ဂိမ်းဖုန်းပါ မိတ်ဆက်ထားတာပါ

၂၀၁၈ အတွက် Huawei ရဲ့ ဒုတိယမြောက် flagship မော်ဒယ် Huawei Mate 20 စမတ်ဖုန်းသစ်တွေကတော့ ဈေးကွက်ကို လှုပ်ခတ်ဖို့ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။



လန်ဒန်မှာ ကျင်းပသွားတဲ့ ပွဲမှာ Huawei ဟာ Mate 20 ၊ Mate 20 Pro လို ပုံမှန်စီးရီးအပြင် luxury brand ဖြစ်တဲ့ Porsch Design Mate 20 RS နဲ့ဂိမ်းအသားပေး Mate 20 X ဆိုပြီး ဖုန်းသစ် ၄ မျိုးကို ကြေငြာခဲ့တာပါ။ ဖုန်း ၄ မျိုးစလုံးဟာ triple lens နဲ့လာပြီး wireless charging စနစ်တွေ ပါဝင်လာတာ ဖြစ်ပါတယ်။ တူတဲ့ အချက်တွေအနေနဲ့ကမ္ဘာ့ပထမဆုံး 7nm process နဲ့ထုတ်ထားတဲ့ Kirin 980 SoC သစ်နဲ့လာပြီး RAM 6GB/128GB storage တွေ ပါလာတာပါ။

 

 Huawei Mate 20

HesHvj7KJeqr4AJScGZxoE-1200-80.jpg

Photo: GoGame.com

 

၆.၅၃ လက်မ RGBW LCD display နဲ့လာပြီး 2244 x 1080 pixel ရုပ်ထွက်ဟာ တောက်ပမှုနှုန်းမှာ အမြင့်ဆုံးဖြစ်တဲ့ 800 nits ထိ ပါရှိပြီး notch အသစ်နဲ့ထွက်လာတာပါ။ OPPO ဖုန်းသစ်တွေမှာ စသုံးပြတဲ့ notch နဲ့ဆင်ပြီး ဘောင်တွေက တော်တော်ကြီးကို ပါးနေပါတယ်။ ဖုန်းရေစို / ဖုန်တင်ခံနိုင်စွမ်းမှာတော့ IP53 ပဲ ရှိပါတယ်။

ကင်မရာသုံးလုံး သုံးထားတာဆိုပေမယ့် Pro မော်ဒယ်နဲ့ယှဉ်ရင် နည်းနည်း နိမ့်တဲ့ triple lens ဖွဲ့စည်းပုံ ဖြစ်တဲ့ 16MP (ultra wide lens) ၊ 12MP (wide angle lens) နဲ့8MP (2x Tele lens) ကင်မရာတွေ ပါရှိပြီး ရှေ့မှာ 24MP ဆယ်လ်ဖီကင်မရာ သုံးထားပါတယ်။ ဒီဖုန်းမှာ 4000 mAh ဘက်ထရီ ပါရှိပြီး ဈေးနှုန်း ၇၉၉ ပေါင် (မြန်မာငွေ ၁၅ သိန်းနီးပါး) ဈေးနဲ့ရောင်းချသွားမှာပါ။

 

Huawei Mate 20 Pro

Mate-20-Pro-1280.jpg

Photo: firstpost

 

IP68 rating ရထားပြီး မျက်နှာပြင် ၆.၃၉ လက်မ ဘေးဘောင်ကွေး OLED display (1440 x 3120pixel) ကို သုံးထားပါတယ်။ မှန်ပြင်အောက်မှာ in-display fingerprint scanner ပါရှိတာက ဒီဖုန်းရဲ့ အားသာချက်တစ်ခုပါ။

