5G သုံးနိုင်တဲ့ iPhone ကို ၂၀၁၉ မှာ မြင်ရတော့မလား

iPhone သစ်တွေ ဈေးပိုကြီးမယ်ဆိုတဲ့ သတင်းတွေမှာ ခိုင်မာတဲ့ အကြောင်းပြချက် တစ်ခုက ရှိထားနှင့်ပြီး ဖြစ်ပါတယ်။

32261508449190.jpg

Photo: futuretvnetwork.com

 

၂၀၁၉ ဟာ 5G ဖုန်းတွေအတွက် အဆင်သင့်ဖြစ်ချိန် မဟုတ်သေးပေမယ့့် နာမည်ကြီး အန်းဒရိုက်ဖုန်းကုမ္ပဏီတော်တော်များများကတော့ နောက်နှစ်မှာ 5G ဖုန်းတွေထုတ်ဖို့စိုင်းပြင်းနေကြပြီ ဖြစ်ပါတယ်။ ထိုင်ဝမ် ဖုန်းပစ္စည်း supply chain တစ်ခုက လာတဲ့ သတင်းတွေမှာလည်း ဒီအတိုင်းပဲ ဖော်ပြနေကြပါတယ်။

5G ဖုန်းခေတ်ကို အများနည်းတူ လိုက်နိုင်ဖို့Apple ဟာ နောက်နှစ်မှာ 5G သုံးနိုင်တဲ့ မော်ဒယ်တစ်မျိုးကို သီးသန့်ထုတ်သွားမလားဆိုတာ စိတ်ဝင်စားစရာပါ။ ဖြစ်နိုင်ခြေနည်းပေမယ့် တကယ်လို့သာ Apple ဟာ ၂၀၁၉ မှာ 4G ဖုန်းတွေ ဆက်ထုတ်မယ်ဆိုရင် သူ့ထက် ဈေးပိုနည်းမယ့် အန်းဒရိုက်စနစ်သုံး 5G တွေနဲ့ဈေးချင်း ဘယ်လို တန်းညှိမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

လောလောဆယ် iPhone သစ်တွေရဲ့ ဈေးနှုန်းမှာကိုပဲ ဒေါ်လာ ၁၀၀၀ နဲ့အထက် မှာ ရှိနေပြီး အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ 512GB iPhone XS Max ကို ၁၂၄၉ ဒေါ်လာအထိ တင်ရောင်းလာပါတယ်။ ပြောရရင် iPhone XS Max ဟာ တကယ့်အပြောင်းအလဲကြီးကြီးမားမား ဘာမှ လုပ်မထားသေးပါဘူး။ ဒါတောင် ဈေးကွက်မှာ အမြင့်ဆုံးဈေးနဲ့ထွက်လာတာပါ။

တစ်ဘက်ကလည်း Apple ဟာ နောက်နှစ်ထဲ 5G iPhone ထုတ်မယ်ဆိုရင် အနည်းဆုံး ၁၂၉၉ ဒေါ်လာက စမယ်လို့ယူဆရပါတယ်။ ဒီလိုတွက်ရာမှာလည်း 5G စစ်စစ် မဟုတ်ဘဲ 4G/5G dual modeသုံးနိုင်အောင် ထုတ်သွားဖို့ရှိပါတယ်။ Apple ရဲ့ 5G ဖုန်းထွက်လာရင် လက်ရှိမော်ဒယ်တွေ ဈေးအတော်လေး သက်သာသွားဖို့လည်း မျှော်လင့်စရာပါ။

အခုချိန်မှာ Apple ဟာ ကမ္ဘာ့အကြီး chip maker ဖြစ်တဲ့ Qualcomm နဲ့လမ်းခွဲပြီး Intel နဲ့ပေါင်းမယ်လို့သတင်းထွက်နေပါတယ်။ Qualcomm ဟာ နှစ်ဆန်းပိုင်းကတည်းက 5G prototype ဖုန်းမော်ဒယ်ကို အောင်အောင်မြင်မြင် စမ်းသပ်ထားတာပါ။ ကြားနေရသမျှတော့ 5G iPhone ကို ၂၀၂၀ ရောက်မှ မြင်ရဖို့ရှိပြီး LTE modem supplier က Intel ဖြစ်မယ်လို့ဆိုပါတယ်။

Photo: Le Soir

 

5G ဖုန်းခေတ်ကို Huawei က ဦးဆောင်သွားဖို့ရှိပြီး သူ့ရဲ့ sub brand ဖြစ်တဲ့ Honor ကလည်း ကမ္ဘာပေါ်မှာ ပထမဆုံး 5G ဖုန်းကို နောက်နှစ်မှာ ထုတ်သွားမယ်လို့ကြေငြာထားပါတယ်။ တစ်ချိန်တည်းမှာပဲ Vivo ဟာ တလောကပဲ NEX S ဖုန်းမှာ 5G ကို အောင်မြင်စွာစမ်းသပ်ထားတဲ့ မှတ်တမ်းတွေ ရှိထားလို့နောက်နှစ်ဟာ ပဉ္စမမျိုးဆက် ဆက်သွယ်ရေးစနစ်ဖြစ်တဲ့ 5G ခေတ်ဆန်းချိန်ဖြစ်ဖို့ရှိပါတယ်။

Share

Loading Next Article...
က္က