တကယ်လို့iPhone သစ် ဝယ်မယ်ဆိုရင်

ဒီနှစ်ထဲ ထွက်လာတဲ့ iPhone သစ် ၃ မျိုးဟာ အမြင့်ဆုံး မော်ဒယ်ရဲ့ အနိမ့်ဆုံးဈေးကိုက ၁၀၉၉ ဒေါ်လာ (မြန်မာငွေ ၁၇ သိန်းနဲ့အထက်) မှာ ရှိပါတယ်။ ၂၀၁၈ မော်ဒယ် iPhone မှ ကိုင်မယ်ဆိုရင်တော့ ဘယ် iPhone ဝယ်ရင်ကောင်းမလဲဆိုတာ စဉ်းစားစရာပါ။

 

လောလောဆယ် ဈေးအနည်းဆုံး iPhone XR နဲ့ဒုတိယဈေးအများဆုံး iPhone XS မော်ဒယ် ၂ မျိုးထဲမှာ ဘယ်ဖုန်းကို ဝယ်သင့်သလဲဆိုတာကို နှိုင်းယှဉ်ပြောသွားပါ့မယ်။

 

(၁) iPhone XR က XS ထက် အတော်လေး ဈေးသက်သာတယ်

iphone-xs-precio.png

Photo: CNET

 

အနိမ့်ဆုံးဗားရှင်းချင်းမှာ iPhone XR ဟာ iPhone XS ထက် ဒေါ်လာ ၂၅၀ ( မြန်မာငွေ ၄ သိန်းနီးပါး) ဈေးပိုနည်းနေပါတယ်။ iPhone XS ဟာ အရင်နှစ်က iPhone X ဈေးနဲ့ပဲ ထွက်ထားတာ ဖြစ်ပြီး လက်ရှိမြန်မာငွေ ပေါက်ဈေးနဲ့ဆိုရင် 64GB ဗားရှင်းကို အနည်းဆုံး ၁၅ သိန်းခွဲတန် ဖုန်းဖြစ်ပါတယ်။

iPhone XR ကတော့  256GB မော်ဒယ်တောင်မှ ၈၉၉ ဒေါ်လာ (မြန်မာငွေ ၁၄ သိန်း ပတ်ချာလည်) ပဲ ရှိပါတယ်။ တကယ်တမ်းမှာတော့ ဖုန်းတစ်လုံးရဲ့ storage လိုအပ်ချက်ဟာ သိပ်အများကြီး မဟုတ်ပါဘူး။

ဒီဘက်ခေတ်မှာ 512GB iPhone  တွေ ထွက်လာတယ်ဆိုပေမယ့် အလကား အပိုလို ဖြစ်နေမယ့်အတူတူ တော်သင့်ရုံ storage အမြင့်မော်ဒယ်ကို ဈေးသင့်သင့်နဲ့ဝယ်တာက ပိုပြီး အမြော်အမြင်ရှိရာ ရောက်ပါတယ်။

 

(၂) ကာလာလည်း ပိုစုံတယ်

1536811855-iphonexr_colours.jpg

Photo: Times Now

 

iPhone XS ရော XS Max ပါ ငွေရောင် ၊ မီးခိုးရောင်နဲ့ရွှေရောင် ကာလာ ၃ မျိုးပဲ ပါရှိပါတယ်။ iPhone XR ကတော့ အနက် ၊ အဖြူ ၊ အပြာ ၊ အဝါ ၊ အနီနဲ့သန္တာရောင် ကာလာ ၆ မျိုးထိ ပါလာတာက ဖုန်းကို ကာလာအဆန်းနဲ့မှ ကိုင်ချင်သူတွေအတွက် ရွေးချယ်ချင်စရာပါပဲ။

 

(၃) မျက်နှာပြင် ပိုကြီးတာ ကြိုက်လား

11.PNG

Photo: Tom's Guide

 

ဈေးအနည်းဆုံး iPhone ဆိုပေမယ့် XR ဟာ ဒုတိယမြောက် အရွယ်အစား အကြီးဆုံး iPhone လည်း ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၁ လက်မမော်ဒယ်ဟာ iPhone XS လို OLED panel မဟုတ်ပေမယ့် အဆင့်မြင့်ဆုံး LCD display နည်းပညာသုံးထားတာပါ။

နောက်တစ်ချက်ကလည်း မျက်နှာပြင်ဆိုဒ်အရ အရမ်းကြီးမယ်ထင်ပေမယ့် notch နဲ့အတူ အထက်အောက် ဘောင်တွေ ဖြုတ်ပစ်လိုက်လို့ဒီဖုန်းဟာ ၅.၅ လက်မအရွယ် iPhone 8 Plus ထက်တောင် သေးငယ်နေမှာပါ။ ဒီအချက်ကလည်း iPhone XR ကို စိတ်ဝင်စားမှု ပိုစေတဲ့ အချက်ဖြစ်ပါတယ်။

 

(၄) ရှေ့ကင်မရာချင်းလည်း တူတယ်

2018-09-1219-07-35.jpg

Photo: ZDNet

 

