အပြောင်းအလဲတွေက စတင်နေပါပြီ

ဒီနှစ် စမတ်ဖုန်းလောကမှာ နည်းပညာအသစ်စက်စက်တွေ အများကြီး မြင်ခဲ့ပြီးပေမယ့် Huawei ကတော့ Mate 20 series နဲ့အတူ စမတ်ဖုန်းနည်းပညာဘီးကို အရှိန်နဲ့ဆက်တွန်းသွားဖို့ရှိပါတယ်။



Capture_1280x912.jpg

Photo: The Verge

 

မကြာခင် မိတ်ဆက်သွားမယ့် Huawei Mate 20 နဲ့Mate 20 Pro ဟာ Huawei က ထုတ်ခဲ့သမျှ ဖုန်းတွေထဲမှာတင်မဟုတ်ဘဲ ဈေးကွက်မှာပါ သြဇာသက်ရောက်မယ့် မော်ဒယ်တွေ ဖြစ်ဖို့ရှိပါတယ်။ ဒီဇိုင်းပိုင်းမှာ Samsung Galaxy S8 မှာ စတင်မြင်တွေ့ခဲ့ရတဲ့ ဘေးဘောင်ခုံး Infinity Display နဲ့iPhone X စတိုင် ခပ်ကြီးကြီး notch ပါရှိပြီး ကျောဘက်မှာ ဆန်းပြားတဲ့ ကင်မရာဖွဲ့စည်းချက်ကို သုံးသွားဖို့ရှိနေပါတယ်။

Huawei Mate 20 Pro ဟာ မျက်နှာပြင် ၆.၃၉ လက်မ OLED display သုံးသွားဖို့ရှိပြီး physical fingerprint ကို မတွေ့ရတဲ့အတွက် မှန်ပြင်အောက် လက်ဗွေစနစ်ကို သုံးသွားမယ်လို့ယူဆနေကြပါတယ်။ Biometrics လုံခြုံရေးစနစ်အနေနဲ့Huawei ဟာ ကိုယ်ပိုင် Face Unlock နည်းပညာသစ်ဖြစ်တဲ့ ထောင်လိုက်မျက်နှာပြင်လေဆာ ဖတ်စနစ် VSEL ပုံစံကို သုံးသွားမယ်လို့ဆိုပါတယ်။

Huawei P20 Pro မှာ triple lens ကို စတင်အသုံးပြုလာတဲ့ Huawei ဟာ Mate 20 Pro မှာ စတုရန်းပုံ ကင်မရာ သုံးလုံး ဖွဲ့စည်းမှုသစ်ကို သုံးသွားဖို့ရှိပါတယ်။ ကမ္ဘာကျော် ဂျာမန်ကင်မရာကုမ္ပဏီ Leica ရဲ့ 40MP ၊ 20MP နဲ့8MP ကင်မရာ သုံးလုံးကို သုံးသွားဖို့ရှိပြီး ပုံထွက်ကောင်းဖို့အတွက် pixel လေးခုကို တစ်ခုတည်း ပေါင်းပေးနိုင်တဲ့ Light Fusion နည်းပညာ ပါရှိမှာပါ။

 

performance ပိုုင်းမှာ ဒုတိယမျိုးဆက် Kirin 980 processor သစ်နဲ့လာမှာ ဖြစ်ပြီး ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 7nm process နဲ့အကျစ်လစ်ဆုံး တည်ဆောက်ထားတဲ့ System on Chips ပဲ ဖြစ်ပါတယ်။ ဒီ processor နဲ့အတူ ဈေးကွက်ပေါ် လိုက်ပြီး Huawei Mate 20 Pro ဟာ RAM 6GB သို့မဟုတ် 8GB ပါရှိပြီး internal storage ကို 512GB အထိ ထည့်သွင်းသွားဖို့ရှိပါတယ်။

storage အနေနဲ့စိတ်ဝင်စားစရာတစ်ခုက Huawei ဟာ ကိုယ်ပိုင် memory card စနစ်သစ် ဖြစ်တဲ့ Nano Memory Cards နည်းပညာကို Mate 20 series မှာ စတင်သုံးသွားဖို့ရှိပါတယ်။ 256GB storage ထိ သိုလှောင်နိုင်ပြီး nano SIM card စတိုင်နဲ့လာမှာပါ။

ဒီနှစ်ထွက် Huawei Mate 20 မော်ဒယ်တွေဟာ အကြီးဆုံးဘက်ထရီအဖြစ် 4200mAh ကို သုံးပြီး SuperCharge အားသွင်းနည်းပညာဖြစ်တဲ့ နာရီဝက်အတွင်း ဘက်ထရီအား ၇၀% ဝင်စေမယ့် အမြန်အားသွင်းစနစ် ပါရှိမှာပါ။ နောက်ထပ် ထူးခြားတာက wireless charging စနစ်ကို Huawei Mate 20 မှာ ပထမဆုံးအကြိမ် သုံးသွားမှာ ဖြစ်ပါတယ်။

Photo: winfuture

 

Google Pixel 3 ဖုန်းသစ်တွေမှာ Andorid 9 Pieကို တရားဝင် အသုံးပြုနေပြီ ဖြစ်လို့Huawei Mate 20 series တွေမှာလည်း EMUI 9.0 ထည့်သွင်းထားတဲ့ Android 9 Pie တစ်ခါတည်း ပါလာဖို့သေချာသလောက် ရှိနေပါတယ်။ Huawei အနေနဲ့ကုမ္ပဏီ ဒုတိယမြောက် flagship ဖြစ်တဲ့ Mate 20 နဲ့Mate 20 Pro ဖုန်းသစ်တွေကို အောက်တိုဘာ ၁၆ ရက် အင်္ဂါနေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က