ဝယ်လိုအားကျဆင်းလာဖို့ရှိနေပါတယ်။

ထင်ထားတာထက် ဝယ်လိုအားကျဆင်းလာခြင်းဟာ Apple အတွက် iPhone သစ်တွေ ဆက်ထုတ်ဖို့စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။

1542652361_6.jpg

Photo: Daily Asian Age

 

စက်တင်ဘာလက မိတ်ဆက်ခဲ့တဲ့ iPhone XS နဲ့iPhone XR တို့အတွက် အော်ဒါမှာယူမှုကို Apple ဟာ လျှော့ချလာပြီလို့Wall Street Journal က ဆိုပါတယ်။ ဈေးကွက်ထဲ ရောက်လာတာ နှစ်လတင်းတင်းပြည့်ခဲ့ချိန်မှာ iPhone သစ်တွေရဲ့ ဝယ်လိုအားဟာ မှန်းသလောက်ဖြစ်မလာခဲ့တာကလည်း iPhoen သစ်တွေ ထပ်ထုတ်ဖို့စက်ရုံတွေကို အော်ဒါမှာယူတဲ့အပေါ် ချိန်ဆလာတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Apple ဟာ iPhone XR အတွက် အော်ဒါမှာယူမှုကို သုံးပုံတစ်ပုံအထိ လျှော့ချလိုက်ပြီး iPhone XS နဲ့XS Max တို့ကိုလည်း အော်ဒါမှာယူမှု လျှော့ထားတယ်လို့ဆိုပါတယ်။ အစောပိုင်းက iPhone XR ကို စက်တင်ဘာကနေ ဖေဖော်ဝါရီလအတွင်း အလုံးရေ သန်း ၇၀ အတွက် မှာဖို့ပြင်ခဲ့ရာကနေ အခုဆို သန်း ၂၀ လျှော့ချပြီး မှာယူသွားမယ်လို့ခန့်မှန်းနေကြပါတယ်။

Apple ရဲ့ ဈေးကွက်ကို ကျွမ်းကျင်တဲ့ ပညာရှင်တွေကလည်း ခရစ္စမတ်ကာလ iPhone ရောင်းအားဟာ ကျဆင်းသွားမယ်လို့ခန့်မှန်းထားကြပါတယ်။ အထူးသဖြင့် iPhone XR လို ဈေးအနည်းဆုံး မော်ဒယ်ကို အာရုံစိုက်ထားတဲ့ Apple အတွက် သတင်းဆိုးလည်း ရှိနေပါတယ်။

မကြာသေးခင်ကပဲ ဈေးကွက်ပညာရှင် မင်ချိကုအိုကတော့ iPhone XR ဟာ အရင်မှန်းခြေထက် အလုံးရေ သန်း ၃၀ ရောင်းအားလျော့ တော့မယ်လို့ဟောကိန်းထုတ်ထားပါတယ်။

မင်ချိကုအိုဟာ ၂၀၁၈ စတုတ္ထသုံးလပတ်ကနေ ၂၀၁၉ တတိယသုံးလပတ်အတွင်း iPhone XR စုစုပေါင်း သန်း ၁၀၀ ရောင်းချဖြစ်မယ်လို့တွက်ချက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ အပတ်မှာတော့ သန်း ၇၀ ပဲ ရောင်းထွက်တော့မယ်လို့ထပ်ပြောခဲ့ပါတယ်။ Apple အနေနဲ့iPhone XR ကို အောက်တိုဘာလရောက်မှ စတင်ရောင်းချခဲ့ပေမယ့် ဈေးကွက်မှာ အကြိုက်နည်းနေကြပါတယ်။

Photo: Yahoo

 

iPhone ရောင်းအားကျဆင်းလာခြင်းအတွက် မင်ချိကုအိုက အကြောင်းပြချက် ၃ ခုပေးပြီး ထင်ရှားတာကတော့ Huawei ရဲ့ စိန်ခေါ်မှုကလည်း iPhone တွေ အရောင်းထိုင်းစေခဲ့တာလို့ဆိုပါတယ်။ iPhone ရောင်းအားနည်းမယ့်အကြောင်း ရင်းနှီးမြှပ်နှံသူတွေကို သတိပေးပြီးနောက် Apple ရဲ့ စတော့ရှယ်ယာဟာ ၅% ကျဆင်းသွားပါတယ်။

Share

Loading Next Article...
က္က