iPhone Xs /Xs Max နာမည်နဲ့ထွက်လာမှာပါ

ရှေ့တစ်ပတ် ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်သွားမယ့် iPhone သစ်တွေရဲ့အနီးစပ်ဆုံး ဈေးနှုန်းတွေ ကြားနေရပြီဖြစ်ပါတယ်။

iPhone_XS_1.jpeg

Photo: GSMArena

 

Apple ဟာ စက်တင်ဘာ ၁၂ ရက်နေ့မှာ OLED panel သုံး iPhone သစ် ၂ မျိုးနဲ့LCD display မော်ဒယ် တစ်မျိုးကို မိတ်ဆက်သွားမှာပါ။ လက်ရှိသတင်းတွေအရ မျက်နှာပြင် ၅.၈ လက်မ မော်ဒယ်ကို iPhone Xs လို့နာမည်ပေးပြီး ၆.၅ လက်မမော်ဒယ်ကိုတော့ iPhone Xs Max ဆိုတဲ့ နာမည်နဲ့ကြေငြာသွားမယ်လို့ဆိုပါတယ်။

အခုသတင်းကတော့ Apple ရဲ့ မားကတ်တင်းအပိုင်းနဲ့နီးစပ်တဲ့ အရင်းအမြစ် ၂ ခုက အတည်ပြုထားတဲ့ သတင်းပါ။ iPhone Xs နဲ့Xs Max တို့ဟာ ဒီဇိုင်းနဲ့သုံးထားတဲ့ အတွင်းပစ္စည်းတွေ တစ်ပုံစံတည်း ဖြစ်ပြီး screen size နဲ့ဘက်ထရီပါဝါ ကွာခြားဖို့ရှိပါတယ်။ ဒီမော်ဒယ်နှစ်မျိုးစလုံးဟာ OLED display သုံး တန်ဖိုးကြီး မော်ဒယ်တွေ ဖြစ်မှာပါ။

iPhone 6 မျိုးဆက်က စပြီး မျက်နှာပြင်ပိုကြီးတဲ့ Plus မော်ဒယ်ကို မိတ်ဆက်ခဲ့တဲ့ Apple ဟာ ၂၀၁၈ ကစပြီး Xs/Xs Max ဆိုပြီး မျိုးဆက်သစ်ကို ကူးသွားဖို့ရှိပါတယ်။ ဒီ iPhone Xs နဲ့Xs Max တို့ဟာ RAM 4GB အထိ ပါရှိပြီး A12 chip သစ်ကို ပြောင်းသုံးသွားမှာပါ။ မျက်နှာပြင် ၆.၅ လက်မ အထိ တိုးလာတဲ့ အမြင့်ဆုံး မော်ဒယ်ကတော့ ဈေးကွက်ပေါ်လိုက်ပြီး dual SIM စနစ်နဲ့ထွက်လာဖို့လည်း ရှိပါတယ်။

ဒီနှစ်ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်လို့ဆိုနိုင်တဲ့ မျက်နှာပြင် ၆.၁ လက်မ LCD display ဟာ ဈေးနှုန်းအားဖြင့် iPhone 8 Plus နဲ့တစ်ဈေးတည်း ဖြစ်ပြီး iPhone Xs Max ရဲ့ ဈေးက iPhone X ဈေးနဲ့ရောင်းချသွားမယ်ဆိုတဲ့ သတင်းကလည်း စိတ်ဝင်စားစရာပါ။

အမေရိကန်ဈေးကွက်မှာတော့ ၂၀၁၈ မော်ဒယ် တန်ဖိုးအနည်းဆုံး iPhone ဟာ ၆၉၉ ဒေါ်လာနဲ့iPhone Xs က ၇၉၉ ဒေါ်လာ ကျသင့်မယ်လို့သတင်းထွက်ထားပါတယ်။ ဒီထဲမှာ မျက်နှာပြင်အကြီးဆုံး ပရီမီယံဗားရှင်း iPhone Xs Max ကတော့ ၂၀၁၇ မှာ မိတ်ဆက်သွားတဲ့ iPhone X အတိုင်း ၉၉၉ ဒေါ်လာ ဈေးနဲ့ရောင်းချသွားဖို့ရှိပါတယ်။

Photo: 9to5Mac

 

တစ်ခုရှိတာက ဒီဈေးတွေဟာ အနိမ့်ဆုံး storage ဖြစ်တဲ့ 64GB မော်ဒယ်နဲ့တွက်ထားတာလို့ဆိုပါတယ်။ တကယ်လို့storage ကို 256GB အမြင့်ရချင်တယ်ဆိုရင်တော့ နောက်ထပ် ဒေါ်လာ ၁၅၀ ကုန်ကျမယ်လို့လည်း ဆိုပါတယ်။

Share

Loading Next Article...
က္က