NM Card သစ်နဲ့အဆင့်မြင့် ကင်မရာနည်းပညာများ ပါဝင်လာဖို့ရှိပါတယ်။

အောက်တိုဘာလလယ်မှာ မိတ်ဆက်သွားမယ့် Huawei ရဲ့ flagship သစ်တွေကတော့ နည်းပညာနဲ့ဒီဇိုင်း ဆန်းသစ်ချက်တွေ အပြည့်နဲ့ပွဲထုတ်လာတော့မှာပါ။



EULGFhJ7Uk3SQczrFjCDD9-650-80.jpg

Photo: Tech Radar

 

အစဉ်အလာအတိုင်း Huawei ဟာ Mate 20 series သစ်ကို မိတ်ဆက်သွားမှာ ဖြစ်ပြီး နှစ်ဆန်းပိုင်းက ထွက်ထားတဲ့ Huawei P20 Pro စတိုင် ကင်မရာ ၃ လုံး သုံးသွားဖို့သေချာသလောက် ရှိနေပါတယ်။ ထူးခြားတာက ကျောဘက်ကင်မရာ ဒီဇိုင်းကို အရင်လို ထောင်လိုက် triple lens အဖြစ် မထုတ်ဘဲ LED flash နဲ့lens ၄ ခုကို စတုရန်းကွက်ထဲမှာ ထည့်သွင်းသွားမယ့် ဒီဇိုင်းနဲ့လာမှာပါ။

ရှေ့ဘက်မှာ notch display နဲ့ပဲ လာပြီး မျက်နှာပြင်ဖတ်နည်းပညာသစ်နဲ့အတူ မှန်ပြင်အောက် လက်ဗွေစနစ်ပါ သုံးသွားဖို့ရှိနေပါတယ်။ မျက်နှာပြင်အရွယ်အစားပိုင်းမှာ Mate 20 ရိုးရိုးဟာ ၆.၃ လက်မနဲ့လာပြီး Pro မော်ဒယ်မှာတော့ ၆.၉ လက်မအထိ ရှိလာမယ်လို့သတင်းပြေးနေပါတယ်။ Huawei ဖုန်းသစ်တွေမှာ စောင့်ကြည့်ရမယ့် အချက်တစ်ခုက ကြိုးမဲ့အားသွင်းစနစ်ကို ပထမဆုံး သုံးသွားမလား ဆိုတာပါပဲ။

သတင်းတွေမှာတော့ Huawei ရဲ့ wireless charger သစ်အကြောင်း ပြောထားတာ ရှိလို့Mate 20 နဲ့Mate 20 pro တို့ဟာ ကြိုးမဲ့အားသွင်းစနစ် ပံ့ပိုးချက် ပါလာဖို့ရှိပါတယ်။ သုံးသွားမယ့် processor ဟာ Huawei ရဲ့ နောက်ဆုံးထွက် 7nm FinFET နည်းပညာသစ်နဲ့ထုတ်လုပ်ထားတဲ့ Kirin 980 chipset ဖြစ်မှာပါ။

 Kirin 980 processor သစ်နဲ့အတူ ကင်မရာပိုင်း ဆန်းသစ်ချက်အနေနဲ့AI Cinema ရိုက်ကူးရေး နည်းပညာသစ်တွေ နဲ့AI Zoom စနစ်များ သုံးနိုင်ဖို့လည်း ရှိနေပါတယ်။ဒီ processor ဟာ Kirin 970 SoC ထက် ဘက်ထရီသုံးစွဲမှုပိုင်းမှာ ၄၀% ပိုသက်သာပြီး performance အနေနဲ့၂၀%ပိုသွက်မယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။

ကင်မရာပိုင်းမှာ စိတ်ဝင်စားစရာက ရေအောက်ကင်မရာ ရိုက်ကူးရေး စနစ် Underwater Mode ပါမယ်ဆိုတာပါပဲ။ တစ်ခုရှိတာက Mate 20 Pro ဟာ IP67 rating နှုန်းပဲ ရေစိုခံမယ်လို့သတင်းထွက်နေတာကြောင့် ရေအောက်မှာ ဓါတ်ပုံရိုက်နိုင်တယ်ဆိုပေမယ့် ကန့်သတ်ချက် အများကြီး ရှိနေမှာပါ။

Photo: GSMArena

 

Huawei Mate 20 Pro မှာ စောင့်ကြည့်ရမယ့် နောက်ထပ် နည်းပညာတစ်ခုကတော့ NM Card လို့ခေါ်တဲ့ Huawei ရဲ့ ကိုယ်ပိုင် စံနဲ့လာတဲ့ memory card နည်းပညာပါ။ ဒီနည်းပညာကတော့ ဖုန်းမှာ နောက်ထပ် storage တိုးချင်တယ်ဆိုရင် Huawei ဆီကနေ ပိုက်ဆံပေးဝယ်ရမယ့် နည်းပညာသစ်လည်း ဖြစ်ပါတယ်။

 

အောက်တိုဘာလ ၁၆ ရက်နေ့မှာ Huawei Mate 20/20 Pro တို့ကို အင်္ဂလန်နိုင်ငံ လန်ဒန်မှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး ဈေးနှုန်းနဲ့ဖြန့်ချိမယ့်ရက်ကို မိတ်ဆက်ပွဲမှာ ကြားသိရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က