AD
AD
AD

Facebook Mobile Application အသုံးပြုသူများဟာ ဒီနေ့ နေ့လည် ၁ နာရီခွဲ ဝန်းကျင်လောက်က ဓါတ်ပုံဆိုဒ်များ ပြောင်းလဲ ခြင်း ပြသာနာများ ရှိခဲ့တယ်လို့ Status များ ရေးသားထားတာ တွေ့ရပါတယ်။ ဒီ Error ဟာ Facebook ဘက်က ဖြစ်ခဲ့တာ ဖြစ်ပြီး Down Dector မှာလဲ Report များ တွေ့ရှိခဲ့ပါတယ်။

play

 

play

Facebook image များဟာ Instagram image size အချိုးအတိုင်း ဖြစ်နေတာဖြစ်ပြီး တင်မျှ ပုံတွေ အကုန်လုံးဟာ 1:1 အချိုးနဲ့ ပြတ်တောက်နေခဲ့တာဖြစ်ပါတယ်။ ထို့အပြင် ပုံများကို ဖိနှိပ်ကာ အကြီးချဲ့ zoom ဆွဲခြင်းများ၊ Save image များ ပြုလုပ်မရခြင်းလည်း ပါဝင်နေပြီး သုံးစွဲသူများ အခက်တွေ့လျက်ရှိပါတယ်။

“ကျနော်သူ့ငယ်ချင်း က iOS သုံးတာ သူ့ဖုန်းမှာ အဲလိုဖြစ်နေတယ် လာပြတာ ကျနော်လဲ Facebook ကတော့ ပြောင်လဲလိုက်ပြီထင်လို့ ကျနော့် Andriod ဖုန်းက Facebook Version တောင် မမြှင့်ပဲစောင့်ကြည့်နေတာ ပြီးတော့ ပြန်အဆင်ပြေသွားတယ် “ ဟု Andriod ဖုန်းအသုံးပြုနေသူ ကိုနေထွဋ်က သူ့အတွေ့အကြုံကို ပြောပါတယ်။

 

ကြာမြှင့်ချိန် ခန့်မှန်း (၁) နာရီ ကျော် ခန့် ကြာပြီးချိန်မှာတော့ ဒီ Error ကို Facebook က ပြန်လည် ပြင်ဆင်လိုက်နိုင်ပါတယ်။ အများစုဟာ iOS အသုံးပြုသူများသာ ဖြစ်ပြီး Andriod ဖုန်း အသုံးပြုသူ များကတော့ မဖြစ်ဘူးလို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD