AD
AD
AD

နာမည်ကြီး Huawei P စီးရီးသစ်များကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့ မှာ မတ်လ ၂၇ ရက်နေ့ မိတ်ဆက်သွားမှာပါ။ ဒီပွဲမှာ Huawei ဟာ P20 Lite ၊ P20 နဲ့ တန်ဖိုးကြီး P20 Pro ဆိုပြီး စမတ်ဖုန်းသစ် ၃ မျိုးကို မိတ်ဆက်သွားမှာ ဖြစ်ပြီး ဒီဖုန်းတွေရဲ့ အနီးစပ်ဆုံး ဈေးနှုန်းကိုလည်း ကြားနေရပါတယ်။

play

 

အခုပေါက်ကြားလာတာကတော့ ဥရောပဈေးကွက် ပေါက်ဈေးတွေ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး Huawei P20 Lite ကို ၃၆၉ ပေါင် (၄၅၄ ဒေါ်လာ ဝန်းကျင်) ဈေးနဲ့ စတင်ရောင်းချသွားမှာပါ။ Huawei P20 နဲ့ P20 Pro တို့ ကတော့ ၆၇၉ ပေါင် ( ၈၃၆ ဒေါ်လာ ဝန်းကျင်) နဲ့ ၈၇၉ ပေါင် (၁၁၀၇ ဒေါ်လာဝန်းကျင်) ခန့် ဈေးတွေနဲ့  ထွက်လာမယ်လို့ ဆိုပါတယ်။ ဒါကတော့ ပေါင်နဲ့ ဒေါ်လာ လက်ရှိပေါက်ဈေးပေါ် အခြေခံပြီး တွက်ချက်ထားတာ ဖြစ်လို့ ဈေးအပြောင်းအလဲ ရှိနိုင်ပါတယ်။

ဒီဇိုင်းပိုင်းမှာတော့ Huawei ရဲ့ ဒီဖုန်းသစ် သုံးမျိုးစလုံးဟာ iPhone X ရဲ့ notch စတိုင်ကို ယူသုံးထားပြီး ဖုန်းသုံးလုံးစလုံးမှာ ထောင်လိုက် dual rear camera ပါရှိမယ်လို့ ဆိုပါတယ်။ P20 နဲ့ P20 Pro တို့ ဟာ ဈေးအားဖြင့် ကွာခြားနေပေမယ့် တကယ်တမ်း သုံးထားတဲ့ processor ချင်းကတော့ အတူတူပဲ ဖြစ်မှာပါ။ အရင်နှစ် Huawei Mate 10 စီးရီးမှာ သုံးခဲ့တဲ့ AI နည်းပညာပါ Kirin 970 chipset ကို ဒီဖုန်းတွေမှာ ဆက်သုံးသွားမှာ ဖြစ်ပြီး Huawei P20 Lite မှာတော့ Mate 10 Lite မှာလိုပဲ Kirin 659 chipset ပဲ သုံးသွားဖို့ ရှိနေပါတယ်။

play

 

ကင်မရာအနေနဲ့ အသေးစိတ်မသိရသေးပေမယ့် Huawei P20 Pro ဟာ ကျောဘက်မှာ ကင်မရာ ၃ လုံး အထိ သုံးသွားမယ်လို့ သတင်းထွက်နေပါတယ်။ တစ်ခြား specs တွေအနေနဲ့ P20 စီးရီးသစ်မှာ ကိုယ်ပိုင် Face Unlock နည်းပညာ ၊ Animoji နဲ့ ကင်မရာ features သစ်များ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD