Mobile: iPhone X အကြောင်း သင်မသိသေးတဲ့ အချက် (၅) ချက်

အနိမ့်ဆုံးဗားရှင်းကို ၉၉၉ ဒေါ်လာ ဈေး ၊ အမြင့်ဗားရှင်းကို ၁၁၄၉ ဒေါ်လာ ဈေးများနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Apple ရဲ့ ဆယ်နှစ်ပြည့် iPhone သစ်ကို တရားဝင် မိတ်ဆက်ချိန်မှာ အရင် ကျွန်တော်တို့ ကြားထားတဲ့ အချက် အကုန်လုံးလိုလို ပြန်ပါလာတာ တွေ့ ရပါတယ်။ နာမည်ကြီးနေတဲ့ iPhone X သစ်အကြောင်း ပြောမယ်ဆိုရင် ၁၀ ယောက်မှာ ၃ ယောက်လောက်ပဲ အမှန်ပြောနိုင်တဲ့ နာမည်အရင်းက အစ တစ်ခြား လူသိနည်းသေးတဲ့ အချက်တွေကို Duwun Tech ပရိတ်သတ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

(၁) iPhone X ကို iPhone 10 လို့ ခေါ်ပါ

play

 

ပထမဆုံး ပြောစရာတစ်ခုက iPhone X ကို တကယ့် စင်ပေါ်မှာ မိတ်ဆက်ချိန်မှာ iPhone 10 လို့ ခေါ်သွားပါတယ်။ အပြင်မှာတော့ ကျွန်တော်တို့ အတော်များများက X ကို ၁၀ လို့ မမြင်ဘဲ အင်္ဂလိပ်အက္ခရာ အသံ X လို့ ပဲ ခေါ်မိနေကြပါတယ်။ တကယ်က ၁၀ နှစ်ပြည့် အထိမ်းအမှတ် iPhone အတွက် ရောမဂဏန်း ၁၀ ကို ကိုယ်စားပြုတဲ့ X အနေနဲ့  ပြောတာ ဖြစ်လို့ Apple ကိုယ်တိုင်က iPhone 10 လို့ တရားဝင် အသံထွက်သွားပါတယ်။

(၂) Super Retina Display

play

 

iPhone X display နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ကြားထားတဲ့ သတင်းမှာ OLED display လို့ ပဲ ပါပြီး အသေးစိတ်မသိခဲ့ပါဘူး။ တစ်ခြား စိတ်ဝင်စားစရာ features တွေကို အာရုံရောက်နေလို့ လည်း ဖြစ်နိုင်ပါတယ်။ တကယ်တမ်း iPhone X မှာ သုံးသွားတဲ့ display ကို တရားဝင် မိတ်ဆက်ရာမှာတော့ Super Retina Display လို့ ကြေငြာသွားပါတယ်။ resolution အနေနဲ့ 2436 x 1125 ရှိပြီး မိုဘိုင်း display လောကမှာ ရုပ်ထွက်အရည်အသွေးအမြင့်ဆုံး display တစ်ခုအဖြစ် ထွက်ပေါ်လာတာပါ။ Dolby Vision နဲ့ HDR နှစ်မျိုးလုံးပါရှိပြီး အလင်းအမှောင် contrast ratio အနေနဲ့ ၁ သန်းအချိုး ၁ ရှိတာဖြစ်လို့ အတိအကျဆုံး အရောင်အသွေးနဲ့ အလင်းအမှောင်စနစ်သုံးနိုင်မှာ ဖြစ်ပါတယ်။

 

(၃) Gestures

play

 

