ဗူးနဲ့တစ်ခါတည်း ပါလာမှာမို့အပိုပစ္စည်း ဝယ်စရာမလိုတော့ပါဘူး။

၂၀၁၈ နှစ်တစ်ဝက် ကျိုးသွားပါပြီ။ နောက် ၂ လလောက်ဆို iPhone fan တွေအတွက် ရင်ခုန်စရာတွေ လာတော့မှာပါ။

[No available link text] 

ဒီထဲကမှ စိတ်ဝင်စားစရာ သတင်းတစ်ခုက Apple ဟာ iPhone တွေမှာ အစဉ်အလာ သုံးလာခဲ့တဲ့ အားသွင်းရ နှေးကွေးတဲ့ USB- A အားသွင်းစနစ်ကို ဒီနှစ်ကစပြီး Type C နဲ့ပြောင်းသုံးသွားတော့မယ်ဆိုတဲ့ သတင်းပါ။ ၂၀၁၈ မော်ဒယ် iPhone တွေဟာ 18W USB-C charger နဲ့လာမှာ ဖြစ်ပြီး ဗူးနဲ့တစ်ခါတည်း ထည့်သွင်းသွားမယ်လို့ဆိုပါတယ်။ Lightning Port ကနေ USB cable ကို ပြောင်းသုံးနိုင်မှာ ဖြစ်လို့ iPhone မှာ fast charging စနစ်နဲ့အားသွင်းနိုင်ဖို့ပိုက်ဆံသက်သက် အကုန်ခံပြီး သီးခြား accessory ဝယ်စရာ မလိုတော့ပါဘူး။

အရင်နှစ်က မိတ်ဆက်ထားတဲ့ iPhone 8 ၊ 8 Plus နဲ့iPhone X တို့မှာလည်း Type C fast charging စနစ် ပံ့ပိုးပေးထားတယ်ဆိုပေမယ့် fast charging အတွက် ပစ္စည်း သက်သက် ဝယ်ရပါတယ်။ ဒီပစ္စည်းအကူနဲ့မှ ဘက်ထရီလုံးလုံးဒေါင်းနေတဲ့ iPhone တစ်လုံးကို နာရီဝက်အတွင်း ဘက်ထရီအား ၅၀% ထိရောက်လာစေမှာပါ။ ၂၀၁၈ iPhone တွေနဲ့ပါလာမယ့် 18W charger ကတော့ ၂၀၁၇ မော်ဒယ်တွေမှာပါ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီနှစ်ထဲ မိတ်ဆက်သွားမယ့် iPhone သစ်တွေဟာ Lightning port ကို ဆက်သုံးသွားမှာ ဖြစ်ပြီး charger မှာသာ Type C port ပါလာမှာ ဖြစ်ပါတယ်။ ဒီအချက်ကြောင့် iPhone တွေကို MacBook ၊ MacBook Pro တို့နဲ့ချိတ်ရာမှာ သီးသန့်cable ဝယ်ရတော့မှာ မဟုတ်ပါဘူး။ iPhone သမားတွေအတွက် ခဏခဏ ပြဿနာတက်နေတဲ့ အားသွင်းကြိုးကိစ္စကလည်း အဆင်ပြေတော့မှာပါ။

photo: Cnet

 

လက်ရှိ iPhone တွေမှာ ပါတဲ့ charger တွေဟာ 5W ပဲ ပါရှိပြီး 18W ဆိုရင်တော့ အားသွင်းရ မြန်ဆန်လာမှာ ဖြစ်ပါတယ်။ ပုံအရတော့ ဒီ charger သစ်ဟာ လက်ရှိ 12W iPad charger ထက်လည်း ပိုပြီး သေးငယ်ဖို့ရှိပါတယ်။ ဒီနှစ် ဆောင်းဦးပေါက်မှာ မိတ်ဆက်သွားမယ့် iPhone သစ် ၃ မျိုးမှာ ဒီ charger ပါလာရင်တော့ ဈေးလည်း နည်းနည်း ပိုလာဖို့ရှိပါတယ်။

Share

Loading Next Article...
က္က