Mobile: အလူမီနီယံကနေ စတီးကိုယ်ထည်ပြောင်းသုံးထားတဲ့ iPhone 8

ဒဏ်ခံနိုင်တဲ့ ဖန်ပြင်နှင့် စတီးကိုယ်ထည်ကို တွဲပြီး တည်ဆောက်ထားတာပါ။

play

 

iPhone 8 ရဲ့ နောက်ထွက်လာမယ့် features ထဲမှာ ထူးခြားလာတာက အလူမီနီယံ ကိုယ်ထည်သုံးရာကနေ စတိန်းလက်စတီး ပြောင်းသုံးလာတာ ဖြစ်ပါတယ်။

ထိုင်ဝမ်ကလာတဲ့ သတင်းများအရ နောက်လာမယ့် iPhone 8 ကိုယ်ထည်ပိုင်းအတွက် Foxconn ကုမ္ပဏီကို supplier အနေနဲ့ သုံးတော့မှာ မဟုတ်တော့ဘဲ Jabil ကုမ္ပဏီကနေ သံချေးမတက်နိုင်တဲ့ စတိန်းလတ် စတီးကိုယ်ထည်များ မှာယူသွားမယ်လို့ သိရပါတယ်။ ဒီအရင်ကလည်း iPhone 4 နဲ့ 4S တို့ ရဲ့ antenna bands နှစ်ခုကို မှန်ကိုယ်ထည်ထဲ ထည့်သုံးခဲ့တာပါ။ ဒါပေမယ့်လည်း iPhone 4 မှာ Apple ဟာ CNC နည်းပညာသုံးပြီး ပုံလောင်းခဲ့တာ ဖြစ်ပါတယ်။

ပုံသွင်းနည်းကတော့ ကိုယ်ထည်အပြည့်အစုံရဖို့ ပုံစံခွက်မိုလ် ရဲ့ အခြမ်းနှစ်ခုအကြား သတ္ထုရည်ကို အံကျဖိညှစ်တဲ့နည်းဖြစ်တယ်လို့ Apple Insider မှာ ဖော်ပြထားပါတယ်။ ပုံသွင်းကိရိယာတွေဟာ CNC နည်းပညာနဲ့ လုပ်တာထက် ပုံသဏ္ဍာန်ပိုင်းပိုမို ကြံ့ခိုင်မှုရှိပေမယ့် အတွင်းဒီဇိုင်းထွင်းတာတစ်ချို့ အတွက် ဒီနည်းပညာကို သုံးနေဆဲ ဖြစ်ပါတယ်။

 

iPhone 8 ဟာ ဖန်ပြင်ကိုယ်ထည်ဒီဇိုင်းနဲ့ ထွက်မယ်လို့ အစောပိုင်းက သတင်းတွေ ထွက်ခဲ့ပါတယ်။  အိုင်ဖုန်းအသစ်တစ်လုံးထုတ်လိုက်တိုင်း လူထု စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ Apple ဟာ ဒီတစ်ခါမှာ ပုံလောင်းစတီးကိုယ်ထည်များကို သုံးသွားမလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

Source: Apple Insider

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