iPhone SE နဲ့6s တို့ကိုလည်း ဆက်မထုတ်တော့ပါဘူး။

iPhone မော်ဒယ်သစ် ၃ မျိုး မိတ်ဆက်မှုနဲ့အတူ ဆယ်နှစ်ပြည့် iPhone X ဟာ မေ့လျော့ခံဘဝကို ရောက်သွားပြီ ဖြစ်ပါတယ် ။

Capture_1228x960.jpg

Photo: Twitter

 

ဈေးကွက်ထဲ ရောက်ပြီး တစ်နှစ်မပြည့်ခင်မှာ iPhone X ကို ဆက်မထုတ်တော့မယ့်အကြောင်းကို တင်မ်ကွတ်က ပြောခဲ့တာပါ။ အစောပိုင်းကတည်းက iPhone X ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ်ဆိုတဲ့သတင်းတွေနဲ့အတူ ဖုန်းရောင်းအား ကျနေကြောင်း ကောလာဟာလတွေ ထွက်ခဲ့ပေမယ့် တင်မ်ကွတ်ကတော့ ငြင်းခဲ့ပါတယ်။

"အပတ်စဉ် iPhone ရောင်းအားစာရင်းမှာ ထိပ်ဆုံးက ရှိနေတာက iPhone X ပါ။ နိုဝင်ဘာလက စပြီး ဈေးကွက်ထဲ ဖြန့်ကတည်းက ဒီဖုန်းဟာ ကျွန်တော်တို့ရဲ့ လျာထားချက်ကို ပြည့်မီရုံတင်မဟုတ်ဘဲ ကျော်တဲ့ အဆင့်မှာ ရှိပါတယ်။ " လို့ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တင်မ်ကွတ်က ပြောခဲ့ပါတယ်။

၂၀၀၇ ခုနှစ်ကစပြီး iPhone ထုတ်လာမှု သက်တမ်း ၁၀ နှစ်ပြည့်ချိန်မှာ Apple ဟာ ထူးခြားဆန်းသစ်တဲ့ နည်းပညာမြင့် iPhone X ကို ပွဲထုတ်ခဲ့တာပါ။ ဒီဖုုနု်းဟာ စမတ်ဖုန်းလောကမှာ ပထမဆုံး Notch ဒီဇိုင်းသစ် ကို ခေါ်ဆောင်လာခဲ့ပြီး 3D Face ID စနစ်သစ်ကို အရင်ဆုံး အသုံးပြုနိုင်ခဲ့ပါတယ်။

နောက်ပိုင်းထွက် အန်းဒရိုက်ဖုန်းတွေဟာ ဒီနည်းပညာကို ပြန်ကူးချရာကနေ ဒီနေ့ဆို notch display သုံးတဲ့ ဖုန်းတွေဟာ လက်ညှိုးထိုး မလွဲရှိလာပြီ ဖြစ်ပါတယ်။

ယခုနှစ်အတွက် မိတ်ဆက်လိုက်တဲ့ iPhone XS ၊ XS Max နဲ့iPhone XR တို့ဟာလည်း iPhone X မှာ ပထမဆုံး သုံးလာတဲ့ feautre တွေကို ပြန်သုံးလာတာပါ။ iPhone X ဟာ FaceID နဲ့ထောင်လိုက် dual cameras စနစ်များ အပြင် gesture control စနစ် ၊ wireless charging နဲ့AirPod များကို ပထမဆုံး မိတ်ဆက်ခဲ့တာပါ။

iPhone XS အပါအဝင် ဖုန်းသစ် ၃ မျိုးစလုံးဟာ 7nm process နဲ့ပထမဆုံး ထုတ်ထားတဲ့ A12 Bionic chip သစ် ပါလာပြီး IP68 rating ရေစိုခံခြင်း ၊ 512GB storage အထိ ပါလာခြင်းအပြင် dual SIM စနစ် သုံးလာတာက ဆန်းသစ်မှုတွေလို့ဆိုရမှာဖြစ်ပါတယ်။

နောက်ထပ် အပြောင်းအလဲတစ်ခုက  မျက်နှာပြင် ၅.၈ လက်မနဲ့၆.၅ လက်မ OLED မော်ဒယ် နှစ်မျိုးနဲ့၆.၁ လက်မ LCD display မော်ဒယ်တွေ ထုတ်ပြီး အကြီးစား မျက်နှာပြင်သုံး iPhone တွေကို မိတ်ဆက်ခဲ့တာပါ။

Photo: Apple Insider

 

OLED display ကို ပထမဆုံး သုံးလာတဲ့ iPhone တစ်လုံးဖြစ်ပြီး ဈေးကွက်မှာ ၁၀ လအတွင်း အလုံးရေ သန်း ၆၀ ကျော် ရောင်းချနိုင်ခဲ့မယ်လို့ခန့်မှန်းထားကြပါတယ်။ လောလောဆယ်မှာတော့ Apple ဟာ ကုမ္ပဏီရဲ့ သက်တမ်းရင့် iPhone SE နဲ့iPhone 6s တို့ကို ဈေးကွက်က ဖယ်ထုတ်ခဲ့ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က