4200 mAh ဘက်ထရီဟာ 40W ထွက်တဲ့ supercharge ဘက်ထရီအားသွင်းနည်းပညာ ၊ 15W Wireless charging နဲ့တစ်ခြား Qi Standard ကြိုးမဲ့အားသွင်းစနစ် ပါတဲ့ ဖုန်းတွေကို အားပြန်သွင်းပေးနိုင်တဲ့ reverse wireless charging ပါရှိပါတယ်။

ကင်မရာအနေနဲ့40MP ၊ 20MP နဲ့3x zoom ဆွဲနိုင်တဲ့ 8MP ကင်မရာသုံးလုံး ပါရှိပြီး 3D မျက်နှာပြင်ဖတ်စနစ် ၊ 3D ပုံဖော်စနစ်များနဲ့3D Live Emoji များ ပါဝင်တဲ့ 24MP ရှေ့ကင်မရာများ ပါဝင်လာပါတယ်။ Huawei Mate 20 Pro ဟာ Xiaomi Mi 8 မှာ စတင်မိတ်ဆက်ခဲ့တဲ့ Dual frequency GPS နည်းပညာကို သုံးထားတာ ဖြစ်လို့တည်နေရာပြချိန်မှာ အနီးစပ်ဆုံးထိ လမ်းညွှန်နိုင်တော့မှာ ဖြစ်ပါတယ်။

Photo: firstpost

 

ထူးခြားတာက ဒီဖုန်းအားလုံးမှာ Nao storage card တွေ ပံ့ပိုးထားတာပါ။ ဒီ nano SD card ဟာ ဒေတာ သယ်ပို့မှုပိုင်းမှာ 90MB/s ရှိပြီး အနည်းဆုံး 256GB အထိ သိမ်းနိုင်သလို ရိုးရိုး SD card ထက်လည်း ၄၅% ပိုသေးပါတယ်။

Huawei Mate 20 Pro ရဲ့ 6GB/128GB ဗားရှင်းကို ၁၀၄၉ ယူရို (မြန်မာငွေ ၁၉ သိန်းခွဲနီးပါး) ဈေးနဲ့ရောင်းချသွားမှာပါ။

 

Huawei Mate 20 X

Huawei-Mate-20-X-sets-to-prove-bigger-is-better-going-for-the-Galaxy-Note-9-jugular-with-a-stylus.jpg

Photo: tekkarsenal

 

gaming ဖုန်းအဖြစ် မိတ်ဆက်ထားပြီး မျက်နှာပြင်အကြီးဆုံး ဖြစ်တဲ့ ၇.၂ လက်မ Ultra Large Display နဲ့လာပါတယ။် OLED display နဲ့လာပြီး မှန်ပြင်ဟာ ကိုယ်ထည်ရဲ့ ၈၇% ကို နေရာယူထားပါတယ်။ ဒီဖုန်းမှာ M-Pen လို့ခေါ်တဲ့ intelligent pen ပါလာတာကြောင့်လည်း Note တစ်ခုလို သုံးနိုင်ပါတယ်။

ဂိမ်းအကြီးတွေကို အကြာကြီး ဆော့နိုင်စေဖို့စတီရီယိုစပီကာ ၂ ခု ပါရှိပြီး 5000mAh အကြီးစား ဘက်ထရီပါရှိပါတယ်။ သူကတော့ တစ်ခြား Mate 20/Mate 20 Pro တို့နဲ့မတူတာက ကျောဘက်မှာ သတ္ထုကိုယ်ထည်သုံးထားတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာတစ်ခုက ရေငွေ့အအေးစနစ်နဲ့ကာဗွန်အလွှာအုပ်ထားတဲ့ အပူစစ်ထုတ်တဲ့ စနစ်တွေ ပါဝင်တာပါ။

ကြိုးမဲ့အားသွင်းစနစ်မပါပေမယ့် Nano SD card တွေ ပါဝင်ပါတယ်။ သူ့ကိုတော့ RAM 6GB/128GB storage ကို ၈၉၉ ယူရို (မြန်မာငွေ ၁၆ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က