wireless charging စနစ် ပါလာမှာပါ

အခုချိန်မှာ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာကို ရောက်လာပြီ  ဖြစ်တဲ့ Huawei ဟာ လာမယ့် အောက်တိုဘာလမှာ ပရီမီယံမော်ဒယ် နည်းပညာမြင့် Mate series ကို မိတ်ဆက်တော့မှာပါ။

kirinchips.jpg

Photo: Tech Juice

 

Mate 20 series သစ်မှာ ရိုးရိုး Huawei Mate 20 အပြင် အနိမ့်ဆုံးမော်ဒယ် Huawei Mate 20 Lite နဲ့အမြင့်ဆုံးမော်ဒယ် Mate 20 Pro တို့လည်း ကြေငြာသွားမှာပါ။ ဒီထဲမှာ Mate 20 ဟာ မျက်နှာပြင် ၆.၃ လက်မ AMOLED display သုံးမယ်လို့သတင်းထွက်ထားပြီး ကျန်တဲ့ မော်ဒယ် ၂ မျိုးရဲ့ မျက်နှာပြင်အရွယ်အစား မသိရသေးပါဘူး။

ဒီစီးရီးရဲ့ အထူးခြားဆုံး အပြောင်းအလဲတွေထဲက တစ်ခုက 7nm FinFET နည်းပညာသစ်နဲ့ထုတ်လုပ်ထားပြီး 2.8GHz clock speed နှုန်းအထိ အလုပ်လုပ်ဆောင်နိုင်မယ့် Kirin 980 chipset သစ်ကို သုံးသွားဖို့ရှိနေပါတယ်။ လက်ရှိ AI processor ဖြစ်တဲ့ Kirin 970 SoC ထက် ဘက်ထရီသုံးစွဲမှုပိုင်းမှာ ၄၀% ပိုသက်သာပြီး performance အနေနဲ့၂၀%ပိုသွက်မယ်လို့လည်း သတင်းထွက်ထားပါတယ်။

storage ပမာဏပိုင်းအကြောင်း အတိအကျ မသိရသေးပေမယ့် အနည်းဆုံး RAM 6GB / 128GB storage တော့ သေချာပေါက် ပါလာမှာပါ။ ကင်မရာပိုင်း သတင်း မကြားရသေးပေမယ့် ဒီနှစ်ထဲ ထွက်ထားတဲ့ triple lens ပါ နာမည်ကျော် Huawei P20 Pro စတိုင် ကင်မရာ ၃ လုံးတွဲစနစ်ကို Mate 20 Pro မှာ ပြန်သုံးသွားဖို ု့လည်း ရှိနေပါတယ်။

နောက်ထပ်ထူးခြားတာက Mate 20 နဲ့20 Pro တို့ဟာ wireless charging စနစ်ကို ပထမဆုံး သုံးသွားဖို့ရှိပါတယ်။ အရင်နှစ်က ထွက်ခဲ့တဲ့ Mate 10/10 Pro အထိတော့ ကြိုးမဲ့အားသွင်းစနစ် မပါခဲ့ဘဲ Porsche Design Mate RS မှာသာ သုံးနိုင်ခဲ့တာပါ။ Mate 10 Pro မော်ဒယ်မှာဆိုရင် in-display fingerprint စနစ်လည်း ပါဝင်လာမယ်လို့ဆိုပါတယ်။

Photo: Android Headlines

 

Android စနစ်ပိုင်းမှာ Huawei ရဲ့ EMUI 9.0 UI ပါတဲ့ Android P သုံးလာဖို့ရှိပေမယ့် Android P နောက်ဆုံးဗားရှင်းက အခုထိ ထွက်မလာသေးလို့စောင့်ကြည့်ရမှာပါ။

Share

Loading Next Article...
က္က