နိုဝင်ဘာ ဒုတိယအပတ်မှာ ဖြန့်ချိသွားမှာပါ

အောက်တိုဘာ ၁၆ ရက်နေ့က လန်ဒန်မှာ မိတ်ဆက်သွားခဲ့တဲ့ Huawei ရဲ့ နည်းပညာမြင့် Mate 20 နဲ့Mate 20 Pro တို့ကို လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့မှာ ပြည်တွင်းဈေးကွက်ထဲ တရားဝင်မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။



Photo: MSPoweruser

 

Huawei Mate 20 နဲ့Mate 20 Pro တို့ဟာ ၂၀၁၈ အတွက် ကုမ္ပဏီရဲ့ ဒုတိယမြောက် flagship မော်ဒယ်ဖြစ်ပြီး ၆.၅၃ လက်မ RGBW LCD display နဲ့၆.၃၉ လက်မ OLED display များနဲ့ထွက်လာခဲ့တာပါ။ဒီဖုန်းတွေဟာ ကမ္ဘာ့ပထမဆုံး 7nm process နဲ့ထုတ်ထားတဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Kirin 980 processor နဲ့လာတာပါ။

Mate 20 နဲ့Mate 20 Pro တို့ဟာ မှန်ကိုယ်ထည် ၊ ကြိုးမဲ့အားသွင်းစနစ်နဲ့လာပြီး Mate 20 Pro မှာတော့ မှန်ပြင်အောက် လက်ဗွေလုံခြုံရေး နည်းပညာ ပါဝင်ပါတယ်။ Mate 20 ဟာ ကျောဘက်မှာ ရိုးရိုး fingerprint scanner ပါရှိမှာပါ။

အမြင့်မော်ဒယ် Huawei Mate 20 Pro ဟာ အမြင့်ဆုံး ရေစိုဖုန်တင်ခံနှုန်းဖြစ်တဲ့ IP68 rating ရထားပြီး ရိုးရိုး Mate 20 ကတော့ IP53 rating နှုန်းထားနဲ့လာတာပါ။ ကင်မရာပိုင်းမှာ ကျောဘက် triple lens သုံးတာချင်း တူပေမယ့် Mate 20 Pro မှာတော့ ပိုမို အဆင့်မြင့်တဲ့ ကင်မရာအတွဲအစပ် စနစ်ကို သုံးသွားပါတယ်။

ရှေ့ဘက်မှာ 24MP ဆယ်ဖီကင်မရာကို ဖုန်းနှစ်လုံးစလုံး သုံးထားပြီး Pro မော်ဒယ်မှာတော့ 3D Depth Sensing ကင်မရာစနစ်ကြောင့် ဖုန်းကို မျက်နှာနဲ့ဝ.၆ စက္ကန့်အတွင်း လော့ခ်ဖွင့်နိုင်သလို စနစ်အမှားဖြစ်နိုင်ခြေအနေနဲ့အကြိမ် ၁သန်းမှာ ၁ ကြိမ်ပဲ ဖြစ်နိုင်မယ်လို့ဆိုပါတယ်။

ကင်မရာစနစ်အနေနဲ့Huawei Mate 20 ဟာ ကျောဘက်မှာ Ultra wide Angle Lens (f/1.8) ရှိတဲ့ 16MP ၊ Wide-Angle Lens (f/1.8) ပါရှိတဲ့ 12MP နဲ့OIS ရုပ်ငြိမ်စနစ်ပါဝင်ပြီး ပုံရိပ်အရည်အသွေး ကျဆင်းခြင်း မရှိဘဲ zoom ၂ ဆ ချဲ့နိုင်မယ့် 2x Tele Lens (f/2.4) ပါဝင်တဲ့ 8MP ကင်မရာများ သုံးထားပါတယ်။

Huawei Mate 20 Pro မှာတော့ Megapixel ပမာဏပိုများတဲ့ 40MP Wide-angle lens (f/1.8) ၊ 20MP ရှိတဲ့ Ultra-Wide Angle Lens (f/2.2) နဲ့အတူ OIS ပါပြီး ၃ ဆ zoom ဆွဲနိုင်တဲ့ 8MP tele lens (f/2.2) တို့ပါရှိမှာ ဖြစ်ပါတယ်။

Pro ဗားရှင်းမှာပဲ 4200mAh ဘက်ထရီ ၊ 40W supercharge စနစ် ၊ 15W wireless charging နဲ့တစ်ခြားကြိုးအားသွင်းစနစ်သုံး ဖုန်းတွေကို charging pad တစ်ခုလို အားပြန်သွင်းပေးနိုင်မယ့် Reverse wireless charging များ ပါဝင်ပါတယ်။

Photo: Indian Express

 

Huawei Mate 20 ဟာ 4000 mAh ဘက်ထရီနဲ့လာပြီး ဖုန်းနှစ်လုံးစလုံးဟာ နောက်ဆုံးထွက် Andorid P ပေါ် အခြေခံထားတဲ့ EMUI 9.0 နဲ့ထွက်လာတာပါ။ RAM / storage ကို 6GB/128GB အထိ သုံးထားပြီး မြန်မာပြည်ဈေးကွက်ကိုတော့ နိုဝင်ဘာ ဒုတိယအပတ်က စပြီး ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က