ဘေးဘောင်မှာ fingerprint scanner ပါလာမှာပါ

Samsung ကတော့ ဒီတစ်ပတ်ထဲမှာ Infinity Display သုံးတဲ့ တန်ဖိုးသင့်မော်ဒယ်သစ် ၂ မျိုးကို မိတ်ဆက်သွားတော့မှာပါ။

Samsung.png

Photo: firstpost

 

အိန္ဒိယဈေးကွက်ထဲ ဖြန့်ချိသွားမယ့် မော်ဒယ်သစ် ၂ မျိုးကတော့ Galaxy J4+ နဲ့Galaxy J6+ တို့ဖြစ်ပြီး Galaxy S8 စတိုင် Infinity Display စနစ်ကြောင့် အထက်အောက် ဘေးဘောင်တွေ အတော်လေး ပါးလာမှာ ဖြစ်ပါတယ်။ အရင် Galaxy J4/J6 မှာလည်း Super AMOLED display သုံးပေမယ့် ဒီဇိုင်းပိုင်းမှာတော့ home button ပါတဲ့ ခပ်ရိုးရိုး ဒီဇိုင်း ဖြစ်နေပါတယ်။

ကျန်တဲ့ အချက်အလက်တွေကတော့ သိပ်မသိရသေးပါဘူး။ Galaxy J6+ မော်ဒယ်မှာတော့ dual cameras စနစ် သုံးသွားဖို့ရှိပြီး Galaxy J4+ မှာတော့ သုံးစွဲသူရဲ့ မျက်နှာ အမူအယာအတိုင်း emoji ပုံဖော်နိုင်တဲ့ emotify feature သစ် ပါလာဖို့ရှိနေပါတယ်။ Emotify ဟာ AR Emoji ကို ပိုပြီး ရိုးရှင်းတဲ့ ဗားရှင်းအဖြစ် ပြန်ထုတ်သွားတဲ့ နည်းပညာ တစ်ရပ်ဖြစ်ပါတယ်။

Plus series အနေနဲ့ထွက်လာမယ့် ဒီဖုန်းတွေဟာ နှစ်ဆန်းပိုင်းက ထွက်ထားတဲ့ Galaxy J4 နဲ့J6 တို့ရဲ့ အဆက်ဖြစ်ပြီး OS စနစ်အနေနဲ့ Android 8.0 Oreo စနစ်နဲ့လာမယ်လို့သတင်းထွက်ထားပါတယ်။ တစ်ခြား အချက်အလက်တွေအနေနဲ့အသေးစိတ်မသိရသေးပေမယ့် တောက်ပသားနားတဲ့ အရောင်စုံစုံလင်လင် နဲ့လာမယ်လို့ဆိုပါတယ်။

ထူးခြားချက်အနေနဲ့Galaxy J6+ ဟာ fingerprint reader ကိုတော့ ဖုန်းကိုယ်ထည်ရဲ့ ဘေးဘောင်မှာ တပ်ဆင်သွားဖို့ရှိပါတယ်။ ဒါဟာ Samsung ဖုန်းတွေထဲမှာ ပထမဆုံး ဘေးကိုယ်ထည် fingerprint sensor ထားတဲ့ ဖုန်းလည်း ဖြစ်ဖို့ရှိပါတယ်။

Photo: Fone Arena

 

အိန္ဒိယဈေးကွက်မှာတော့ ဒီဖုန်းမော်ဒယ် ၂ မျိုးကို စက်တင်ဘာ ၂၅ ရက်နေ့မှာ ဖြန့်ချိသွားမှာ ဖြစ်ပြီး ရူပီး ၁၀၀၀၀ (မြန်မာငွေ ၂ သိန်းကျော်) ဈေးကနေ ရူပီး ၂ သောင်း (မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ခန့်မှန်းထားပါတယ်။

Share

Loading Next Article...
က္က