အစတုန်းက ကြားတဲ့ သတင်းထဲမှာ gesture တွေအကြောင်း သိပ်မတွေ့ ခဲ့ပါဘူး။ iPhone X လို home button ဖြုတ်ထားတဲ့ ဖုန်းတစ်လုံးမှာ ဖုန်းဖွင့်မယ်ဆိုရင် တစ်ချက်လောက် tap လုပ်ပြီး ဖွင့်လိုက်တာနဲ့ ပွင့်မှာပါ။ တကယ်လို့ ကိုယ်ရောက်နေတဲ့ နေရာကနေ home screen ကို ပြန်သွားမယ်ဆိုရင် အောက်ကနေ အပေါ်ကို swipe လုပ်ရုံနဲ့ ပြန်ရောက်သွားမှာပါ။ တစ်ခြားလည်း multitasking အစုံလုပ်နိုင်တဲ့ gestures တွေ ပါရှိပါတယ်။

(၄) Camera

play

 

Apple ဟာ iPhone X အကြောင်း ပြောရာမှာ အရေးကြီးဆုံး feature ၂ ခုအကြောင်း အဓိကထား ပြောသွားပါတယ်။ ရှေ့ ကင်မရာအကြောင်း ပြောမယ်ဆိုရင် Face ID က အဓိက အပြောင်းအလဲပါ။ မျက်နှာနဲ့ ဖုန်းဖွင့်နိုင်တဲ့ Face ID အကြောင်း သတင်းကြားပြီးသားဆိုပေမယ့် အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်လေးတွေ ပါလာပါတယ်။ ဥပမာ- ရှေ့ ခြမ်းမှာ ပါတဲ့ TrueDepth camera စနစ်ဆိုရင် မျက်နှာကို အသေးစိတ် တိတိကျကျ ပုံဖော်တိုင်းတာနိုင်ဖို့ မမြင်ရတဲ့ အစက်လေးတွေ ၃၀၀၀၀ ကျော် သုံးပြီး ခွဲခြားသွားတာမျိုး။ ဒီစနစ်မှာတင် IR လို့ ခေါ်တဲ့ အနီအောက်ကင်မရာစနစ် ၊ dot projector ၊ Flood Illuminator စနစ်နဲ့ ရှေ့ ကင်မရာတွေ သုံးထားတာပါ။ Face ID ကို ဖုန်းဖွင့်ရုံတင်မဟုတ်ဘဲ Apple Pay မှာလည်း သုံးသွားမှာ ဖြစ်ပါတယ်။

(၅) Animoji

play

 

ဒီအပိုင်းကို ကြိုက်တဲ့သူ အတော်များမှာပါ။ ရှေ့ မှာပါတဲ့ TrueDepth Camera စနစ်ကနေ သုံးစွဲသူရဲ့ မျက်နှာပေါ်မှာ ရှိတဲ့ မတူကွဲပြားတဲ့ ကြွက်သား အစိတ်အပိုင်း ၅၀ ရဲ့ လှုပ်ရှားမှုတွေအတိုင်း ကိုယ့်အမှုအယာကို Animoji ၁၂ မျိုး လုပ်ပေးနိုင်မှာပါ။ ပွဲမှာတုန်းက Apple Messages ကနေ ကြောင်တစ်ကောင်လို Animoji အရှင်လေး လုပ်ပြသွားပါတယ်။

ဒါတွေကတော့ iPhone X အကြောင်း အများအသိနည်းတဲ့ အဓိကအချက် ၅ ချက်ဖြစ်ပါတယ်။ တစ်ခြားအချက်တွေလည်း ရှိပါသေးတယ်။ ဥပမာ- storage နှစ်မျိုး (64GB , 256GB) နဲ့ ထွက်လာပြီး အနိမ့်ဆုံးဗားရှင်းကို ၉၉၉ ဒေါ်လာ ဈေး ၊ အမြင့်ဗားရှင်းကို ၁၁၄၉ ဒေါ်လာ ဈေးများနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဒါတောင် အောက်တိုဘာလ ၂၇ ရက်နေ့ မှ pre-order စမှာနိုင်မှာ ဖြစ်ပြီး နိုဝင်ဘာ ၃ ရက်နေ့ မှ ပစ္စည်းရောက်မှာလို့ ကြေငြာသွားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