AD
AD
AD

Apple ရဲ့ ထုတ်ကုန်တွေကို တပ်ဆင်ပေးနေတဲ့ Wistron ဆိုတဲ့ အိန္ဒိယစက်ရုံတစ်ရုံဟာ iPhone 6s Plus ကို လာမယ့် ရက်သတ္တပတ်များအတွင်း ထုတ်လုပ်သွားတော့မယ်လို့ သတင်းထွက်နေပါတယ်။

play

 

ဈေးကွက်မှာ ဖြန့် ချိခဲ့တာ ၃ နှစ်ကြာပြီဖြစ်တဲ့ ဒီမော်ဒယ်ကို ပြန်ထုတ်ရာမှာ ဈေးနှုန်းကို မူရင်းဈေးထက် ၅% ကနေ ၇% အထိ လျှော့ချပေးသွားမယ်လို့ လည်း Wistron စက်ရုံ အကြီးတန်း အမှုဆောင် နှစ်ဦးက အတည်ပြုထားပါတယ်။ ဘန်ဂလာရူစက်ရုံမှာ ထုတ်သွားမယ့် iPhone 6s Plus ၂၀၁၈ ခုနှစ် မော်ဒယ်သစ်တွေအတွက် ပစ္စည်းအစိတ်အပိုင်းနဲ့ ထုတ်ပိုးမှုအားလုံးကို Apple ဟာ အိန္ဒိယမှာပဲ အပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ယခုလအစောပိုင်းမှာလည်း အိန္ဒိယအစိုးရဟာ ဆားကစ်ဘုတ်များ ၊ ကင်မရာအစိတ်အပိုင်းများ ၊ ချိတ်ဆက် connectors များနဲ့ တစ်ခြား ပစ္စည်း အစိတ်အပိုင်းများအတွက် သွင်းကုန်ထုတ်ကုန် အကောက်ခွန်ကို ၁၀% သတ်မှတ်သွားမယ်လို့ ကြေငြာထားပါတယ်။

 

ဒေသတွင်း စီးပွားရေး မြှင့်တင်ဖို့ ကြိုးပမ်းလာတဲ့ အိန္ဒိယအစိုးရမူဝါဒသစ်မှာ Apple ဟာ နာမည်ကြီး iPhone မော်ဒယ်ဟောင်းများကို တန်ဖိုးသစ်နဲ့ ပြန်ထုတ်နိုင်အောင် အစီအစဉ်သစ်များ ရေးဆွဲလာတာပါ။ ဒီထဲမှာ မျက်နှာပြင် ၅.၅ လက်မ Retina Display ၊ 12MP ကင်မရာ နဲ့ 4K video recording ရိုက်နိုင်တဲ့ နာမည်ကြီး iPhone 6s Plus ထုတ်လုပ်ဖို့ လည်း ပါဝင်ပါတယ်။ iPhone 6s PLus ရဲ့ ထူးခြားမှုကတော့ နောက်ထွက် ဖုန်းသစ်တွေမှာ မမြင်ရတဲ့ rose gold ကာလာပါရှိထားတာ ဖြစ်ပါတယ်။

Apple ဟာ ၂၀၁၇ ခုနှစ်ထဲက စပြီး iPhone SE မော်ဒယ်သစ်ကိုလည်း Wistron စက်ရုံကနေတစ်ဆင့် ဘန်ဂလာရူမှာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ် ။ အိန္ဒိယဈေးကွက်မှာ လူကြိုက်များတဲ့ iPhone မော်ဒယ်တွေကိုကြည့်ရင် လက်ရှိ အသစ်ထွက်ထားတဲ့ မော်ဒယ်တွေထက် အရင် ဗားရှင်းအဟောင်းတွေကိုပဲ သဘောကျတာ များပါတယ်။ ဒီအချက်ကနေ အိန္ဒိယဈေးကွက်မှာ ဝယ်လိုအားရှိတဲ့ iPhone ဟောင်းများကို ဈေးနှုန်းအသစ်နဲ့ ထုတ်ဖို့ Apple ဟာ ဆုံးဖြတ်လိုက်တာပါ။

play

 

လက်ရှိ IDC အစီရင်ခံစာများအရ Apple ဟာ အိန္ဒိယဈေးကွက်တစ်ခုလုံးမှာ ၂% ဝေစုပဲ ရထားတာ ဖြစ်တာကြောင့် အိန္ဒိယဈေးကွက်အကြိုက် တန်ဖိုးသင့်/နည်း ဖုန်းများကို ထုတ်ပြီး ဈေးကွက်ဝေစု ပြန်လုရဖို့ ရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD