကွက်တွေမှာတော့ Huawei Y9 (2019) အနေနဲ့ဖြန့်ချိထားတာပါ။ ဒီဖုန်းဟာ iPhone XS Max အတိုင်း မျက်နှာပြင် ၆.၅ လက်မပါရှိပြီး notch display ကို သုံးထားတာ ဖြစ်ပါတယ်။

ထူးခြားတာက mid-range processor ဖြစ်တဲ့ Huawei Kirin 710 processor သစ်ကြောင့် NPU လို့ခေါ်တဲ့ AI လေ့လာမှု စွမ်းရည် ပါရှိပြီး animoji ဖန်တီးချက်တွေနဲ့အမြင့်စား Graphic စွမ်းဆောင်ချက်များ ပါရှိမှာပါ။ Enjoy 9 Plus ဟာ RAM 4GB နဲ့6GB ဗားရှင်း နဲ့storage ကိုတော့ 64GB နဲ့128GB နှစ်မျိုးနဲ့ထွက်လာမှာ ဖြစ်ပါတယ်။

Photo: BGR

 

ကျောဘက်မှာ 13MP+2MP ကင်မရာနဲ့ရှေ့ဘက် 16MP+2MP သုံးထားပြီး 4000 mAh အကြီးစားဘက်ထရီနဲ့ထွက်လာမှာ ဖြစ်ပါတယ်။ Enjoy 9 Plus ကို ၁၅၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၇ သောင်းခန့်နဲ့Enjoy Max ကို ၁၇၉၉  ယွမ် (မြန်မာငွေ ၄ သိန်း ကျော်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က