စိတ်လေလောက်အောင် အကြွေစေ့တွေ ရေလိုက်ရမှာပါ

iPhone XS လို တန်ဖိုးကြီးဖုန်းကို လာဝယ်တဲ့သူတွေထဲမှာ ဒီလိုမျိုး အကြွေစေ့တွေ ရေချိုးကန် တစ်လုံးစာနဲ့လာဝယ်တဲ့သူ ရှိမယ် မထင်ပါဘူး။

092618-iphone-imax.jpg

Photo: New York Post

 

ရုရှားမှာတော့ ဒီအဖြစ်မျိုး ဖြစ်ခဲ့ပါတယ်။ ရုရှားနိုင်ငံက Apple ထုတ်ကုန် တရားဝင် အရောင်းဆိုင်တစ်ဆိုင်ကို iPhone XS ဝယ်ဖို့လူတစ်စုဟာ ရေချိုးကန်ကြီးသယ်ပြီး ရောက်လာခဲ့ပါတယ်။  ဒီကန်ထဲမှာတော့ အကြွေစေ့တွေ အပြည့်ဖြည့်ထားပါတယ်။

နောက်ဆုံးထွက် iPhone XS 256GB ဗားရှင်းကို ဝယ်ဖို့အတွက် ကန်ထဲက အကြွေစေ့တွေကို ရေကြည့်ရာမှာ ရုရှားရူဘယ်လ် ၁ သိန်း ခန့်(ဒေါ်လာ ၁၄၀၀ ကျော်) ရှိခဲ့တယ်လို့ဆိုပါတယ်။ ရူဘယ်လ် ၁ သိန်းဖိုး အကြွေစေ့တွေကို ရေဖို့အတွက် ဘယ်လောက် အချိန်ယူရမလဲဆိုတာ တွေးကြည့်လို့ရပါတယ်။ ဆိုင်က အရောင်းစာရေးတော့ သေချင်စိတ်နံသွားမှာပါ။

ရုရှားမှာ iPhone XS ကို ဒေါ်လာ ၁၄၀၀ ကျော်ဈေးနဲ့ရောင်းချနေတာပါ။ ပါလာတဲ့ အကြွေစေ့တန်ဖိုးကလည်း iPhone XS ဝယ်ဖို့လောက်တာကြောင့် ဆိုင်အနေနဲ့မရောင်းလို့မရတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးပေါ် iPhone XS လို တန်ဖိုးကြီးဖုန်းဝယ်ဖို့အခုလို ဇွဲကောင်းကောင်းနဲ့အကြွေစေ့တွေ ရအောင် စုခဲ့တဲ့ ဈေးဝယ်နဲ့ဒီအကြွေစေ့တွေ ရေရတဲ့ အရောင်းစာရေး နှစ်ယောက်စလုံးကတော့ ချီးကျူးစရာကောင်းပါတယ်။

OLED display သုံး iPhone XS နဲ့XS Max တို့ဟာ ဈေးကွက်မှာ အနိမ့်ဆုံးမော်ဒယ်ကို ၉၉၉ ဒေါ်လာ (မြန်မာငွေ ၁၅ သိန်းကျော်) နဲ့၁၀၉၉ ဒေါ်လာ (မြန်မာငွေ ၁၇ သိန်း ခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။ ဒီဖုန်းတွေဟာ ကျောဘက် ထောင်လိုက် dual cameras ၊ အရင် processor ထက် ၃၀% ပိုမြန်တယ်ဆိုတဲ့ Apple ရဲ့ A12 Bionic chip သစ် ၊ ပိုမိုမြန်ဆန် စိတ်ချရတဲ့ Face ID အပြင် dual SIM စနစ် ပံ့ပိုးချက်တွေ ပါဝင်လာပါတယ်။

iPhone XS/XS Max တို့ဟာ IP68 rating ရေစိုခံပြီး wireless charging ပံ့ပိုးမှု ပါလာပြီး storage ကိုတော့ အနိမ့်ဆုံး 64GB ကနေ အမြင့်ဆုံး 512GB အထိ ဗားရှင်း ၃ မျိုးနဲ့ထွက်လာပါတယ်။ ဒီပရီမီယံတန်း အမြင့်ဖုန်းနှစ်မျိုးနဲ့အတူ Apple ဟာ LCD display သုံး တန်ဖိုးနည်း iPhone XR ကို မိတ်ဆက်ထားပါတယ်။

Photo: cultofmac

 

လောလောဆယ် Apple အနေနဲ့iPhone ရောင်းအားတွေ ထင်သလောက် တက်လာဖို့မရှိဘူးဆိုတဲ့ ဟောကိန်းတွေ ထွက်လာပေမယ့် သူ့မှာ အမာခံ fan တွေ ရှိနေတာကိုတော့ ငြင်းလို့မရပါဘူး။ 

Share

Loading Next Article...
က္က