AD
AD
AD

အမေရိကန်အစိုးရပိုင်းကနေ ခါးခါးသီးသီး တားမြစ်ထားတဲ့ တရုတ်စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုကတော့ Huawei ပါပဲ။ နိုင်ငံ့လုံခြုံရေးယိုစိမ့်မယ့် ပြဿနာကို ဦးတည်ပြီး US ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲတွေက Huawei ဖုန်းတွေ မကိုင်ဖို့ လူသိရှင်ကြား ကြေငြာချက်ထုတ်ပြန်ထားပေမယ့် Huawei ကတော့ Mate SE နာမည်နဲ့ ဖုန်းသစ်တစ်လုံးကို အမေရိကန်ဈေးကွက်ထဲ အရောက် မိတ်ဆက်ဖြန့် ချိလိုက်ပြီ ဖြစ်ပါတယ်။

play

 

US သီးသန့် brand အဖြစ် ဝင်လာတဲ့ Huawei Mate SE ဟာ တကယ်တမ်းတော့ မကြာသေးခင်ကမှ ဈေးကွက်ထဲ ဖြန့် ချိသွားတဲ့ Honor 7X ကိုပဲ နာမည်ပြောင်း ထုတ်လိုက်တာပါ။ ဒီဇင်ဘာလထဲမှာ မိတ်ဆက်သွားတဲ့ Honor 7X လိုပဲ ဒီဖုန်းဟာ ခေတ်သစ်ဖုန်းဒီဇိုင်းကိုမှ ဘေးဘောင်ပါးပါး တန်ဖိုးသင့် ဖုန်းမော်ဒယ်တစ်ခု ဖြစ်ပြီး အတွင်း specs တစ်ချို့ ကို upgrade လုပ်ထားတာ ဖြစ်ပါတယ်။ RAM နဲ့ storage ပမာဏကိုလည်း Mate SE မှာ ထပ်မြှင့်ထားပြီး အရင် 3GB/32GB အတွဲကနေ RAM 4GB/storage 64GB ကို ပြောင်းထားတာပါ။

Honor 7X အတိုင်း ၅.၉၃ လက်မ 1080p display သုံးထားပြီး ကိုယ်ထည်ဒီဇိုင်းအချိုးအစားကတော့ 18:9 aspect ratio နဲ့ လာသလို Processor ကလည်း Kirin 659 chipset ကိုပဲ ဆက်သုံးထားတာ ဖြစ်ပါတယ်။ Mate SE ဟာ ကျောဘက် ကင်မရာဒီဇိုင်းမှာ Honor 7X နဲ့ မတူတော့ပါဘူး။ အလျားလိုက် dual rear ကင်မရာသုံးထားပေမယ့် ကင်မရာဒီဇိုင်းမှာတော့ သိသိသာသာပြောင်းထားတာပါ။ ကင်မရာ lens တွေကတော့ အရင် Honor 7X အတိုင်းပဲ ထွက်လာပြီး ကျောဘက်မှာ ထားထားတဲ့ logo က Honor logo မဟုတ်တော့ဘဲ Huawei တံဆိပ်နဲ့ လာတာတွေ့ ရပါတယ်။

play

 

အမေရိကန်လုံခြုံရေးအာဏာပိုင်အဖွဲ့ အစည်းတွေ ဖြစ်တဲ့ CIA ၊ FBI နဲ့ NSA တို့ မှ အကြီးအကဲများကတော့ အမေရိကန်နိုင်ငံသားများအနေနဲ့ Huawei နဲ့ ZTE အပါအဝင် တရုတ်ထုတ် စမတ်ဖုန်းတွေ မဝယ်ဖို့ သတိပေးထားပါတယ်။ သို့ သော်လည်း ၂၂၉ ဒေါ်လာတန် Huawei Mate SE ကတော့ အမေရိကန်ဈေးကွက်ထဲမှာ ရောက်လာပြီ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD