AD
AD
AD

ကမ္ဘာကျော် ဂျာမန် ဇိမ်ခံကားကုမ္ပဏီ Porsche နဲ့ Huawei တို့ ပေါင်းပြီး ၂၀၁၆ ကတည်းက ပရီမီယံ စမတ်ဖုန်း edition အဖြစ် မိတ်ဆက်လာခဲ့ရာကနေ P20 စီးရီးသစ်မှာလည်း Porsche Edition သစ်ကို ထည့်သွင်းကြေငြာသွားမယ်လို့ ဆိုပါတယ်။

play

 

မတ်လ ၂၇ ရက်နေ့  ပဲရစ်မှာ Huawei ဟာ P စီးရီးသစ်အဖြစ် P20 ၊ P20 Pro နဲ့ P20 Lite စမတ်ဖုန်းသစ် ၃ မျိုးကို မိတ်ဆက်သွားဖို့ ရှိပြီး Porsche Edition ကို Huawei P20 နဲ့ ပွဲထုတ်ဖို့ ရှိနေပါတယ်။ Huawei P20 ဟာ ကျောဘက်မှာ dual lens နဲ့ လာမယ့် မော်ဒယ်ဖြစ်လို့ Huawei P20 Porsche Edition လည်း ကျောဘက် ကင်မရာနှစ်လုံးသုံးသွားဖို့ များပါတယ်။

အမြင့်မော်ဒယ် P20 Pro ကတော့ ထောင်လိုက် ကင်မရာသုံးလုံးတွဲစနစ်ကို သုံးသွားမယ်လို့ ဆိုတာတော့ Porsche Edition မှာ ကင်မရာ ၃ လုံးစနစ် မြင်ရဖို့ မရှိပါဘူး။ တစ်ခုရှိတာက Huawei P20 Porsche Edition ဟာ Vivo X20 Plus UD မော်ဒယ်လိုပဲ မှန်ပြင်ထဲမှာ လက်ဗွေထည့်ထားမယ့် ဖုန်းဖြစ်မယ်လို့ ဆိုပါတယ်။

 

in-display fingerprint ကို ဒီမော်ဒယ်မှာ သုံးမယ်ဆိုတာကတော့ သိပ်ပြီး သေချာတဲ့ သတင်းတော့မဟုတ်သေးပါဘူး။ တစ်ခုရှိတာက ဒီဖုန်းမှာ တစ်ခြား P20 မော်ဒယ်တွေလို home button မမြင်ရတာနဲ့ fingerprint ကို ကျောဘက်မှာ ထားတာမတွေ့ တာကြောင့် အခုလို ထင်မြင်ချက် ပေးတာ ဖြစ်မယ်လို့ ယူဆရပါတယ်။ Porsche Edition မှာ တစ်ခြားမော်ဒယ်နဲ့ မတူက iPhone X notch ဒီဇိုင်းမျိုး သုံးမထားတာပါပဲ။ ဘေးဘောင်မှာ fingerprint button သက်သက်ထည့်သွားဖို့ လည်း သိပ်မဖြစ်နိုင်တဲ့အပြင် Synaptics ကလည်း သူရဲ့ နည်းပညာကို ဖုန်းကုမ္ပဏီ ၅ ခုက သုံးသွားမယ်လို့ ကြေငြာထားလို့ Huawei ဟာ ဒီ မော်ဒယ်မှာ in-display fingerprint နဲ့ လာနိုင်ခြေ ရှိပါတယ်။

play

 

Huawei P20 Porsche Edition ဟာ မျက်နှာပြင် ၆ လက်မ OLED display နဲ့ လာပြီး Mate 10 စီးရီးလို Kirin 970 chipset ကို သုံးသွားဖို့ ရှိနေပါတယ်။ ဒီဗားရှင်းမှာ RAM ပမာဏ 8GB အထိ ပါဝင်လာမယ်လို့ လည်း မျှော်လင့်ထားကြပါတယ်။ နောက်ပိုင်းမှာ Huawei ဟာ ကိုယ်ပိုင် မျက်နှာပြင်ဖတ်နည်းပညာနဲ့ AR Emoji တွေ ထုတ်လာပြီ ဖြစ်လို့ P20 စီးရီးမှာလည်း ဒီနည်းပညာနဲ့ feature တွေ မြင်ရဖို့ ရှိပါတယ်။ luxury model ဖြစ်လို့ P20 Porsche Edition ဟာ ဒေါ်လာ ၁၀၀၀ နဲ့ အထက် ဈေးပေါက်ဖို့ လည်း ရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD