MacBook ဈေးနီးပါးပါပဲ။

iPhone တွေ ဈေးမချိုဘူးဆိုတာ လူတိုင်း သိပါတယ်။ ဒီထဲကမှ 512GB မော်ဒယ် iPhone XS Max ကတော့ တော်ရုံတန်ရုံ ဈေးကြီးတယ်ဆိုတာထက် လွန်သွားပါပြီ။



screen-shot-2018-09-12-at-10-38-21-am.png

Photo: Game Revolution

 

Apple ဟာ ကုမ္ပဏီသမိုင်းမှာ ဈေးအကြီးဆုံးနဲ့မျက်နှာပြင်အကြီးဆုံး iPhone XS Max ကို စက်တင်ဘာ ၁၂ ရက်နေ့ညက မိတ်ဆက်ခဲ့တာပါ။ မျက်နှာပြင် ၆.၅ လက်မ OLED panel သုံး ဒီဖုန်းဟာ အရင်နှစ် iPhone X ဒီဇိုင်းကိုပဲ ပြန်သုံးလာတာ ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် iPhone XS Max ဟာ Samsung ရဲ့ အကြီးဆုံး Galaxy Note 9 ထက်တောင် ပိုကြီးပါတယ်။

ခပ်ကြီးကြီး notch display နဲ့လာပြီး မှန်ကိုယ်ထည်ကိုမှ stainless steel ဘောင်ကွပ်ထားတာ ဖြစ်ပါတယ်။ OLED panel ကြောင့် iPhone XS Max ရဲ့ ရုပ်ထွက်ဟာ 2688 x 1242 pixel ရုပ်ထွက် ပါရှိလို့iPhone လောကမှာ အကောင်းဆုံး screen ပါလာတဲ့ ဖုန်းလို့ဆိုရမှာပါ။

ကိုယ်ထည်တစ်ခုလုံးဟာ ရေစိုဖုန်တင်ခံနိုင်စွမ်းကို IP68 rating အထိ အဆင့်မြှင့်တင်လိုက်တာ ဖြစ်လို့ရေအနက် ၆ ပေခွဲလောက်ကို မိနစ် ၃၀ အထိ အစိမ်ခံနိုင်တယ်လို့ဆိုပါတယ်။

ဒီနှစ် iPhone သစ်တွေမှာ စိတ်ဝင်စားစရာ ကောင်းတာတစ်ခုက 7nm process နဲ့ပထမဆုံး ထုတ်ထားတဲ့ A12 Bionic chips တွေ သုံးလာတာပါ။ ဒီ processor ဟာ octa-core Neural Engine စနစ်လည်း ထည့်သွင်းထားတယ်လို့Apple က ကြေငြာထားပါတယ်။

ကင်မရာပိုင်းမှာ 12MP dual cameras စနစ် နဲ့7MP ရှေ့ကင်မရာတွေ ပါရှိပါတယ်။ ဆော့ဖ်ဝဲလ်ကနေ ဓါတ်ပုံရိုက်ပြီး Portrait Mode ကို ပြန်ညှိပေးမယ့် စနစ်လည်း ပါဝင်မှာပါ။

dual cameras စနစ်လိုပဲ eSIM နည်းပညာသုံးထားတဲ့ dual SIM စနစ်သုံးထားတာက တကယ့်စိတ်လှုပ်ရှားစရာအပြောင်းအလဲ ဖြစ်ပါတယ်။ တရုတ်လို အာရှဈေးကွက်မှာတော့ ရိုးရိုး SIM နှစ်ကဒ်သုံး စနစ်နဲ့ပဲ ထွက်လာမှာပါ။ ဘက်ထရီသက်တမ်းအနေနဲ့အရင် iPhone 8 Plus ထက် စာရင် ၁ နာရီခွဲ ပိုပြီး အသုံးခံလာမယ်လို့ဆိုပါတယ်။ ဖုန်းအားလုံးကတော့ wireless charging စနစ် ပါဝင်လာမှာ ဖြစ်ပါတယ်။

Photo: 9to5Mac

 

iPhone XS Max ဟာ 64GB/256GB နဲ့512GB သုံးမျိုးနဲ့ထွက်လာပြီး အနိမ့်ဆုံးမော်ဒယ်ကို ၁၀၉၉ ဒေါ်လာ (မြန်မာငွေ ၁၇ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။ 256GB မော်ဒယ်ကိုင်မယ်ဆိုရင်တော့ ၁၂၄၉ ဒေါ်လာ (မြန်မာငွေ ၁၉ သိန်းခွဲ) နီးပါး ကျသင့်မှာ ဖြစ်ပါတယ်။ အမြင့်ဆုံး 512GB ကတော့ ၁၄၉၉ ဒေါ်လာ (မြန်မာငွေ ၂၂ သိန်းခွဲကျော်) ဈေးဖြစ်လို့ MacBook တစ်လုံးဈေး ပါပဲ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က