အခမဲ့ ပြန်လဲပေးတော့မှာပါ

Apple ကုမ္ပဏီဟာ iPhone X နဲ့၁၃ လက်မ MacBook Pro တစ်ချို့ကို အခမဲ့ ပြင်ပေးမယ်လို့ကြေငြာလိုက်ပါတယ်။

macbook-pro-function-keys.jpg

Photo: Mac Rumors

 

စက်တင်ဘာလကစပြီး ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တဲ့ iPhone X တစ်ချို့မှာတော့ display အလုပ်မလုပ်တဲ့ ပြဿနာတက်နေခဲ့ပြီး ၁၃ လက်မ Touch Bar မပါတဲ့ MacBook Pro မော်ဒယ်တစ်ချို့ကတော့ data ပျောက်ဆုံးမှုတွေ ဖြစ်နေလို့ အခုလို ကြေငြာလိုက်တာပါ။ ချို့ယွင်းချက်တွေ ရှိထားတဲ့ MacBook Pro တွေဟာ 128GB နဲ့256GB မော်ဒယ်တွေထဲက တစ်ချို့မှာ ဖြစ်နေတာလို့ဆိုပါတယ်။

ဒီ MacBook Pro တွေဟာ အရင်နှစ် ဇွန်ကနေ ဒီနှစ် ဇွန်လထဲမှာ ရောင်းချတဲ့ အထဲက မော်ဒယ်တွေ ဖြစ်ပြီး drive တွေ ပြန်လဲပေးဖို့အတွက် Apple Store တွေ/Apple ရဲ့ တရားဝင် ဆားဗစ်စင်တာတွေကို လာပြဖို့ဖိတ်ခေါ်ထားပါတယ်။ error တက်ထားတဲ့ ဒီမော်ဒယ် MacBook Pro တွေကို Apple ဟာ drive သစ်တွေနဲ့အခမဲ့ ပြန်လဲပေးသွားမှာ ဖြစ်ပါတယ်။

၂၀၁၇ ထုတ် iPhone X တွေ touch ကြောင်တဲ့ ကိစ္စကတော့ iPhone X စတင်မိတ်ဆက်ချိန်ကစပြီး လပေါင်းများစွာကြာအောင် ဖိုရမ်တွေပေါ်မှာ အသံထွက်ထားတဲ့ ကိစ္စပါ။ iPhone X ရဲ့ touch အလုပ်မလုပ်တဲ့ ကိစ္စမှာတော့ MacBook Pro လို ဘယ်မော်ဒယ်လို့မသတ်မှတ်နိုင်ပါဘူး။ ဒီလို touch ကြောင်တဲ့ iPhone X များကိုလည်း display module အစားပြန်လဲပေးသွားမယ်လို့Apple က ဆိုပါတယ်။

Apple အနေနဲ့တန်ဖိုးကြီး iPhone နဲ့iPad သစ်များ မိတ်ဆက်လိုက်ပြီ ဖြစ်လို့ဖောက်သည်များရဲ့ ယုံကြည်မှုကို ထိန်းသိမ်းဖို့အတွက် အခုလို free of charge အခမဲ့ ပြန်လဲပေးတဲ့ ဝန်ဆောင်မှုတွေ လုပ်ဆောင်နေတာပါ။

လောလောဆယ် ဈေးကွက်ထဲ ရောက်လာတဲ့ iPhone နဲ့iPad တွေထဲမှာ ဈေးအကြီးဆုံး မော်ဒယ်တွေဟာ ၁၄၄၉ ဒေါ်လာ နဲ့၁၈၉၉ ဒေါ်လာ ဈေးတွေနဲ့ရောင်းချနေပြီ ဖြစ်လို့ပရီမီယံဈေးနဲ့တန်အောင် အရင်ထွက်ထားတဲ့ Apple product များရဲ့ အရည်အသွေးပိုင်း ပြန်ဆားဗစ်ပေးတာ ဖြစ်ပါတယ်။

Photo: New Straits Times

 

Apple ဟာ ပြီးခဲ့တဲ့ ဇွန်လကပဲ ဘက်ထရီပြဿနာ တက်ထားတဲ့ ၁၃ လက်မ MacBook Pro တွေကို အခမဲ့ ဘက်ထရီလဲပေးခဲ့ပါတယ်။ ၂၀၁၇ နှစ်ကုန်ပိုင်းကလည်း software update ကနေ ဖုန်းတွေကို performance လျှော့ခဲ့တဲ့အပေါ် iPhone ဘက်ထရီတွေကို ၂၉ ဒေါ်လာနဲ့ဈေးလျှော့ လဲလှယ်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က