dummy model တွေရဲ့ ပုံပါ

ဒီတစ်ပတ်ထဲမှာ စမတ်ဖုန်းချစ်သူတွေအတွက် ပွဲကြီးပွဲကောင်းတစ်ခုက နီးသထက်နီးကပ်လာပြီ ဖြစ်ပါတယ်။

11.PNG 

Steve Jobs Theatre မှာ မိတ်ဆက်သွားမယ့် Apple ရဲ့ iPhone သစ် ၃ မျိုး မိတ်ဆက်ပွဲအလို ၂ ရက်မှာ စမတ်ဖုန်းသတင်းထောက် Ben Geskin ဟာ ကာလာ ၄ မျိုးနဲ့လာတဲ့ တန်ဖိုးအနည်းဆုံး iPhone သစ်အကြောင်းကို Twitter မှာ တင်လိုက်ပါတယ်။ ဒီဖုန်းဟာ ဒီနှစ်မှာ Apple ရဲ့ တစ်လုံးတည်းသော LCD display သုံး iPhone မော်ဒယ်ဖြစ်ပြီး Geskin ကတော့ ဒီဖုန်းရဲ့ နာမည်ပါ ထည့်သွင်း ဖော်ပြထားပါတယ်။

iPhone XC နာမည်နဲ့သတင်းထွက်ထားတဲ့ ဒီဖုန်းဟာ မျက်နှာပြင် ၆.၁ လက်မအရွယ်ရှိပြီး ကျောဘက်မှာ ကင်မရာတစ်လုံး သုံးထားပါတယ။် Geskin ရဲ့ အဆိုအရ ပို့စ်မှာ သူတင်ထားတာဟာ iPhone XC ရဲ့ dummy models တွေ ဖြစ်တယ်လို့ဆိုပါတယ်။ iPhone X ထွက်ပြီးနောက်ပိုင်း Apple ဟာ ဖုန်းသစ်တွေရဲ့ နာမည်မှာ X နောက်ကနေ S နဲ့Max ဆိုပြီး နာမည်သစ်တွေ ပေးသွားမယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။

iPhone XC ဟာ လွန်ခဲ့တဲ့ ၄ နှစ်က ကာလာစုံနဲ့ထွက်ခဲ့တဲ့ iPhone 5C ကို သတိရချင်စရာပါ။ ဒီနာမည်မှာပါတဲ့ c ကလည်း Color ဆိုတဲ့ စကားလုံးကို ကိုယ်စားပြုနေတာလည်း ဖြစ်ပါတယ်။ Geskin ရဲ့ Tweet မှာတော့ အနီ ၊ နက်ပြာ ၊ အဖြူနဲ့ပန်းရောင် ကာလာ ၄ ရောင်ကို iPhone XC မှာ သုံးသွားမယ်လို့ပြထားတာက စိတ်ဝင်စားစရာပါ။

ဒီထဲမှာ ဖုန်းအကြောင်းအချက်အလက် မပါပါဘူး။ အရင်ကတည်းက သတင်းတွေမှာ Apple အနေနဲ့OLED panel သုံး အမြင့်မော်ဒယ် မျက်နှာပြင် ၅.၈ လက်မ iPhone XS နဲ့မျက်နှာပြင် ၆.၅ လက်မ iPhone XS Max တို့ကို ကြေငြာသွားမယ်ဆိုတာ သိထားပြီး ဖြစ်ပါတယ်။

ဈေးနှုန်းတွေအနေနဲ့iPhone XCကို ၆၉၉ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းခန့်) ၊ iPhone XS ကို ဒေါ်လာ ၉၀၀ (မြန်မာငွေ ၁၄ သိန်း နီးပါး) နဲ့iPhone XS Max ကို ဒေါ်လာ ၁၀၀၀ (မြန်မာငွေ ၁၅ သိန်းကျော်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့သတင်းထွက်ထားပါတယ်။

[No available link text] 

စက်တင်ဘာ ၁၂ ရက်နေ့မှာ Apple မှ တရားဝင်မိတ်ဆက်သွားမှာ ဖြစ်လို့ဒီပွဲမှာ iPhone သစ်တွေအကြောင်း သတင်းအပြည့်အစုံ သိရမှာပါ။

Share

Loading Next Article...
က္က