ကျောဘက်မှာ single camera တစ်လုံးတည်း သုံးသွားပေမယ့် အရှေ့က TrueDepth ကင်မရာ စနစ်ချင်း နဲ့သုံးထားတဲ့ 7MP ကင်မရာစနစ်ချင်းအပြင် f/2.2 အပါချာသုံးတာချင်းလည်း တူပါတယ။် ပြောရရင် iPhone XS/XS Max တို့မှာ သုံးသမျှ ရှေ့ဘက် ကင်မရာစနစ်တွေဖြစ်တဲ့ Depth control နဲ့အဆင့်မြင့် bokeh နဲ့လာတဲ့ Portrait Mode တွေကို iPhone XR မှာလည်း ရိုက်နိုင်ပါတယ်။

Animoji နဲ့Memoji လုပ်မလား ၊ 1080p HD ဗွီဒီယိုတွေ ရိုက်မလား ၊ smart HDR ပုံတွေ ထွက်ချင်လား ရလို့ဒီနေရာမှာ iPhone သုံးလုံး တစ်ခုံတည်း ထိုင်နေတယ်လို့ဆိုရမှာပါ။

နောက်ထပ် ပြောစရာတစ်ခုက iPhone XR ဟာ 12MP ကျောဘက် ကင်မရာတစ်လုံးတည်း သုံးပေမယ့် iPhone XS/XS Max တို့ရဲ့ ကျောဘက် ကင်မရာစနစ်နဲ့သိပ်ကွာမှာ မဟုတ်ဘူးလို့review တွေ က ညွှန်းထားပါတယ်။ iPhone XS/XS Max တို့မှာ Dual OIS ပါတာ ၊ digital zoom ကို 10x တင်နိုင်တာ ၊ 2x optical zoom ရတာကလွဲရင် iPhone XR ရဲ့ ကင်မရာစနစ်လည်း အတော့်ကို လန်းနေမှာပါ။

 

(၅) တူတာတွေ / သာတာတွေ

apple-event-091218-compare-iphone-xr-iphone-xs-iphone-xs-max-0876.jpg

Photo: CNET

 

iPhone XR မှာ ဝမ်းသာစရာတစ်ခုက iPhone XS တို့နဲ့တန်းတူ A12 Bionic chip သစ်ကို သုံးလာတာ ဖြစ်ပါတယ်။ ဒီချပ်စ်ဟာ တစ်စက္ကန့်ကို လုပ်ဆောင်ချက်ပေါင်း ၅ ထရီလီယံအထိ လုပ်နိုင်တယ်လို့ဆိုပါတယ်။ ဘက်ထရီသက်တမ်းကြည့်ဦးမလား။

iPhone X တုန်းက တစ်ခါအားအပြည့်သွင်းထားရင် ၁၂ နာရီကနေ ၁၃ နာရီအထိ အားခံပြီး iPhone XS နဲ့XS Max တို့ကတော့ နာရီဝက်နဲ့၁ နာရီခွဲအထိ အားခံလာပါတယ်။ iPhone XR ကတော့ ဒီထဲမှာ ဘက်ထရီအကောင်းဆုံးဖုန်းလို့ပြောရမှာပါ။ iPhone X ထက် အနည်းဆုံး ၂ နာရီကနေ ၃ နာရီအထိ အားပိုခံမှာ ဖြစ်လို့iPhone တွေထဲမှာ ဘက်ထရီအကောင်းဆုံး ဖုန်းဆိုလည်း မမှားပါဘူး။

အားသွင်းတဲ့ စနစ်ပိုင်းမှာလည်း wireless charging ကို အခြား အမြင့် iPhone နှစ်လုံးလို သုံးနိုင်ပြီ ဖြစ်ပါတယ်။ iPhone XSနဲ့XS Max တို့မှာ IP68 rating အမြင့်ဆုံးအထိ ရေစိုခံနိုင်ချိန်မှာ iPhone XR ကလည်း IP67 rating ရထားလို့မခေဘူးလို့ဆိုနိုင်ပါတယ်။

အားလုံးမျှော်နေတဲ့ dual SIM ပါ ဖုန်းတွေကို ဒီနှစ်မှာ Apple က မိတ်ဆက်လိုက်ပါတယ်။ iPhone သစ် အကုန်လုံးမှာ dual SIM ပါလာတာပါ။ နောက်တစ်ခုက eSIM စနစ်ကို ဖုန်းတိုင်းမှာ သုံးလာပါတယ်။

နောက်ထပ် ပြောစရာတစ်ခုက iPhone သစ် ၃ မျိုးစလုံးဟာ iOS 12 နဲ့တစ်ခါတည်း ထွက်လာမှာ ဖြစ်လို့ဆော့ဖ်ဝဲလ် updates ဆို အကုန်လုံးက အတူတူ တိုက်ရိုက်တင်နိုင် ၊ သုံးနိုင်တော့မှာပါ။

 

iPhone တစ်လုံး ဝယ်ဖို့ဆိုတာ မလွယ်ပါဘူး။ နောက်ပိုင်းထွက် မော်ဒယ်တွေဆို ပိုပိုပြီး ဈေးကြီးလာတာကြောင့် မမှီတဲ့ပန်းဖြစ်လာပါတယ်။ ဒီထဲကမှ iPhone သစ်ကိုင်ချင်တယ်ဆိုရင်တော့ ဈေးအားဖြင့် သက်သာခြင်းအပြင် features ချင်းအရလည်း တစ်ခြား အမြင့်မော်ဒယ်တွေနဲ့ယှဉ်နိုင်တဲ့ iPhone XR ကို ဝယ်တာက မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုလို့ဆိုနိုင်ပါတယ်။

Share

Loading Next Article...
က္က